ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးကိစ္စလွှတ်တော်ကနေဆုံးဖြတ်ချက်ချနိုင်ဖို့အရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရ တဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက ဆုံးဖြတ်ချက်မှုကြမ်းထွက်ပေါ်လာရေး ဗြိတိန်ပြည်သူတွေသူ့ဘက်ကနေရပ်တည်ပေး ကြဖို့ မနေ့ကပဲတိုက်တွန်းလိုက်ပါတယ်။
ခွဲထွက်ရေး သဘောတူညီချက်ရဖို့ကမ်းလှမ်းချက်က ဗြိတိန်ကို လက်အောက်ခံ နိုင်ငံတခု အဖြစ်ပြောင်းလဲသွားစေလိမ့်မယ်ဆိုပြီး သူ့ရဲ့ပါတီတွင်းကပဲ ဝေဖန်မှုတွေရှိနေတာပါ။အီးယူဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်လိုကြောင်း လူထုဆန္ဒခံယူမှုလုပ်ခဲ့တာ ၂နှစ်ကျော်ရှိလာပါပြီ။ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါဇင်ဝက်လောက်ရှိတဲ့ ဝန်ကြီးတွေလည်း ရာထူးကနေအနားယူခဲ့ကြပါပြီ။
ဗြိတိန်အောက်လွှတ်တော်အတွင်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တော် တော်အငြင်းပွါးနေကြတာပါ။ ဒုတိယကမ္ဘာစစ်ကာလအစပိုင်းမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန်လွှတ်တော်ကနေ ထွက်သွားရတဲ့အဖြစ်အပျက်လို ဖိအားပေးမှုမျိုးတွေ ဝန်ကြီးချုပ်ထရီဆာမေ အခုရင်ဆိုင်နေရတာပါ။
ဒါပေမဲ့လည်း ဝန်ကြီး ချုပ်မေကတော့ ခွဲထွက်ရေးသဘောတူညီချက်ကိုရရှိရေးဆက်ပြီးခုခံနေတုန်းပါပဲ။ အကောင်းဆုံးသဘောတူညီချက်ရနိုင် ဖို့ ညှိနှိုင်းမှုတွေလုပ်ထားတယ်လို့ ဝန်ကြီးချုပ်မေက မနေ့ရေဒီယိုမေးမြန်းခန်းတခုမှာပြောခဲ့ပါတယ်။ ခွဲထွက်ရေးကိစ္စ သဘောတူညီမှုကမ်းလှမ်းချက်အတွက် တခြားလမ်းရွေးစရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တခြားလမ်းကြောင်းတွေက ဗြိတိန်အတွက်ပဲဖြစ်ဖြစ် ဥရောပသမဂ္ဂအတွက်ပဲဖြစ်ဖြစ် ပိုပြီးလက်ခံနိုင်စရာမရှိတဲ့လမ်းကြောင်းတွေဖြစ်နေတာကြောင့်လို့ ဝန်ကြီးချုပ်ထရီဆာမေကပြောပါတယ်။
Your browser doesn’t support HTML5