(Zawgyi/Unicode)
COVID-19 နဲ့ တနင်္ဂနွေနေ့က ဆေးရုံတင်ခဲ့ရတဲ့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ ရောဂါလက္ခဏာ ပိုပြီး ဆိုးရွားလာတဲ့ အတွက် တနလာၤနေ့မှာ အထူးကြပ်မတ်ကုသဆောင် ICU ကို ရွှေ့ပြောင်း ကုသနေရပြီး နိုင်ငံခြားရေး ဝန်ကြီး Dominic Rabb ကို သူ့ကိုယ်စား တာဝန်ယူဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ရုံးက ပြောဆိုထား ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက် ၁၀ ရက်ကျော်တဲ့ အထိ သက်သာမလာတဲ့ အတွက် တနင်္ဂနွေနေ့ညက ဝန်ကြီးချုပ် Johnson ကို ဆေးရုံတင်ခဲ့တာပါ။ တနလာၤနေ့ အစောပိုင်းထိတော့ သူ့အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိကြောင်း၊ အစိုးရ အဖွဲ့ကို ဆက်လက် ဦးဆောင်နေတယ်လို့ အစိုးရက ကြေညာထားတာပါ။
ဒါပေမယ့် တနလာၤနေ့ နေ့ခင်းပိုင်းမှာတော့ ဝန်ကြီးချုပ် Johnson ရဲ့ ကျန်းမာရေး အခြေအနေ ပိုပြီး ဆိုးလာကြောင်း၊ သူ့ရဲ့ ကုသရေး အဖွဲ့ရဲ့ အကြံပေးချက် အရ ဆေးရုံက အထူးကြပ်မတ်ကုသဆောင် ICU ကို ရွှေ့ပြောင်းထားကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ပြောဆိုခဲ့တာပါ။
လိုအပ်ရင် နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က သူ့ကိုယ်စား တာဝန်ယူ ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။
Your browser doesn’t support HTML5
...........
(Unicode)