သိငျ်ဂ ီထိုကျ ။ ။ အဲဒီတော့ Group Tour (အဖှဲ့လိုကျ ခရီးသှား) တှလေား။
သိငျ်ဂ ီထိုကျ ။ ။ ဘယျလို ပုံစံမြိုး လာတာ မြားပါသလဲရှင့ျ။
သိငျ်ဂ ီထိုကျ ။ ။ ဆိုတော့ ၂ မြိုးတော့ ရှိတာပေါ့နောျ ဆရာ။
သိငျ်ဂ ီထိုကျ ။ ။ ဘယျလိုကွောင့ျပါလဲရှင့ျ။
သိငျ်ဂ ီထိုကျ ။ ။ သိသိသာသာ ဖွဈသင့ျသလောကျ ဖွဈမလာဘူးပေါ့နောျ ဆိုလိုတဲ့သဘောက။
Your browser doesn’t support HTML5
(Zawgyi)
ရခိုင် ပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက ခရီးသွားတွေ အဝင်နည်းလာ ပေမယ့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမှာ တရုတ် ခရီးသွားတွေ သိသိသာသာ တိုးလာနေပါတယ်။ ဒါပေမယ့် ZERO BUDGET လို့ ခေါ်တဲ့ ပြည်တွင်းမှာ ငွေချေစရာ မလိုတဲ့ အစီအစဉ်နဲ့ တရုတ် ခရီးသွားတွေကလည်း များလာတာကြောင့် ဧည့်လမ်းညွှန်တွေ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရသင့်သလောက် အလုပ်အကိုင် အခွင့်အလမ်း မရဘူးလို့လည်း ဝေဖန်ကြပါတယ်။
Zero Budget တရုတ် ခရီးသွား အစီအစဉ်တွေက ဘယ်သူတွေ အကျိုးအမြတ် ရစေပါသလဲ ဆိုတာကိုတော့ တရုတ်ဘာသာ ဧည့်လမ်းညွှန် စိုင်းစိုးဟန်နဲ့ မသိင်္ဂ ီထိုက် ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။
စိုင်းစိုးဟန် ။ ။ ဒီနှစ်ကတော့ တိုးတော့ တိုးလာတာပေါ့နော်။ တဆကျော်လောက် တိုးလာတယ်လို့တော့ ပြောလို့ရတာပေါ့။
သိင်္ဂ ီထိုက် ။။ တရုတ် ခရီးသွားတွေက ဘယ်တွေ အသွားများပါလဲ။
စိုင်းစိုးဟန် ။ ။ သူကတော့ စုံတယ်ဗျ။ ကျနော်တို့ ပုဂံ၊ ပြင်ဦးလွင်၊ မန္တလေး။ သူက ၂ ချက် ခွဲထားတယ်ဗျ။ မန္တလေးကို အခြေပြုရင် မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်၊ နေပြည်တော်။ ရန်ကုန်ကို အခြေပြုရင် ရန်ကုန်၊ ပဲခူး၊ ငွေဆောင်။
သိင်္ဂ ီထိုက် ။။ အဲဒီတော့ Group Tour (အဖွဲ့လိုက် ခရီးသွား) တွေလား။
စိုင်းစိုးဟန် ။ ။ Group Tour တွေ များတာပေါ့။
သိင်္ဂ ီထိုက် ။။ ဘယ်လို ပုံစံမျိုး လာတာ များပါသလဲရှင့်။
စိုင်းစိုးဟန် ။ ။ အမျိုးမျိုး ရှိမှာပေါ့နော်။ သူတို့ဟာ သူတို့ ရိုးရိုး လာလည်တာလည်း ရှိတယ်။ အခု နာမည်ကြီးနေတဲ့ Zero Budget Tour ဆိုပြီး လာလည်တာလည်း ရှိတာပေါ့။ အဲဒီ အချိန်ကျရင်တော့လည်း ဒီက ဧည့်လမ်းညွှန်တွေကို သုံးတာပေါ့နော်။ ဥပမာ Zero Budget Tour ဆိုရင်တော့ တခြား ဘာသာစကားပြော ဧည့်လမ်းညွှန်တွေ သုံးချင်လည်း သုံးမှာပေါ့။
သိင်္ဂ ီထိုက် ။။ ဆိုတော့ ၂ မျိုးတော့ ရှိတာပေါ့နော် ဆရာ။
စိုင်းစိုးဟန် ။ ။ ဟုတ်ကဲ့ပါ။ သူတို့ဟာ သူတို့ သပ်သပ် အလည်သက်သက် လာတဲ့ဟာ ရှိမယ်။ နောက်တခုကတော့ ဒီက ဈေးလျှော့ရောင်းထားတဲ့ Zero Budget ဆိုတဲ့ ပုံစံနဲ့လည်း ရှိမယ်။ လောလောဆယ် ဖြစ်နေတာကတော့ Zero Tour တွေက သူတို့က ဧည့်လမ်းညွှန်ခေါ်တာတွေ နည်းနည်း နည်းတာပေါ့နော်။
သိင်္ဂ ီထိုက် ။။ တရုတ်ဘာသာ ဧည့်လမ်းညွှန်တွေ အလုပ်အကိုင် သိသိသာသာ တိုးလာတာ ရှိပါလား။
စိုင်းစိုးဟန် ။ ။ တိုးလာသလား ဆိုတော့လည်း ခါတိုင်းနှစ်ထက် စာရင်တော့ ဒီတိုင်းပါဘဲ။ ဒါပေမယ့် ဝင်လာတာ များတဲ့ အတွက်တော့ နောက်ပိုင်း အသစ် ဧည့်လမ်းညွှန်တွေလည်း အလုပ်အကိုင်တော့ ရကြပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာထက် စာရင်တော့ နည်းနေတယ်လို့ ခံစားရတာပေါ့နော်။ သူတို့ ဝင်လာတဲ့ နှုန်းနဲ့ စာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းက ဒီထက်ပို ရရမှာကိုး။ ဒီထက်ပို မရဘူးလို့တော့ ထင်ရတာပေါ့။ ဝင်လာတာက ခါတိုင်းနှစ်ထက် တဆ ကျော်လာတာလေ။ ဒါပေမယ့် လုပ်ငန်းက တဆ ကျော်လာတယ်လို့ မထင်ရဘူး။ အလုပ်အကိုင် အခွင့်အလမ်းက။
သိင်္ဂ ီထိုက် ။။ ဘယ်လိုကြောင့်ပါလဲရှင့်။
စိုင်းစိုးဟန် ။ ။ သူတို့က အများစုဝင်တာ များတာက Zero Budget Tour တွေက ဝင်တာ များတယ်လေ။ Zero Budget Tour တွေက ဝင်တာများတော့ အဲဒီ Tour တွေက သူတို့က ဘယ်လို ပြောမလဲ။ Zero Budget Tour ဆိုတာက ပြောရရင်တော့ ရှည်သွားမယ်။
သိင်္ဂ ီထိုက် ။။ ဟုတ်ကဲ့ ဆရာ။ Zero Budget Tour ဆိုတာကို ရှင်းပြပေးပါရှင့်။
စိုင်းစိုးဟန် ။ ။ Zero Budget Tour ဆိုတာက လာလည်တဲ့ ဧည့်သည်တွေကို ဒီရောက်လာရင် အလကား နီးပါးလောက် လည်ရမယ် ဆိုပြီး ဆွဲဆောင်တဲ့ Tour ပေါ့။ ဒါတော့ မဆန်းတော့ပါဘူး။ သူတို့ တရုတ်ပြည်မှာလည်း လုပ်ထားတယ်။ ထိုင်းတို့ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ အဲဒီမှာလည်း လုပ်ပါတယ်။ တရုတ်က သူ့ရဲ့ ဧည့်သည်ကို အဓိကတော့ ဒီ Zero နီးပါးလောက်ဘဲ ကုန်ရမယ် ဆိုပြီးတော့မှ ဧည့်သည်ကို ဆွဲဆောင်ပြီးမှ လာလည်ခိုင်းတာလေ။
တကယ် လက်တွေ့ကတော့ ၅,၀၀၀ လောက် ကုန်ကျမယ့် ခရီးကို သူတို့က ၁,၀၀၀ လောက်နဲ့ ရောင်းတာပါ။ အဲလိုနဲ့ ဧည့်သည်ကို ဆွဲဆောင်တယ်။ ဆွဲဆောင်ပြီးတော့မှ ဒီရောက်ပြီးရင် သူတို့ရဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေပေါ့နော်။ ကျောက်တွေတို့ ရာဘာ ခေါင်းအုံးတွေတို့ အဲလို ဆိုင်တွေ ခေါ်ပြီးတော့မှ ပစ္စည်း ဝယ်ခိုင်းတဲ့ Tour ကို Zero Budget Tour ခေါ်တာပေါ့။
အဲဒီအချိန်ရောက်တော့ သူတို့က ဧည့်သည်ကို ဈေးပေါပေါနဲ့ အရှုံးခံ ပြီးတော့ ခေါ်လာတာ ဖြစ်တဲ့ အတွက် သူတို့မှာ ရင်းထားတဲ့ ဒီမှာ ကုန်ကျစာရိတ် နည်းလေ သူတို့ အတွက် သက်သာလေဘဲ။ ဒါကြောင့် ဒီကို ရောက်လာရင် ဧည့်လမ်းညွှန်ဆိုရင် တချို့ ကြားနေရတဲ့ အတိုင်း ဆိုရင် ကားတစီးမှာ ဧည့်လမ်းညွှန် တယောက် သုံးရမယ်ဆိုရင် ကား ၂ စီးလောက်မှာ ဧည့်လမ်းညွှန် တယောက်လောက် သုံးတာတို့ ၊ တရုတ် ဘာသာ စကားပြော ဧည့်လမ်းညွှန်တွေကို သုံးမယ့် အစား - အခုက အနောက် အဝင်နည်းတဲ့ အချိန်တော့ တခြား ဘာသာစကားပြော အထူးသဖြင့် အင်္ဂလိပ် ဘာသာစကားပြော ဧည့်လမ်းညွှန်တွေက လောလောဆယ် အလုပ်အကိုင် အခွင့်အလမ်း နည်းနေတာကိုး။
ဘာလို့လည်း ဆိုတော့ ကျနော်တို့ ရခိုင် အနောက်ပိုင်း ပြသနာနဲ့ အနောက် ဥရောပကလည်း ခါတိုင်းနှစ်ထက် အဝင်နည်းတဲ့ အချိန်မှာ သူတို့ အလုပ်အကိုင် အခွင့်အလမ်း နည်းတဲ့ အချိန်ရောက်တော့ ပိုပြီး ဈေးသက်သာတဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်တို့ တခြားဘာသာစကား ဧည့်လမ်းညွှန်တို့ သုံးတာပေါ့နော်။
အဲဒါကြောင့် ဧည့်သည်ကတော့ အဝင်များတယ်။ ဒါပေမယ့် တရုတ် ဘာသာစကားပြော ဧည့်လမ်းညွှန်တွေ အတွက်ရောက်တော့ အလုပ်အကိုင် အခွင့်အလမ်းရောက်တော့ ဧည့်သည်များတာနဲ့ အမျှ များလာတဲ့ နှုန်းထားအတိုင်း မများလာဘူးလို့တော့ ခံစားရတယ်။
သိင်္ဂ ီထိုက် ။။ သိသိသာသာ ဖြစ်သင့်သလောက် ဖြစ်မလာဘူးပေါ့နော် ဆိုလိုတဲ့သဘောက။
စိုင်းစိုးဟန် ။ ။ ဖြစ်သင့်သလောက် ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ငှားလို့ မရအောင် တတ်နိုင်သလောက် Guide ခေါ်စရာမလိုဘူးဆိုရင် မခေါ်တော့ဘူး။ ရှောင်လို့ ရရင် ရှောင်ပစ်လိုက်တယ်။ ဥပမာ ကျနော်တို့ ဥပဒေမှာ - ခရီးသွား ဥပဒေမှာ သတ်မှတ်ထားတာလေ သတ်မှတ်ထားတဲ့ လူဘဲ ရှင်းလင်း ပြသခွင့် ရှိတယ်ဆိုတာ ဒီလို အုပ်စုလိုက် လာလည်တဲ့ အချိန်ရောက်ရင် ပေါ့နော်။ ဒါပေမယ့် သူတို့က အဲဒါလေးကို ရှောင်လို့ ရသမျှလေး ရှောင်လိုက်တယ်။ ငှားစရာ မလိုတဲ့ နေရာဆို မငှားတော့ဘူးပေါ့။
သိင်္ဂ ီထိုက် ။။ အဲဒီတော့ Zero Budget Tour က ဘယ်သူ အကျိုးအမြတ် ရပါလဲ။ မြန်မာပြည်ထဲက ဈေးဆိုင်တွေ အတွက်လား အကျိုးအမြတ်က ဘယ်လို ရှိနိုင်ပါလဲ။
စိုင်းစိုးဟန် ။ ။ အကျိုးအမြတ် ဆိုတာက သူတို့ ကိုယ်တိုင်က အဲဒါကို လောင်းကစား လုပ်တယ်လို့လည်း ခေါ်တယ်။ လောင်းကစား လုပ်တယ်ဆိုတာ သူတို့ ဧည့်သည် တယောက်ကို တရုတ်ငွေ ၃,၀၀၀ လောက် အရှုံးခံတယ် ထားလိုက်၊ ၁၀ ယောက်ကို ၃၀,၀၀၀ ရှုံးတယ်။ အဲဒါ အရှုံးခံပြီး ခေါ်တာနော်။ ဒီက တရုတ်ကုမ္ပဏီတွေက ဒီကို ခေါ်လာလည်တယ်။
လည်ပြီးတဲ့ အခါရောက်တော့ သူတို့ရဲ့ ကျောက်ဆိုင်တွေ သွင်းတယ်။ သူတို့ ကျောက်ဆိုင်တွေ သွင်းတဲ့ အချိန်ရောက်ရင် ဧည့်သည် ဝင်တဲ့ အပေါ် မူတည်ပြီးတော့မှ သူတို့က အဲဒီ ကျောက်ဆိုင်တွေထဲမှာ ဥပမာ အပြင်မှာ ၁၀ ဒေါ်လာ လောက် ရောင်းတဲ့ဟာကို သူတို့မှာ ဒေါ်လာ ၁၀၀ တို့ ဘာတို့ ရောင်းတာပေါ့။ အဲဒီကနေမှ အကျိုးအမြတ် ပြန်ယူတာပေါ့။ အဲဒါကြောင့် သူတို့ သတ်မှတ်တဲ့ ဆိုင်ဘဲ ဝယ်ရမယ်ဆိုတာ သူတို့ သတ်မှတ်တဲ့ ဆိုင်ဘဲ ဝင်ရတယ်ဆိုတာ အဲဒါကြောင့်ဘဲ ဝင်ရတာ။
သိင်္ဂ ီထိုက် ။။ Tour Guide တယောက် အနေနဲ့ ပုံမှန်ပေါ့နော် ရသင့်တဲ့ ဝင်ငွေ ရပါသလား။
စိုင်းစိုးဟန် ။ ။ ရပါတယ် ကျနော်တို့ကတော့။ အလုပ် ရရင်တော့ ရပါတယ်။ Tour Guide တယောက် ဝင်ငွေနဲ့ ကျနော်တို့က ရပ်တည်လို့ ရတယ်။ ကျနော်တို့က ရက်နဲ့ တွက်တာလေ။ ကျနော်တို့က ရတဲ့ အလုပ်ကို ရက်နဲ့ တွက်ရတာပေါ့နော်။ ဥပမာ ၅ ရက် လက်ခံရင် ၅ ရက်ဘဲလေ။ ကျနော်တို့က လစာတော့ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ဒီလို ရာသီချိန်မှာသာ အလုပ်ကို သူရသင့်သလောက် ရရင်တော့ ပုံမှန်တော့ လည်ပတ်နိုင်ပါတယ်။