Brexit နုတ်ထွက်မှု ဗြိတိန်ကို အောက်တိုဘာ ၃၁ အထိ ရက်တိုးပေးဖို့ EU သဘောတူ

ဗြိတိန်နိုင်ငံ EU ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ဖို့ ၄၈ နာရီတောင် မလိုတော့တဲ့ အချိန်မှာပဲ ဗြိတိန်- EU ကနေ နုတ်ထွက်မယ့် ရက်ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးပေးမယ်လို့ EU ဘက်က ကမ်းလှမ်းလိုက်ပါတယ်။ ဧပြီလ ၁၂ ရက် သောကြာနေ့မှာ ဘာသဘောတူညီချက်မှ မပါဘဲ ဗြိတိန်- EU ကနေ နုတ်ထွက် ရမယ့် အဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့နဲ့ ဗြိတိန်နိုင်ငံရေး ပရမ်းပတာ မဖြစ်စေရေး အတွက် EU ခေါင်းဆောင်တွေက ကမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။

EU ခေါင်းဆောင်တွေရဲ့ ဘရပ်ဆဲလ်က အရေးပေါ် အစည်းဝေး မကျင်းပခင်မှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နောက်ဆုံး သတ်မှတ်ရက်ကို ဧပြီ ၁၂ ရက် သောကြာနေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ တိုးပေးဖို့ ပန်ကြားခဲ့တာပါ။

EU ခေါင်းဆောင်တွေက ဗြိတိန် EU ကနေ နုတ်ထွက်ဖို့ ရက်ကို မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ တိုးပေးခဲ့တာ ဖြစ်ပြီး ဝန်ကြီးချုပ် May ပြောတဲ့ ဇွန်လ ၃၀ ရက်နေ့ အထိလည်း ဗြိတိန် အမတ်တွေကြား သဘောတူညီမှု ရမယ်လို့ ယုံနိုင်စရာ အကြောင်း သိပ်မရှိဘူးလို့ ဥရောပ ကောင်စီ အကြီးအကဲ Donald Tusk က အစောပိုင်းမှာ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ အောက်တိုဘာ လကုန်အထိ ရက်တိုးပေးဖို့ EU ခေါင်းဆောင်တွေကြား သဘောတူညီချက် ရပြီဖြစ်ကြောင်း ဥရောပ ကောင်စီ အကြီးအကဲ Tusk က သူ့တွစ်တာ လူမှုကွန်ယက်မှာ အတည်ပြုရေးသားခဲ့တာပါ။

အခုလို အီးယူဘက်က ကမ်းလှမ်းလိုက်တဲ့ ဗြိတိန်- EU ကနေ နုတ်ထွက်မယ့် ရက်ကို ဗြိတိန်ဝန်ကြီးချုပ် May လက်ခံမှု ရှိမရှိတော့ မသိရသေးပါဘူး။

Your browser doesn’t support HTML5

Brexit နုတ်ထွက်မှု ဗြိတိန်ကို အောက်တိုဘာ ၃၁ အထိ ရက်တိုးပေးဖို့ EU သဘောတူ