သမ္မတဟောင်း Donald Trump ဖလော်ရီဒါ နေအိမ်ကို ရောက်ရှိသွားပြီ

(Zawgyi/Unicode)
သမ္မတသစ် Joe Biden ကျမ်းသစ္စာ မကျိန်ဆိုမီ မိနစ်ပိုင်းအလိုမှာပဲ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ် Palm Beachကိုရောက်ရှိသွားပါတယ်။ သူ့ကားတန်းတလျှောက်သူ့ကိုထောက်ခံသူတွေကအလံတွေစာတမ်းတွေဝှေ့ရမ်းပြီး နှုတ်ဆက်ကြိုဆို ခဲ့ပါတယ်။ တစ်ချို့စာတမ်းတွေမှာ သူ့ကို ၂၀၂၄ ခုနှစ်မှာ နောက်ထပ် သမ္မတရွေးကောက်ပွဲပြန်ဝင်ဖို့ တိုက်တွန်းထားပါတယ်။

Trump နဲ့ သူ့ဇနီး Melania Trump တို့ကို သူတို့ရဲ့ လက်ထောက် အနည်းငယ်နဲ့ ဒါဇင် လောက်ရှိတဲ့အိမ်ဖြူတော်သတင်းအဖွဲ့က ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Mar-a-Lago အပန်းဖြေစံအိမ်ကို လိုက်ပါပို့ ဆောင်ခဲ့တာပါ။

အိမ်ဖြူတော်ကနေ ဗုဒ္ဓဟူးနေ့ အစောပိုင်းက Marine One ရဟတ်ယာဉ်နဲ့ နောက်ဆုံးအကြိမ် ထွက်ခွါလာတဲ့ ထရမ့်က မေရီလန်း ပြည်နယ် Andrews အခြေစိုက်စခန်းကို ကနဦးသွားရောက်ခဲ့တာပါ။ အဲဒီမှာ စစ်တပ်ဖွဲ့ရဲ့ ဘင်အဖွဲ့က နှုတ်ဆက်ဂုဏ်ပြုပွဲနဲ့အတူ သေနတ် ၂၁ ချက်ပစ်ဖောက်ပြီး သူ့ကို နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ လူ ၂၀၀ လောက်လည်း အဲဒီပွဲကို တက် ရောက်ခဲ့တာပါ။

အဲဒီမှာ သူက ၁၀ မိနစ်ဝန်းကျင်ကြာ မိန့်ခွန်းစကား ပြောကြားပြီးတော့ အစိုးရအဖွဲ့ ကံကောင်းပြီး အောင်မြင်မှုရစေဖို့ ဆုတောင်း ပေးခဲ့ပါတယ်။Joe Biden ရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ အခြေခံအုတ်မြစ်တွေသူချပေးထားခဲ့ပြီးဖြစ်တာကြောင့် သူတို့ တစ်တွေ အောင်မြင်မှုတွေရမယ်လို့ ယုံကြည်ပါတယ်လို့လည်း ပါပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် လျှော့ပေါ့သဘောထားတာကြောင့် ဝေဖန်ခံနေရတဲ့ သမ္မတ ထရမ့်က ကပ်ရောဂါအကြောင်း ရှားရှားပါးပါး ထုတ်ဖော် ပြောဆိုခဲ့ပြီး တရုတ် ဗိုင်းရပ်စ်ကြောင့် ထိခိုက် ခံစားနေရသူတွေနဲ့ မိသားစုတွေကို အပေါ် စာနာမိတယ်လို့ လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်တဲ့ သမ္မတဟောင်း Trump က တနည်းနည်းနဲ့ သူပြန်လာမယ်လို့ ကတိပေး ခဲ့ပြီးနောက် တစ်နေ့ ပြန်ဆုံကြဦးမယ်ဆိုတဲ့ နှုတ်ဆက်စကားကိုလည်း ဖလော်ရီဒါကို မထွက်ခွာခင် ပြောသွားခဲ့ပါတယ်။

.......................................................

Your browser doesn’t support HTML5

သမ္မတဟောင်း Donald Trump ဖလော်ရီဒါ နေအိမ်ကို ရောက်ရှိသွားပြီ


သမ်မတဟောငျး Donald Trump ဖလောျရီဒါ နအေိမျကို ရောကျရှိသှားပွီ

(Unicode)

သမ်မတဟောငျး Donald Trump ဖလောျရီဒါ နအေိမျကို ရောကျရှိသှားပွီ




