ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေးခေါင်းဆောင် Alexander Borodai အပါအဝင် နိုင်ငံအရှေ့ခြမ်းက Russia လိုလားသူခွဲထွက်ရေးခေါင်းဆောင် ၁၁ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုလုပ်လိုက်ပြီလို့ EU ဥရောကသမဂ္ဂက ပြောပါတယ်။
ခွဲထွက်ရေးခေါင်းဆောင်တွေက အဲဒီဒေသကို လွတ်လပ်ရေးကြေညာပြီး ယူကရိန်း အစိုးရတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ Mr. Borodai က Russia နိုင်ငံသားဖြစ်ပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Donetsk ဒေသမှာ သူ့ကိုယ်သူ ဝန်ကြီးချုပ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံက ပဋိပက္ခနဲ့ ပတ်သတ်ပြီး EU က လူပုဂ္ဂိုလ်တော်တော်များများနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားလိုက်ပါပြီ။
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက သူ့အဆို ရွံစရာကောင်းလှတဲ့ ရိုက်နှက် နှိပ်စက်တဲ့ အထောက်အထားတွေကို Video တွေ ဓာတ်ပုံတွေနဲ့တကွ ရရှိထားတယ်လို့ Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးက ပြောပါတယ်။ ယူကရိန်း အစိုးရတပ်တွေဘက်ကလည်း အခွင့်အရေး ချိုးဖောက်မှုတွေ နည်းနည်းလုပ်တဲ့ အထောက်အထားတွေလည်း ရှိတယ်လို့ Amnesty ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။
နောက် သီးခြားဖြစ်ရပ်တခုမှာတော့ ယူကရိန်းအရှေ့ခြမ်းမှာ သူပုန်တွေက ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ စစ်သား ၁၉ ဦးမက သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်ရှင်။