ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နုတ်ထွက်ဖို့ ကန်ခြိမ်းခြောက်

WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုကို အဖွဲ့ထဲက နှုတ်ထွက်မယ်လို့ သမ္မတ Donald Trump က ကြာသပတေးနေ့က Bloomberg သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ခြိမ်းချောက် ပြောကြား လိုက်ပါတယ်။ ဒါဟာ WTO အပေါ် ဝေဖန် သမ္မတ Trump က နောက်ဆုံးအကြိမ် ထပ်မံ ဝေဖန်လိုက်ပြန်တာလည်း ဖြစ်ပါတယ်။

သမ္မတ Trump က သူပြောတဲ့အတိုင်းသာ လက်တွေ့ လုပ်ဆောင်လိုက်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ WTO အဖွဲ့ကြီးနဲ့ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစံနစ်ကို ထိခိုက်သွားစေနိုင်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ပြည်ထောင်ဟာ မမျှမတ ပြုမှု ဆက်ဆံခံနေရကြောင်း သမ္မတ Trump မကြာခန ဝေဖန် ပြောကြားလေ့ရှိပြီး အဲဒီလို ဖြစ်အောင် WTO က ဖန်တီးပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် WTO ကို အရေးယူနိုင်ဖို့ သူ့အနေနဲ့ လုပ်ဆောင်ကောင်း လုပ်ဆောင်မယ်လို့ သမ္မတ Trump ပြောဆိုထားပေမယ့် ဘယ်လိုပုံနဲ့ ချဉ်းကပ် ဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

Your browser doesn’t support HTML5

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နုတ်ထွက်ဖို့ ကန်ခြိမ်းခြောက်