မက္ကာအိုကျွန်းမှာ လူတဦးကို ကြက်ငှက်တုပ်ကွေးရောဂါ ပထမဆုံး ကူးစက်နေတယ် လို့ ကြေညာထားချိန်မှာပဲH7N9 ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် တရုတ်နိုင်ငံ Anhui ပြည်နယ်မှာ လူနှစ်ဦး သေဆုံးသွားပါတယ်။ ဒါဟာဒီဆောင်းတွင်းမှာ ဖြစ်ပါွးတဲ့ ကြက်ငှက်တုပ်ကွေး ရောဂါရှင်တွေထဲ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ Anhui ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်သူ ၅ဦးရှိပြီး အခုသေဆုံးသွားတဲ့ ၂ဦးလဲ ပါဝင် တယ်လို့ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ကျန်တဲ့ ၃ဦးရဲ့ ရောဂါ အခြေအနေကိုတော့ ဖေါ်ပြမထားပါဘူး ။
Anhui ပြည်နယ်က ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်သူတွေနဲ့ပါဆိုရင် ဒီလအတွင်း တရုတ်နိုင်ငံထဲ ရောဂါကူးစက်သူ အနည်းဆုံး (၇)ဦး ရှိပါတယ်။ ဒီအရေအတွက် ဟာ ဝေဒနာပြင်းထန်တဲ့ လူနာတွေကိုပဲ ဆိုလိုတာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီး ဌာနက ပြောပါတယ်။ ၂၀၁၃ ခု မတ်လ မတိုင်ခင်အထိ တရုတ်နိုင်ငံမှာ လူ ဒါမှမဟုတ် တိရိစ္ဆာန်တွေမှာ H7N9 ကူးစက်ရောဂါပိုးကို ရှာမတွေ့ခဲ့ပါဘူး။
၂၀၁၃ နှောင်းပိုင်းကနေ ၂၀၁၄ အစပိုင်းထိ တရုတ်နိုင်ငံမှာ ကြက် ငှက် တုပ်ကွေးရောဂါ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၆ ယောက် သေဆုံးခဲ့တဲ့ အပြင်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံကျော် ဆုံးရှုံးခဲ့ပါတယ်။
Your browser doesn’t support HTML5