စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကေအန်ယူထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်အချိန်မရွေး ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်ပေါ်လာတိုင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုးတွေ အမြဲလုပ်ဆောင်လေ့ ရှိပါတယ်။ အဲဒီလို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးကာ၊ အိမ်မွေးတိရစ္ဆာန်များ သေကြေထိခိုက်မှုတွေအပြင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအကြောင်း ဒီအပတ် ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
== Unicode ==