COVID-19 ကူးစက်ခံရဖူးသူ ထပ်ကူးနိုင်တဲ့အန္တရာယ် WHO သတိပေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ WHO ရုံးချုပ်။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ရောဂါ ကူးစက်ခံရာကနေ နေပြန်ကောင်းလာပြီး Antibodies ပဋိလှုံ့တုံ့ပြန်ပစ္စည်း ရှိလာသူတွေ နောက်တခါ ရောဂါပိုး မကူးနိုင်ဘူးဆိုတဲ့ အထောက်အထား လောလောဆယ် မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီလ ၂၅ ရက် စနေနေ့မှာ ပြောကြားသွားပါတယ်။

ရောဂါပိုး ကူးစက်ခံပြီးသူတွေမှာ အန္တရာယ်မရှိတော့ဘူး ဆိုတာမျိုး၊ ရောဂါပိုးကို ခံနိုင်ရည်စွမ်း ရှိသွားပြီဆိုတာမျိုး လက်မှတ်တွေထုတ်ပေးဖို့ တချို့နိုင်ငံတွေ စဉ်းစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး WHO က ကြေညာချက်ထဲမှာ သတိပေးထားပါတယ်။

SEE ALSO: ကိုဗစ် ကုသ၊ ကာကွယ်ဆေးကို လူတိုင်းသုံးနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ WHO ဆွေးနွေး

အဲဒီလိုလုပ်မယ်ဆိုရင် လူတွေက အများသတိပေးချက်တွေကို မျက်ကွယ်ပြုထားလိုက်နိုင်လို့ ရောဂါပိုးကူးစက်မှု ပိုများလာနိုင်တယ်လို့ ပြောတာပါ။

ချီလီနိုင်ငံမှာ နေပြန်ကောင်းလာသူတွေကို နေပြန်ကောင်းလာကြောင်း လက်မှတ်တွေ စပြီး ထုတ်ပေးတော့မယ်လို့ အရင်တပတ်ကပဲ ပြောသွားပါတယ်။

နာလံထလာတဲ့ လူနာတွေကို ဆေးစစ်ပြီး သူတို့မှာ ပဋိလှုံ့တုံ့ပြန်ပစ္စည်းရှိတယ်ဆိုတာ အတည်ပြုနိုင်ရင် လုပ်ငန်းခွင်ကို ချက်ချင်းပြန်ဝင်နိုင်ပြီလို့ ချီလီနိုင်ငံမှာ ပြောထားပါတယ်။

Your browser doesn’t support HTML5

COVID-19 ကူးစက်ခံရဖူးသူ ထပ်ကူးနိုင်တဲ့အန္တရာယ် WHO သတိပေး

--------------------------------

(Unicode)

COVID-19 ကူးစကျခံရဖူးသူ ထပျကူးနိုငျတဲ့အန်တရာယျ WHO သတိပေး




SEE ALSO: ဥရောပမှာ COVID-19 ကူးစက်မှုလျော့လာပေမယ့် ကာလအတော်ကြာ ရှိနေနိုင်ကြောင်း WHO ပြော

