(Zawgyi/Unicode)
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ Wuhan မြို့မှာ သေဆုံးသူဟာ အရင်ထင်ထားတာထက် များတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
Wuhan မြို့က သေဆုံးသူအရေအတွက်ကို မူလစာရင်းထက် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ နောက်ထပ် ၁,၂၉၀ သေဆုံးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာချက်ထုတ်ပြန်တဲ့အတွက် ဒီမြို့မှာ စုစုပေါင်းသေဆုံးသူ ၃,၈၆၉ ယောက်ဖြစ်သွားပါတယ်။ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူ အရေအတွက်ကိုလည်း ၃၂၅ ယောက်တိုးလိုက်တဲ့အတွက် စုစုပေါင်း ၅၀,၃၃၃ ဖြစ်သွားပါတယ်။
SEE ALSO: COVID-19 ကပ်ရောဂါကို အခွင့်ကောင်းယူပြီး ပင်လယ်ပြင်မှာ တရုတ် အင်အားချဲ့နေCOVID-19 ကြောင့် အိမ်တွေမှာ သေဆုံးခဲ့ကြပေမဲ့ တရားဝင်စာရင်းထဲ မဝင်တာမျိုး တချို့ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်ခဲ့တာကြောင့် အရင်စုစည်းတဲ့ စာရင်းတွေထဲ မပါခဲ့တာမျိုးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ တရုတ်နိုင်ငံက သေဆုံးသူ အရေအတွက်တွေဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်းနေတယ်လို့ဆိုပြီး နိုင်ငံခြားက ကျန်းမာရေးတာဝန်ရှိသူတွေက တရုတ်ရဲ့ စာရင်းတွေကို သံသယရှိခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ပြုစုနေတဲ့ COVID-19 ရောဂါဆိုင်ရာ နိုင်ငံတကာစာရင်းအရ ကမ္ဘာတဝန်း COVID ရောဂါဖြစ်ပွားနေသူ ၂,၀၀၀,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၁၅၀,၀၀၀ နီးပါးရှိပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက စုစုပေါင်းကူးစက်သူ ၈၀,၀၀၀ ကျော် သေဆုံးသူ ၄,၆၀၀ ကျော်လို့ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
Wuhan မှာ COVID-19 ကွောင့ျ သဆေုံးခဲ့သူအရအေတှကျ တိုးမွှင့ျကွညော
SEE ALSO: COVID-19 ကုဖို့ မြန်မာအပါအဝင် ယူနန်နယ်စပ်ဒေသတလျှောက် ဆေးရုံ ၂၅ ခု တရုတ်ဆောက်မည်ကွီးမားကယြျပွန့ျတဲ့ တရုတျနိုငျငံက သဆေုံးသူ အရအေတှကျတှဟော တခွားနိုငျငံတှနေဲ့ နှိုငျးယှဉျရငျ နညျးနတေယျလို့ဆိုပွီး နိုငျငံခွားက ကနြျးမာရေးတာဝနျရှိသူတှကေ တရုတျရဲ့ စာရငျးတှကေို သံသယရှိခဲ့ကွတာပါ။