မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ပြုတ်သွားတဲ့ အလုပ်သမား ၁ ဒဿမ ၆ သန်း ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ထုတ်ပြန်ထားပါတယ်။ စက်ရုံအလုပ်ရုံတွေ အများအပြား ပိတ်ကုန်တာနဲ့အမျှ အလုပ်ရှင်တွေက လျော်ကြေးမပေးဘဲ အလုပ်ဖြုတ်တာတွေ သိသိသာသာ ပိုဆိုးလာတယ်လို့ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်အကိုင်ရှားပါးမှုနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တနေ့တခြား ပိုကြုံတွေ့လာနေရတဲ့ စက်ရုံအလုပ်သမားတွေအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။
အလုပ်အကိုင်ရှားပါးမှုနဲ့ ခေါင်းပုံဖြတ်မှုတွေကြား စက်ရုံအလုပ်သမားများ
Your browser doesn’t support HTML5
အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တနေ့တခြား ပိုကြုံတွေ့လာနေရတဲ့ စက်ရုံအလုပ်သမားတွေအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier Myanmar ဝိုင်းတော်သားတွေက တည်းဖြတ်တင်ဆက်ထားပါတယ်။