Forbes ၂၀၁၆ ကမ္ဘာ့ သြဇာအရှိဆုံး အမျိုးသမီး ၁၀၀အနက် ဒေါ်စုပါဝင်

Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ။

ကမ္ဘာပေါ်မှာ သြဇာ အာဏာအရှိဆုံး အမျိုးသမီးတွေ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာမှာ ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် Angela Merkel က သြဇာအာဏာ အရှိဆုံး အမျိုးသမီးအဖြစ် ခြောက်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ သတ်မှတ်ခံရပါတယ်။

နှစ်စဉ် ထုတ်ပြန်ကြေငြာတဲ့ ဒီစာရင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပရဟိတ၊ နည်းပညာနဲ့ မီဒီယာ နယ်ပယ် အသီးသီး က သြဇာ အာဏာအရှိဆုံး အမျိုးသမီးတွေ ပါဝင်ပါတယ်။

အခုနှစ်မှာ သြဇာအာဏာအရှိဆုံး အမျိုးသမီး နံပါတ်နှစ်အဖြစ် ဒုတိယ အကြိမ်မြောက် သတ်မှတ်ခံရတာကတော့ အမေရိကန် သမ္မတ လောင်းဖြစ်ဖို့ အလားအလာရှိနေတဲ့ ဟီလာရီ ကလင်တန် ဖြစ်ပါတယ်။

နံပါတ်သုံး နေရာမှာတော့ အမေရိကန် ဗဟို အစိုးရ ရန်ပုံငွေအဖွဲ့ရဲ့ ဥက္ကဌ Janet Yellen ရှိနေပါတယ်။

နံပါတ်လေးကတော့ ဘီလ်ဂိတ်ရဲ့ ဇနီးနဲ့ Bill and Melinda Gate ဖောင်ဒေးရှင်းရဲ့ ပူးတွဲ တည်ထောင်သူ ဖြစ်သူ မယ်လင်ဒါ ဂိတ်ဖြစ်ပါတယ်။ နံပါတ်ငါး နေရာကတော့ ဂျင်နရယ် မော်တာ (GM) မော်တော်ကား ကုမ္ပဏီရဲ့ စီအီးအို Mary Barra ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ကတော် မီရှဲ အိုဘားမားက နံပါတ် ၁၃၊ ထိုင်ဝမ် သမ္မတ ချန်အင်ဝမ်က နံပါတ် ၁၇နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အကြံပေး ဒေါ်အောင်ဆန်းစုကြည်တို့က နံပါတ် ၂၆ နေရာမှာ အသီးသီး ရှိနေပါတယ်။

http://www.forbes.com/profile/aung-sun-suu-kyi/?list=power-women

Your browser doesn’t support HTML5

Forbes ၂၀၁၆ ကမ္ဘာ့ သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ အနက်ဒေါ်စုပါဝင်