(Zawgyi / Unicode)
တရုတ်နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးသားလုံခြုံရေး အခြေခံနဲ့ ပြန်လည်သုံးသပ်ရေး စည်းမျဉ်းတွေကို စနေနေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။
ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စိစစ်ဆောင်ရွက်လာမယ့် အလားအလာ ရှိပေမယ့်လည်း ဒါဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသဘော မဟုတ်ဘူးလို့လည်း တရုတ်က ခုခံ ပြောဆိုထားပါတယ်။
အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က ကြေညာလိုက်တဲ့ ပြန်လည်သုံးသပ်မယ့် အစီအစဉ်အရ စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပါသလို စွမ်းအင်၊ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေး၊ အင်တာနက်နည်းပညာနဲ့ ဘဏ္ဍာရေးကဏ္ဍလို လုပ်ငန်းနယ်ပယ်တွေမှာ အစုရှယ်ယာတွေကို ထိန်းချုပ်မှာ ဖြစ်ပါတယ်။
NDRC နဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတွေက ဦးဆောင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လုံခြုံရေးအရ ပြန်လည်သုံးသပ်မယ့် အဖွဲ့ကို ဖွဲ့စည်းမှာပါ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးသားလုံခြုံရေးအရ ပြန်လည်သုံးသပ်မယ့် စည်းမျဉ်းသစ်တွေကတော့ ရက် ၃၀ အတွင်း စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)