[Zawgyi/Unicode]
ကိုဗစ်ကပ်ရောဂါကာလ စက်ရုံအလုပ်ရုံတွေမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် အလုပ်သမားတွေကို ပိုးသတ်ဆေးပက်ဖျန်းနေတာတွေ ရှိနေတဲ့အပေါ် အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ချိန်မှာ ရောဂါကူးစက်မှုကို ကာကွယ်ဖို့ အလုပ်သမားတွေကို တိုက်ရိုက် ပိုးသတ်ဆေးဖျန်းတာမျိုးတွေကြောင့် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ ညှိနှိုင်းရေးမှူး မနှင်းသဇင်က ရန်ကုန်က စက်ရုံတချို့မှာ လူတစ်ကိုယ်စာ အခန်းငယ်လေးတွေထဲကို ဝင်ပြီး အဲ့ဒီထဲမှာ ပိုးသတ်ဆေးဖျန်းပေးတာမျိုးရှိနေပြီး တချို့နေရာတွေမှာ ကျန်းမာရေး လမ်းညွှန်ချက်နဲ့ မညီတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“သူတို့ကတော့ ပိုးသတ်ဆေးကိုတော့ ဖျန်းတာက ပိုးသတ်ဆေးပုံးနဲ့ ဖျန်းတာတော့ မဟုတ်ဘူးပေါ့။ စက်ရုံအဝင်ဝကို ဝင်ပြီဆိုတာနဲ့ အခန်းလေးတွေ လုပ်ထားတယ်။ လုပ်ထားတာမှာမှ အပေါ်ကနေပြီး တော့ ရေပိုက်ကလိုမျိုးပေါ့နော်။ အများကြီးတော့ မဟုတ်ဘူး၊ သူတို့က အဲ့လိုဖျန်းတာ။ ကျမကတော့ ကိုယ်သိတဲ့ စက်ရုံလောက်ဆိုရင်တော့ ၃ ရုံလောက်တော့ ရှိတယ်။ အလုပ်သမားတွေက မသိကြဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက်ဖျန်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မသိကြဘူး။ မသိလို့ တိုင်ကြားမှု မပြုလုပ်တာပါ။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ မညီဘူးဆိုတဲ့ဟာတွေကို ကျမတို့ အဖွဲ့ချုပ်ကနေပြီးတော့ ဖော်ပြထားပြီးသား ပေါ့နော်။ ဘယ်ကို တိုင်ရမလဲဆိုတဲ့ဟာကို လုပ်သမားတွေက မသိတာ၊ ဒါကြောင့်မို့လို့ ကျမတို့ဆီကို ဆက်သွယ်ပါဆိုပြီး ပြောနေတာ။ ကျမတို့ကို ဆက်သွယ်လာလို့ရှိရင် ကျမတို့က ဒါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနကို ကျမတို့က တိုင်ရမယ်။”
SEE ALSO: ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေးကျန်းမာရေးဝန်ကြီးဌာနကတော့ ပိုးသတ်ဆေးတွေကို လူကိုယ်ခန္ဓာပေါ်ကို တိုက်ရိုက် ဖြန်းတာမျိုးဟာ အန္တရာယ်ရှိတဲ့အတွက် မလုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးလမ်းညွှန်ချက်နဲ့ မညီတဲ့ လုပ်ရပ်မျိုးတွေ တွေ့ရှိတယ်ဆိုရင် တိုင်ကြားသွားမယ်လို့လည်း မနှင်းသဇင်က ပြောပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အောက်မှာ မပါဘဲနဲ့ ဒီလုပ်ငန်းရှင်တွေက မိမိသဘောဆန္ဒနဲ့ ဆေးတွေ ဖျန်းတာတွေ၊ မိမိသဘောဆန္ဒနဲ့ လူခန္ဓာကိုယ်ကို ဆေးဖျန်းတဲ့ ကိစ္စရပ်တွေကို ကျွန်မတို့ကတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဘာလုပ်ဆောင်သွားမလဲဆိုရင်၊ တိုင်ကြားလာတဲ့ အလုပ်သမားတွေပေါ့နော်။ ဒါမျိုးရှိတယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကို ကျမတို့က ဒီလို အချက်အလက်တွေ ပေးပို့မယ်။ ပေးပို့ပြီးတော့ ဒီစက်ရုံကိုပေါ့နော်။ ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာတော့ အစိုးရကပဲ ဖြစ်ပါလိမ့်မယ်။ ကျမတို့က ဒီကနေ ဒီလို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့ မညီတာတွေကိုတော့ အချက်အလက်တွေ ပေးပို့သွားပါမယ်။”
ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြန်ဖွင့်ကြတဲ့ စက်ရုံ အလုပ်ရုံတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက လိုက်နာရမယ့် လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပြီး သတ်မှတ်ချက် အဆင့်တွေနဲ့ ညီတဲ့ စက်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။
စက်ရုံ အလုပ်ရုံတွေမှာ ကိုဗစ်ကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပြီး ဝန်ထမ်းတွေလုပ်သားတွေကို အကာအကွယ်တွေ စနစ်တကျ ဝတ်ဆင်ခိုင်းတာ၊ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေတာမျိုးကသာ ကိုဗစ်ကို အဓိက ကာကွယ်နိုင်မှာဖြစ်တယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ရပ်မျိုးကတော့ ကျန်းမာရေးအတွက် အန္တရာယ်များတယ်လို့လည်း ဆိုပါတယ်။
“အဓိကကတော့ အများစု သုံးနေကြတဲ့ ကလိုရင်းပါတဲ့ဟာပေါ့၊ ဒါအစွန်းချွတ်ဆေးတွေ အစွန်းတွေကိုတောင်မှ ချွတ်နိုင်တဲ့ အဓိပ္ပာယ်ရှိတယ်။ ဘာပဲပြောပြော လူ့ကိုယ်ခန္ဓာအတွက်တော့ အဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းလို့ သတ်မှတ်ထားတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ပေါ်ကို ဖျန်းတာကိုတော့ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ အရက်ပျံပါတာကို လက်မှာပွတ်တာလောက်ကတော့ ဒါကတော့ သဘာဝကျတယ်။ အဲ့ဒါတောင်မှ ၁၀၀ ရာခိုင်နှုန်း အရက်ပျံကို မပွတ်ခိုင်းဘူး။ ၅၀ ရာခိုင်နှုန်းတို့၊ ၇၀ ရာခိုင်နှုန်းတို့ အဲ့လောက်ပဲ။ ဒီအရက်ပျံတွေက အများကြီး ပါးစပ်ထဲ ဝင်သွားရင် လူကို သေစေနိုင်တယ်ပေါ့။ သူတို့ က Methanol တွေလေ။ သောက်လို့ရတဲ့ အရက်မဟုတ်ဘူး။ အဲ့လို အမှုန်တွေ နေ့စဉ်ဖျန်နေမယ်၊ ပါးစပ်ထဲဝင်မယ်ဆိုရင်လည်း အန္တရာယ်ရှိတယ်၊ မျက်လုံးထဲ ဝင်မယ်ဆိုရင်လည်း အန္တရာယ်ရှိတယ်။ ပိုးသတ်ဆေးဆိုတာ လူကို ဖျန်းရမယ့်ဟာမျိုး မဟုတ်ပါဘူး။ လူက အကာအကွယ်ပစ္စည်းတွေ ဝတ်လို့ရပါတယ်။ အမြဲတမ်းပြောတယ်။ လက်အိတ်စွပ်လို့ရပါတယ်၊ အဲ့လိုမျိုးတွေပေါ့။ လမ်းမပေါ်ဖျန်းတာ၊ လေထဲကို မှုတ်ထုတ်တာတောင်မှ သဘာဝမကျဘူးပြောထားတာ ဒီဆေးတွေကို လူ့ကိုယ်ခန္ဓာမှာသုံးလို့ ကိုဗစ်ကာကွယ်ရေးကို မထိရောက်တဲ့ အပြင် လူကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်တယ်ပေါ့နော်။”
SEE ALSO: ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်သမား ရာနဲ့ချီ ကိုဗစ်ကူးစက်ကျန်းမာရေးသတ်မှတ်တွေနဲ့ ကိုက်ညီမှုရှိတဲ့ စက်ရုံတွေကို အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုထားတာပါ။ ဒီလို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီးတဲ့နောက် စက်ရုံတချို့မှာ ကိုဗစ်ကူးစက်မှုတချို့ တွေ့ခဲ့ရတာတွေ ရှိပါတယ်။
ရန်ကုန်တိုင်းမှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာနေချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေကို အစိုးရက ပြန်လုပ်ခွင့်ပြုလိုက်တာကြောင့် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံများကန့်သတ်ချက်နဲ့ပြန်ဖွင့်ကနြျးမာရေးသတျမှတျတှနေဲ့ ကိုကျညီမှုရှိတဲ့ စကျရုံတှကေို အောကျတိုဘာလ ၁၂ ရကျနေ့ကစပွီး ပွနျဖှင့ျခှင့ျပွုထားတာပါ။ ဒီလို ပွနျဖှင့ျခှင့ျပွုလိုကျပွီးတဲ့နောကျ စကျရုံတခြို့မှာ ကိုဗဈကူးစကျမှုတခြို့ တှေ့ခဲ့ရတာတှေ ရှိပါတယျ။