အမေရိကန် သတင်းဌာန ၃ ခုကို သတင်းယူပိုင်ခွင့် တရုတ်ရုပ်သိမ်း

New York Times ရဲ့ အဆောက်အဦးအရှေ့အပြင်ဘက်တွက် အစောင့်တာဝန်ယူနေသော ရဲ တဦး (သတင်းဓာတ်ပုံ - ဇွန် ၂၈၊ ၂၀၁၈)

(Zawgyi/Unicode)

တရုတ်မီဒီယာ ကုမ္ပဏီ ၃ ခုအပေါ် ကန့်သတ်ချက်အသစ်တွေကို အမေရိကန်နိုင်ငံက ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သတင်းဌာနကြီး ၃ ခုရဲ့ သတင်း လုပ်ပိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ New York Times၊ The Wall Street Journal နဲ့ Washington Post သတင်းစာကြီးတွေက ခန့်အပ်ထားတဲ့ အမေရိကန်သတင်းထောက်တွေအတွက် ပေးအပ်ထားတဲ့ သတင်းလုပ်ပိုင်ခွင့်ကို လာမယ့် ၁၀ ရက်အတွင်း ပြန်လည်ပေးအပ်ရမယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့ ဟောင်ကောင်နဲ့ မကာအို အပါအဝင် တရုတ်နိုင်ငံအတွင်း သတင်းထောက်တွေအဖြစ် ဆက်လက်အလုပ်လုပ်ကိုင်နိုင်မှာ မဟုတ်တော့ဘူးလို့လည်း တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ် အခြေစိုက် လုပ်ငန်းလုပ်ကိုင်နေတဲ့ အမေရိကန် မီဒီယာ ကုမ္ပဏီ ၅ ခုရဲ့ ဝန်ထမ်း၊ ဘဏ္ဍာရေးနဲ့ အိမ်ယာပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်တွေကိုလည်း တရုတ်အာဏာပိုင်တွေဆီကို တင်သွင်းရမယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရက တရုတ် မီဒီယာ အဖွဲ့အစည်း ၅ ခုကို ပြည်ပ အစိုးရအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး ဝန်ထမ်းအရေအတွက်ကို ကန့်သတ်လိုက်တဲ့နောက်မှာ တရုတ်နိုင်ငံက အခုလို လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် သတင်းဌာန ၃ ခုကို သတင်းယူပိုင်ခွင့် တရုတ်ရုပ်သိမ်း

[Unicode Version]





