COVID-19 သေဆုံးမှုနှုန်း ကမ္ဘာ့ နေရာတချို့မှာ ကျဆင်း

Your browser doesn’t support HTML5

ကမ္ဘာတဝန်း Covid-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁ သန်းကျော် ရှိသွားပါပြီ။ ဥရောပ နဲ့ အမေရိကန် နိုင်ငံတွေမှာ ရောဂါကူးစက်မှုတွေ ပြန်တိုးလာနေတဲ့အတွက် လာမယ့် လတွေမှာ လည်း သေဆုံးသူတွေတိုးလာနိုင်ပါတယ်။ ဒါပေမဲ့လည်း သေဆုံးမှုနှုန်း ကျသွားတာတွေ ရှိသလို ရောဂါကူးစက်ခံရသူတွေကိုလည်း အရင်ကထက်ပိုပြီးကုသမှုပေးနိုင်နေပါတယ်။