၀င်ငွေခွန် သက်သာခွင့် မှန်းချက်နဲ့ နှမ်းထွက် ကိုက်ပါ့မလား

ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေကို အရင်က အခွန် ၁၅ ရာခိုင်နှုန်းကနေ လာမယ့် ဘဏ္ဍာနှစ်မှာ အခွန် ၃ ရာခိုင်နှုန်း အထိ အစိုးရက လျှော့ပေးလိုက်ပါတယ်။ အခုလို ဝင်ငွေခွန် လျှော့လိုက်တာကြောင့် ဈေးကွက်ထဲမှာ ငွေကြေး လည်ပတ်မှု ပိုပြီး သက်ဝင်လာမယ်လို့ စီးပွားရေး အသိုင်းအဝိုင်းတွင်းမှာ မျှော်လင့်ချက်တွေ ရှိနေသလို ပုံမှန် အမြတ်ခွန်ထက် သက်သာနေတယ်ဆိုပြီး ဝေဖန်ကြသူတွေလည်း ရှိနေတာပါ။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေကြေးတွေက ဘယ်မှာ စုပုံနေပါသလဲ၊ ဘယ်လို စီးပွားရေး လုပ်ငန်းတွေကနေ ရနေကြသလဲ ဆိုတာတွေကို စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းနဲ့ ဆွေးနွေးပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

Your browser doesn’t support HTML5

ဝင်ငွေခွန် သက်သာခွင့် မှန်းချက်နဲ့ နှမ်းထွက် ကိုက်ပါ့မလား