မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းခွဲလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ အများစုက နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဒီအထဲမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဥကရစ်ထရွာက ရွာသူရွာသားတွေလည်း ပါပါတယ်။ မြန်မာစစ်တပ်ရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်ရင်းမြစ်ကမ်းတလျှောက် ပြေးလွှားစစ်ရှောင်နေကြတဲ့ ဥကရစ်ထရွာအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
==== Unicode ====