ကပ်ရောဂါကို လက်တွဲတိုက်ဖျက်ဖို့ ပျက်ကွက်မှု ကုလအတွင်းရေးမှူးချုပ် ဝေဖန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (စက်တင်ဘာ ၁၈၊ ၂၀၁၉)

(Zawgyi / Unicode)

စည်းလုံးမှုမရှိတဲ့ ကမ္ဘာကြီးဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါရဲ့ စိန်ခေါ်မှုကို ရင်မဆိုင်နိုင်ဘဲ ဖြစ်နေကြောင်းနဲ့ လူသန်းပေါင်းများစွာကို ဆင်းရဲငတ်မွတ်မယ့် ဘေးကနေ ကာကွယ်နိုင်ဖို့အတွက် စုပေါင်းလုပ်ဆောင်ဖို့ လိုနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က စနေနေ့မှာ သတိပေးလိုက်ပါတယ်။

လူပေါင်း ၁ သန်းကျော် သေဆုံးနေရပြီဖြစ်တဲ့ ဒီကပ်ရောဂါကို တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေ လက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် အခုထက်ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

SEE ALSO: ကပ်ရောဂါသင့်ဖွံဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးကြဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

ဒီကပ်ရောဂါဟာ ကမ္ဘာ့လူမှုအသိုင်းအဝိုင်း တခုလုံးအတွက်ရော နိုင်ငံအားလုံးအတွက်သာမက ကုလအတွင်းရေးမှူးချုပ် တယောက်ဖြစ်တဲ့ သူ့အတွက်ပါ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကြီးတခု ဖြစ်နေပေမယ့် ကမ္ဘာ့အသိုင်းအဝိုင်းက ဒီစိန်ခေါ်မှုစာမေးပွဲမှာ ကျရှုံးနေကြောင်း ပေါ်တူဂီသတင်းဌာန Lusa ကို ပြောကြားခဲ့တာပါ။

တကယ်လို့ အတူတကွ လက်တွဲတိုက်ဖျက်ဖို့ မလုပ်ရင်တော့ လာမယ့်နှစ်တွေအတွင်း စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ လူသန်းပေါင်းများစွာကို ဒီဗိုင်းရပ်စ်က ဆင်းရဲငတ်မွတ်ဘေး ကျရောက်စေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ဒီရောဂါဟာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၂၁၀ ကျော်ကို ပျံ့နှံ့သွားခဲ့ပြီး အခုဆို လူပေါင်း ၃၉ သန်းကျော် ဒီရောဂါ ကူးစက်ခံနေရတာပါ။ ဒီအချိန်မှာပဲ အာဖဂန်နစ္စတန်၊ ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ညီညီညွတ်ညွတ် လက်တွဲဖြေရှင်းဖို့ပါ မလုပ်ကြတဲ့အတွက် စိတ်ပျက်စရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ကပ်ရောဂါကို လက်တွဲတိုက်ဖျက်ဖို့ ပျက်ကွက်မှု ကုလအတွင်းရေးမှူးချုပ် ဝေဖန်

-------------------------

(Unicode)





SEE ALSO: “နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး

