မြန်မာအင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ရောက်ရှိ - Freedom House 

Freedom House အဖွဲ့ရဲ့ ၂၀၂၁ အစီရင်ခံစာ (ဓာတ်ပုံ- Courtesy)

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ Freedom House အဖွဲ့ကပြောပါတယ်။

ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာထုတ်ပြန်နေတဲ့ ဝါရှင်တန် ဒီစီအခြေစိုက် Freedom House အဖွဲ့ရဲ့ ဒီကနေ့အစီရင်ခံစာထဲမှာ အဲဒီလို အပြင်းအထန် ဝေဖန်ထားတာပါ။

နိုင်ငံတခုချင်းစီရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို အဆင့် ၁ အနိမ့်ဆုံးနဲ့ အဆင့် ၁၀၀ အမြင့်ဆုံးအဖြစ် အဆင့်ခွဲခြားသတ်မှတ်တာမှာ မြန်မာနိုင်ငံကို မနှစ်ကထက် ၁၄ ဆင့်လျှော့ချပြီး အဆင့် ၁၇ မှာ သတ်မှတ်ထားတာပါ။ ဒါဟာ Freedom House အဖွဲ့က စပြီး မှတ်တမ်းတင်ခဲ့ကတည်းကဆိုရင် အဆင့်အများဆုံး ကျဆင်းမှုဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာကိုပဲ အင်တာနက်အပိတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ဒေသခံတဦးကတော့ အင်တာနက်ပိတ်တာဟာ လူတယောက်ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ ခံစားရတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ဘက်က ပြောမယ်ဆိုရင်တော့ အစစအရာအရာပေါ့၊ တဦးနဲ့တဦးချိတ်ဆက်ပြီးတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်နေတဲ့ အနေအထားဆိုတော့ ပြည်တွင်းက ဖြစ်ပျက်နေတာတောင်မှ ကျနော်တို့အဆက်အသွယ်တွေ အကုန်ပျက်သွားအတွက် ကျနော်တို့လူ့အခွင့်အရေးတွေ အကုန် ဆုံးရှုံးတယ်။ လူတယောက်ရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ အဲလိုပဲခံစားရတယ်။ ကျနော့် အနေနဲ့ကတော့။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အင်တာနက်ကို ပိတ်ပစ်ခဲ့တာ၊ ဆိုရှယ်မီဒီယာကို ပိတ်ပင်တာ၊ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို ရုပ်သိမ်းခဲ့တာ၊ နည်းပညာကုမ္ပဏီတွေဆီကနေ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေးဖို့ အတင်းအကျပ်တောင်းယူခဲ့တာ စတဲ့လုပ်ရပ်တွေကို Freedom House အဖွဲ့က ထောက်ပြထားပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေရဲ့ မိုဘိုင်းဖုန်းတွေထဲက အချက်အလက်တွေကိုရယူဖို့ အာဏာသိမ်းစစ်ကောင်စီဟာ အစ္စရေးလ်၊ အမေရိကန်နဲ့ ဆွီဒင်ကုမ္ပဏီတွေဆီကနေ ဝယ်ယူခဲ့တဲ့ နည်းပညာကို သုံးခဲ့ဖွယ်ရှိတယ်လို့ Freedom House အဖွဲ့က ရေးထားပါတယ်။

ဆန္ဒပြသူတွေသာမက အင်တာနက်အသုံးပြုတဲ့ သာမန်လူတွေပါ အွန်လိုင်းပေါ်မှာ ပြောဆို ရေးသားတာတွေကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာ၊ လက်စဖျောက်ခံရတာတွေ ရှိခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

........................................................................................

Your browser doesn’t support HTML5

မြန်မာအင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ရောက်ရှိ - Freedom House



(Unicode)



COVID 19 ရောဂါ တိုကျဖကြျဖို့အတှကျ ကမ်ဘာ ကို ပေးထားတဲ့ ကတိကဝတျ ကို အိန်ဒိယ က ကာကှယျဆေး ပိုမိုထုတျလုပျပွီး ဖွည့ျဆညျးမှာ ဖွဈတယျ လို့ ဝနျကွီး Mansukh Mandaviya က ဆိုပါတယျ။ ဒါပမေဲ့ အိန်ဒိယ နိုငျငံသားတှေ ကို ကာကှယျဆေး ထိုးပေးရေး က အိန်ဒိယ ရဲ့ ထိပျဆုံး ဉီးစားပေး ဖွဈပါတယျ လို့ သူ က ဆကျ ပွောပါတယျ။

