ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

ထိုင်း-မြန်မာနယ်စပ်အနီး ဘုရားသုံးဆူရှိ စစ်ဆေးရေးဂိတ်တခု။ (နိုဝင်ဘာ ၇၊ ၂၀၁၀)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ မနေ့ မေလ ၂၉ ရက်နေ့ည ၁၀ နာရီကျော်လောက်က ပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စာသင်ကျောင်း ၃ ကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပထမပေါက်ကွဲမှုဟာ ည ၁၀ နာရီ ၁၀ မိနစ်မှာ ဖြစ်သွားခဲ့ပြီး ဒုတိယပေါက်ကွဲမှုကတော့ ည ၁၀ နာရီ ၃၃ မိနစ်မှာ ဖြစ်သွားခဲ့တာလို့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားပြီး အဲဒီ ပေါက်ကွဲတဲ့အသံတွေကို ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီပြည်နယ်၊ Phra Chedi Sam Ong နယ်စပ်ဂိတ်အထိ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

SEE ALSO: လုံခြုံရေးအတွက် သတိထားဖို့ ရန်ကုန်အမေရိကန်သံရုံး တိုက်တွန်း

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခြေအနေ စောင့်ကြည့်ဖို့အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသကို ထိုင်းစစ်သားတချို့ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်း သတင်းမီဒီယာတွေမှာတော့ ပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူ အထက်တန်းကျောင်းရုံးခန်း မီးလောင်ပျက်စီးသွားပြီး တခြား အထကမူလွန်ကျောင်း ခြံစည်းရိုးလည်း ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

အခင်းဖြစ်တဲ့နေရာကို စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို ဒေသခံ ၆ ဦးကိုလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ စာရင်းတော့ မသိရသေးပါဘူး။

Your browser doesn’t support HTML5

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

------------------------

(Unicode)




SEE ALSO: ရန်ကုန်မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်၊ လူသေဆုံးမှုရှိ



