ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ UEFA EURO 2024 ဘောလုံးပွဲတွေ ရှုံးထွက်အဆင့် ရောက်ရှိလာပြီး၊ ဒီနေ့ စနေနေ့မှာ ပထမဆုံးပွဲအနေနဲ့ အီတလီ နဲ့ ဆွစ်ဇလန်, ဂျာမဏီ နဲ့ ဒိန်းမက်တို့ ကစားကြမှာ ဖြစ်ပါတယ်။
ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲကျရင် လက်ရှိ Euro ဖလားချန်ပီယံ အီတလီအသင်းနဲ့ ဆွစ်ဇလန်အသင်းပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အီတလီအသင်းက အကောင်းဆုံး ဘောလုံးသမားတယောက်ဖြစ်တဲ့ Riccardo Calafiori ကတော့ ပြီးခဲ့တဲ့ ပွဲတွေတုန်းက အဝါကဒ် ၂ ခါ ပြခံထားရတဲ့အတွက်၊ အခုပွဲမှာ ဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ သူမပါတဲ့အတွက် ဆွစ်ဇလန်အသင်းအတွက် တပန်းသာနိုင်တယ်လို့ ဘောလုံးအကဲခတ်တချို့က မှတ်ချက်ပေးထားကြပါတယ်။
ဂျာမဏီ နဲ့ ဒိန်းမက် ပွဲကတော့ Dortmund မြို့မှာ ကစားကြမှာဖြစ်ပြီး၊ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။ ဂျာမဏီအသင်းဟာ အုပ်စု A မှာ ဂိုးအများဆုံးနဲ့ အုပ်စုထိပ်ဆုံးအဆင့်မှာ ရှိနေပေမဲ့ ဒိန်းမက်နဲ့ အရင်ကန်ခဲ့ဖူးတဲ့ ၄ ပွဲမှာ ၃ ပွဲက သရေဖြစ်ခဲ့တာမို့ အခုတခေါက်မှာလည်း ၂ သင်းလုံးက အနိုင်ရအောင် အကြိတ်အနယ် ကန်ကြမယ့်ပွဲလို့ ဘောလုံးအကဲခတ်တွေ သုံးသပ်နေကြပါတယ်။
နိုင်ငံတကာပွဲကြီးတွေမှာ ဂျာမဏီအသင်းနဲ့ ဒိန်းမက်အသင်းတို့ ကန်ခဲ့တာ အခုဆို ၅ ကြိမ်မြောက် ဖြစ်ပါတယ်။ EURO 1992 တုန်းက ဒိန်းမက်က ၂ ဂိုး ဂိုးမရှိနဲ့ ဂျာမဏီကို နိုင်ခဲ့ဖူးပါတယ်။