ပြည်သူက ရွေးချယ်မှုမှန်ရင်

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

အခု ကျနော်တို့ ဒီ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်ပေါ့လေ။ အဲဒါ အများစုကလည်း ဒီနေ့ကိုပဲ မျှော်လင့်တောင့်တနေ ကြတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲသည်သာလျှင် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံး ပြောင်းလဲနိုင် စရာ ဒါ တခုတည်းသောလမ်း ဖြစ်နေတယ်ပေါ့နော်။

ပါတီတွေကလည်း ဝင်ပြိုင်ကြမယ်၊ သူ့အပိုင်းနဲ့သူလည်း တတ်နိုင်သမျှ ပြည်သူကို စည်းရုံးနေတာပေါ့။ စည်းရုံးတဲ့အပိုင်းမှာတော့ အားရ တာလည်းရှိ၊ အားမရတာလည်း ရှိပေါ့လေ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် Something is better than nothing ဆိုသလိုပဲ၊ တစုံတရာကတော့ ကျနော်တို့ ထူးခြားလာမယ်။ ပိုကောင်းလာမယ်လို့ ဒါ ပြည်သူ အများစုက မျှော်လင့်ပါတယ်။

အရင် ကျနော်တို့က ဥပဒေပြဌာန်းတာ၊ တစုတဖွဲ့တည်းက ပြဌာန်းတာမျိုးကနေ နောက်ပိုင်းဆိုရင် ညှိညှိနှိုင်းနှိုင်းနဲ့ လွှတ်တော်တွေမှာ ဆွေးနွေး၊ ပြီးတော့…. အတည်ပြုကြမယ်။ နောက် စီးပွားရေးလုပ်ငန်းတွေ၊ စည်းပွားရေးပေါ်လစီတွေ ချမှတ်တဲ့နေရာမှာလည်း ပြည်သူက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ ပိုပြီးတော့ ကောင်းအောင် ညှိနှိုင်း ဆောင်ရွက်ကြမယ်၊ အဲဒီလိုနည်းနဲ့ ကျနော်တို့ အခြေ အနေ အရပ်ရပ်ကြောင့် ခေတ်နောက်ကျခဲ့တဲ့ ကျနော်တို့ နိုင်ငံကြီးဟာ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနဲ့ Coorperation ရော Coordination ရော ၂ ခုလုံး ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်သွားခြင်းအားဖြင့် ပိုမိုကောင်းမွန်လာသော နိုင်ငံတော်သစ်ကို ရောက်လာမယ်လို့ ကျနော်တို့ ပြည်သူတွေအနေနဲ့ ယုံကြည်ပါတယ်။

အရွေးမမှားဖို့ကတော့ ပြည်သူအားလုံးက သူ့အပိုင်းနဲ့သူ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ သူ့ရဲ့ ဘဝအတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့ ရွေးချယ်ကြမှာပါ။ အဲဒီအတွက်လည်း ပြည်သူအများကို အထင်သေးထားတာ ရှိတာပေါ့လေ။ ပြည်သူတွေက နိုင်ငံရေးအသိပညာ နားမလည်ဘူး၊ ဘာ…ညာ … ဒီလို ပြောတယ်။ မဟုတ်ပါဘူး။ ကျနော်သိထားသမျှတော့ ပြည်သူတွေဟာ သူ့အတိုင်းအတာနဲ့သူ အသိပညာ ဗဟုသုတရယ်၊ စဉ်းစားဆင်ခြင်တဲ့ ဉာဏ်ရည်ရယ် ရှိတယ်ဆိုတာ ကျနော်တို့ အောက်ခြေလူတန်းစားတွေရော၊ လူလတ်တန်းစားတွေရော၊ ကျနော်တို့ ထိတွေ့နေတဲ့သူတွေပီပီ မီဒီယာသမားပီပီ ကျနော်သိပါတယ်။

အဲဒီလိုပဲ ကျနော် နိုင်ငံရေးပါတီတော်တော်များများ ခေါင်းဆောင်များနဲ့ လိုက်လံတွေ့ဆုံ ဆွေးနွေးတဲ့အခါတွေမှာလည်း အားလုံး တူညီချက်ကတော့ စုပေါင်းညီညာစွာနဲ့ ပိုမို ကောင်းမွန်သော စနစ်တခုကို ထူထောင်ကြမယ် ဆိုတဲ့သူတွေချည့်ပါပဲ။

သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် နိုင်ငံကောင်းအောင်လုပ်ကြမယ့်သူတွေ များပါတယ်။ အဲဒီအချိန်မှာမှ ကျနော်တို့ ပြည်သူကလည်း မှန်မှန်ကန်ကန် ရွေးချယ်လိုက်နိုင်မယ်ဆိုရင် ကျနော်တို့ရဲ့ နိုင်ငံကြီးဟာ ရှေ့ရှောက် ပိုမိုစိတ်ချ ယုံကြည်စွာနဲ့ ပွင့်လင်းသာယာစိုပြည်တဲ့ နိုင်ငံတော်ကြီးဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို ကျနော်တို့ စောင့်မျှော်နေပါတယ်။ မှန်မှန်ကန်ကန် မျှမျှတတ ဖြစ်လိမ့်မယ်လို့လည်း ကျနော်တို့ယုံ ကြည်ပါတယ်။