(Zawgyi / Unicode)
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စနေနေ့ တရက်တည်းတင် ၂၆၀,၀၀၀ လောက် တိုးလာတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်ခဲ့ပြီး ဒါဟာ ၂ ရက်ဆက်တိုက် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
သောကြာနေ့တုန်းကတော့ ကမ္ဘာတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၈,၀၀၀ လောက်ရှိခဲ့တာ ဖြစ်ပါတယ်။
SEE ALSO: အမေရိကန်မှာ COVID ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စနေနေ့ညနေကအထိ ၆၀၀,၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ WHO က ပြောပါတယ်။
အခုလို သေဆုံးသူအရေအတွက် တိုးလာရတာဟာ မနေ့က တရက်တည်းမှာတင် ၇,၃၀၀ လောက် သေဆုံးခဲ့တာကြောင့်ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး တရက်တည်းမှာ ဗိုင်းရပ်စ်ကြောင့် အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။
အခု ဇူလိုင်လထဲမှာ ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှုနှုန်းဟာ ပျမ်းမျှ ၄,၈၀၀ လောက်ရှိတယ်လို့ WHO က ဆိုပါတယ်။
နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတွေ ဖြစ်ပါတယ်။
SEE ALSO: အိန္ဒိယမှာ COVID-19 ကူးစက်သူပိုတိုး၊ ဒေသအများအပြား ကန့်သတ်ချက်တွေ ချထားအမေရိကန်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂,၀၀၀ လောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာ ၄၅,၀၀၀ လောက်ရှိပြီး အိန္ဒိယမှာတော့ ကူးစက်သူ အရေအတွက်ဟာ မနေ့က ၃၅,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံမှာလည်း မနေ့က ရောဂါကူးစက်ခံရသူ ၁၄,၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5
------------------------------
(Unicode)
SEE ALSO: ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၁၄ သန်းကျော်ထဲ အမေရိကန်မှာ ၃.၆ သန်းကျော်ရှိအခုလို သဆေုံးသူအရအေတှကျ တိုးလာရတာဟာ မနေ့က တရကျတညျးမှာတငျ ၇,၃၀၀ လောကျ သဆေုံးခဲ့တာကွောင့ျဖွဈပွီး ဒါဟာ ပွီးခဲ့တဲ့ မလေလယျကစပွီး တရကျတညျးမှာ ဗိုငျးရပျဈကွောင့ျ အမြားဆုံးသဆေုံးတာ ဖွဈပါတယျ။
SEE ALSO: အင်ဒိုနီးရှားမှာ COVID ကူးစက်ခံရမှုနှုန်း တရုတ်ကို ကျော်လွန်အမရေိကနျမှာ မနေ့က ဗိုငျးရပျဈကူးစကျခံရသူ ၇၂,၀၀၀ လောကျနဲ့ အမြားဆုံးဖွဈခဲ့ပွီး ဘရာဇီးနိုငျငံမှာ ၄၅,၀၀၀ လောကျရှိပွီး အိန်ဒိယမှာတော့ ကူးစကျသူ အရအေတှကျဟာ မနေ့က ၃၅,၀၀၀ လောကျရှိတယျလို့ ဆိုပါတယျ။ ဒါ့အပွငျ တောငျအာဖရိကနိုငျငံမှာလညျး မနေ့က ရောဂါကူးစကျခံရသူ ၁၄,၀၀၀ လောကျရှိတယျလို့ ပွောပါတယျ။