မြန်မာ့အရေး အာဆီယံ အရေးပေါ် ဖြေရှင်းဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း 

  • ဗွီအိုအေမြန်မာပိုင်း

မြန်မာ့အရေး အာဆီယံ အရေးပေါ် ဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က အရေးတကြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေး အာဆီယံ အရေးပေါ် ဖြေရှင်းဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က အရေးတကြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အိမ်ရှင်အစိုးရတွေက အတင်းအကျပ် နေရပ်ပြန်ပို့နေတဲ့ လုပ်ရပ်ဟာဆိုရင်လည်း အာဆီယံက အရေးပေါ် ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြရာ ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ရေတပ် အရာရှိဟောင်းတချို့ အပါအဝင် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူ မြန်မာနိုင်ငံသားတွေကို မလေးရှားက ဒီလဆန်းမှာပဲ နေရပ်ပြန်ပို့လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သတိပေးနေတာ ဖြစ်ပါတယ်။ မလေးရှားက နေရပ်ပြန်ပို့ခံရသူတွေထဲက မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာပဲ ဖမ်းဆီးခံခဲ့ရသူတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။

ဒေသတွင်းနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက ခိုလှုံခွင့်တောင်းခံသူတွေကို အတင်းအကြပ် နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကလည်း အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။

ကြာသပတေးနေ့ကျရင် အာဆီယံအသင်းက အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာ့အရေး အထူးအစည်းအဝေး ကျင်းပရာမှာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်မပို့ရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒုက္ခသည်တွေကို အကာအကွယ်ပေးနိုင်ဖို့ ဒေသတွင်းမှာ လုပ်ငန်းစဉ်တရပ် ချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးတဲ့ ဖြစ်ရပ်အပေါ် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံ အရေးပေါ် ဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

....................................................


{{Zawgyi/Unicode}}



