မြန်မာပြည်ရဲ့ သမိုင်းမှာ ဒီရွေးကောက်ပွဲဟာ ထူးထူးခြားခြားကို စနစ်တကျ သေသေချာချာလုပ်ပြီးမှ ဖြစ် ကတတ်ဆန်းလုပ်မယ့် ရွေး ကောက်ပွဲလို့ ပြောရမှာပါပဲ။ သေသေချာချာဆိုတာက ဒီ စစ်ဘုရင်တွေဖြစ်အောင် တဘက်က သေချာ အားထုတ်ထားတာပါ။ စစ်ဘုရင်တွေရဲ့ အာဏာမြဲရေးအတွက် ရွေးကောက်ပွဲလုပ်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံကို နှစ်ပေါင်းများစွာ ပိုင်အောင် သေချာလုပ်ထားတာပါ။
နောက်တခါ ရွေးကောက်ပွဲလုပ်ဖို့ကျတော့လည်း တကယ့်ပါတီကြီးတွေ ဝင်မပြိုင်နိုင်အောင်၊ သူတို့ပဲအနိုင်ရအောင် သေချာ စနစ်တကျ ပြင်ဆင်ထားတာပါ။
ဒါပေမဲ့ ရွေးကောက်ပွဲကျတဲ့ အခါကျတော့ ဖြစ်ကတတ်ဆန်း ဖြစ်နေပါတယ်။ ဖြစ်ကတတ်ဆန်းဆိုတာက ရွေးကောက်ပွဲရက် ကြေညာတာ လည်း ဘာမှအချိန်မပေးဘဲ ဖြစ်သလိုလေး ကြေညာလိုက်တာမျိုးနဲ့ ပါတီတွေ ဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့် ပေးတာကျတော့လည်း ဖြစ်ကတတ် ဆန်ပါပဲ။
အဲဒီ အာဏာယူမယ်ဆိုတဲ့ ပါတီကို စနစ်တကျမဟုတ်ဘဲ လူမှုရေးလိုလို၊ ဘာလိုလိုနဲ့ လုပ်နေတဲ့အဖွဲ့ကို ပါတီပြောင်းလိုက်တာမျိုး ဖြစ်ကတတ်ဆန်း လုပ်လိုက်တာပါပဲ။ အဲဒီတော့ ဘာဖြစ်ဖြစ် အာဏာရဖို့အတွက်ပဲ ဖြစ်ကတတ်ဆန်းလုပ်တဲ့ ရွေးကောက်ပွဲပါပဲ။
သေသေချာချာ ထပ်ပြီး ပေါ်လွင်အောင် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေဆိုတာက သတ်မှတ်ထားရုံ လုပ်ထားတာပါ။ လုပ်ချင်တာလုပ်မယ် ဆိုတဲ့ အဓိပ္ပာယ်ပေါက်နေတယ်။ ဥပမာအားဖြင့်- ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူး၊ အရွေးခံခွင့်မရှိဘူး။ ထောင်ကျတဲ့သူတွေဟာ ရွေးကောက်ပွဲမှာ ထောင်ထဲမှာ အချုပ်ခံထားရလူ၊ အမှုရှိနေတဲ့ လူတွေဟာ ရွေးကောက်ပွဲမှာ ဝင်ခွင့်လည်း မရှိဘူး၊ မဲပေးခွင့်လည်း မရှိပါဘူး။
နောက်တခုက အဲဒီလူတွေ ရှိတဲ့ပါတီကိုပဲ ပါတီမှတ်ပုံတင်ခွင့် မရှိဘူး ဆိုပြီး ပြဌာန်းထားပေမဲ့
ဟောဗျာ- ဒေါ်အောင်ဆန်း စုကြည်ကို မဲပေးခွင့်ပေးလိုက်ပြန်ပြီ ဆိုပြီး လုပ်လိုက်ပြန်တယ်။
နောက်တစ်ခုက ရွေးကောက်ပွဲက တစ်လပဲ၊ ၂၉ ရက်ပဲ လိုတော့တယ်။ အဲဒီအချိန်မှာ မဲဆွယ်စည်းရုံးနေပြီးတော့ မဲရဖို့အတွက် ဆူညံနေ အောင် စည်းရုံးနေရမယ့်အချိန်မှာ လက်တွေ့ကတော့ အဲဒီလို ဖြစ်မလာပါဘူး။ ပြိုင်ဘက်ပါတီတွေဆိုတဲ့ ပါတီတွေကလည်း ဘာဖြစ်တုန်း ဆိုတော့ ဘယ်လို မတရားတွေ ခံနေရတယ်၊ ဘယ်လို မတရားတွေ လုပ်နေတယ်၊ ဘယ်လို မမှန်တာတွေ လုပ်နေတယ်ဆိုတဲ့ စကား တွေ ကိုပဲ ပြောနေပါတယ်။
တစ်ခါ တကယ်အာဏာယူမယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီဆိုတာကလည်း လူတွေကို ဘာမျှော်လင့်ချက်မှ မပေးပါဘူး။ ရေဝအောင် တိုက်ပါ့ မယ်ဗျာ… မီးလေး မှန်အောင်လုပ်ပေးပါ့မယ် ဆိုတာလောက်တောင် မပြောဘူး။ အဲဒီတော့ မပြောဘဲနဲ့ ပါတီကို အနိုင်ရအောင်၊ ပါတီဝင် တွေရအောင် မလိမ့်တပတ် စည်းရုံးလို စည်းရုံး၊ အကြိုမဲတွေရအောင် မလိမ့်တပတ် လျှောက်လုပ်၊ အဲဒါမျိုးတွေ လုပ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်။ အလေးအနက် လုပ်နေတာလည်း မတွေ့ရပါဘူး။
ဆူဆူညံညံ ကြားနေရတာက ဘာတုန်းဆိုတော့ ဘယ်ဗိုလ်ချုပ် ကြီးကတော်က ဘယ်မှာနေရာယူဖို့အတွက် စာရင်းတွေ လုပ်နေပြီ… ဘယ်အဆောက်အဦးကြီးကို၊ ဘယ်ဟိုတယ်လ်ကြီးကို၊ ဘယ်လုပ်ငန်းကြီးကို ဘယ်ဗိုလ်ချုပ်ကြီးကတော်က ရလိမ့်မယ်၊ ဘယ်ဗိုလ်ချုပ်ကြီး ကတော်က ယူလိမ့်မယ်။ ဘယ်ဗိုလ်ချုပ်ကြီးသားတွေက ဘယ်မြေတွေကို ဂရံလုပ်လိုက်ပြီ။ ဘယ်ဟာတွေကို ဘာလုပ်လိုက်ပြီဆိုတဲ့ အဲဒီ အသံမျိုးတွေပဲ ကြားနေရပါတယ်။ အဲဒီအသံမျိုးတွေကတော့ ညံနေတာပဲ၊ တတိုင်းပြည်လုံး လူတွေကြားထဲမှာ ပြန့်နေတာပါပဲ။
အဲဒါ ဘာတုန်းဆိုတဲ့ အခါကျတော့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဖော်ပြထားတဲ့အတိုင်းက ပြစ်မှုမှန်သမျှကို ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အတည်ပြုပြီးတာနဲ့ အရေးမယူနိုင်ဘူး ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပိုဒ်ကြီးက ပါနေပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့် ရက်မကုန်ခင်မှာ တိုင်းပြည်က ပစ္စည်းတွေကို တို့ ရသလိုယူမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အားထုတ်နေတာတွေကိုက များနေတာကို ကြားနေရတယ်။
အဲဒီတော့ ရွေးကောက်ပွဲဆိုတာက ရွေးကောက်ပွဲနဲ့လည်း မတူဘူး။ တို့အာဏာ တို့ရအောင် ယူမယ်ဆိုတဲ့ ဟာမျိုးပါပဲ။ အဲဒီတော့ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့်အစိုးရကလည်း အစိုးရပုံလုံးက ပေါ်နေပြီးဖြစ်တယ်။
တ၊ စ၊ ည ပါတီဆိုတာက ဗမာတပြည်လုံးက ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ ပယ်ချခံထားရတဲ့ပါတီပါ။ အဲဒီပါတီကို လူထုက ဘယ်လို ပြန်တင်မြှောက်မလဲ။
နောက်တခါ အဲဒီ ကြံ့ခိုင်ရေးပါတီ- ကြံ့ဖွံ့ပါတီဆိုတာကလည်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ တခါတည်း မျက်မြင်ကိုယ်တွေ့ သံဃာတော် တွေကို သတ်ဖြတ်၊ နှိပ်စက်ခဲ့တဲ့ စွမ်းအားရှင်လို လူတွေ ပါနေတဲ့ အဖွဲ့ပါ။ အဲဒီပါတီကို ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေက၊ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူမျိုးတွေက ဘယ်လိုလုပ်ပြီးတော့ သူတို့ကို ရွေးကောက်ပွဲမှာ မဲပေးမလဲဗျာ။