COVID-19 ရင်ဆိုင်နေရချိန် စိတ်ကျန်းမာရေး အလေးပေးဖို့ ကုလတိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

(Zawgyi/Unicode)

တကမ္ဘာလုံး COVID-19 ကပ်ရောဂါပြဿနာ ဖြေရှင်းနေရချိန်မှာ အစိုးရတွေအနေနဲ့ စိတ်ကျန်းမာရေးကိုလည်း အာရုံစိုက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကြောင့် မိသားစုတွေ၊ လူမှုအသိုင်းအဝိုင်းတွေမှာ နောက်ထပ် စိတ်ဒဏ်ခံစားကြရတယ်လို့ဆိုပြီး အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

COVID-19 ကပ်ရောဂါကြောင့် ကိုယ်ကျန်းမာရေးကိုတင် မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ အကြီးအကျယ် ထိခိုက်ခံစားကြရတယ်လို့ အတွင်းရေးမှူးချုပ် Guterres ကပြောသွားတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ၊ စိတ်ရောဂါ အခံရှိသူတွေ၊ ကပ်ရောဂါကြီးကို လက်တွေ့ရင်ဆိုင်နေကြရသူတွေရဲ့စိတ်ကျန်းမာရေးအတွက် အင်မတန်စိုးရိမ်စရာဖြစ်နေတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

လက်ရှိကြုံနေရတဲ့ ကပ်ရောဂါအတွင်း စိတ်ကျန်းမာရေးပြဿနာကိုလည်း ကိုင်တွယ် ဖြေရှင်းကြဖို့ အစိုးရတွေ၊ လူထုအခြေပြုအဖွဲ့တွေ၊ ကျန်းမာရေးအာဏာပိုင်တွေကို အတွင်းရေးမှူးချုပ် Guterres ကတိုက်တွန်းပါတယ်။

SEE ALSO: မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ

နေရာတိုင်း လူတိုင်းအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီရရှိမယ့် ကမ္ဘာကြီး ဖန်တီးဖို့ ကုလသမဂ္ဂက ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားတယ်လို့လည်း သူကပြောပါတယ်။

လောလောဆယ် COVID-19 ရောဂါကူးစက်သူ ကမ္ဘာတဝန်းမှာ ၄.၃ သန်းကျော်နဲ့ သေဆုံးသူ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောထားချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ခုလို စိတ်ကျန်းမာရေးထိခိုက်မှုအပေါ် အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

COVID-19 ရင်ဆိုင်နေရချိန် စိတ်ကျန်းမာရေး အလေးပေးဖို့ ကုလတိုက်တွန်း

[Unicode Version]




SEE ALSO: ကိုဗစ်အကြောင်း လူထုပိုသိလာအောင် ဘာသာရေးခေါင်းဆောင်တွေပါ ပူပေါင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း 


