(zawgyi)
အမျိုးသား လုံခြုံရေး ဥပဒေ လို့ ခေါ်တဲ့ ဥပဒေ အောက်မှာ ဟောင်ကောင် ရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ကို နှိမ်နင်းလိုက်တဲ့အခါ ဟောင်ကောင် မှာ နေထိုင်သူတွေ သောင်းချီပြီး ဟောင်ကောင် ကို စွန့်ခွါ ထွက်ပြေးသွားကြပါတယ်။ ၁၉၉၇ ခုနှစ် မှာ ဗြိတိန် နဲ့ တရုပ် စာချုပ် ကုန်ဆုံးသွားပြီးနောက် ပထမ ၆ လတာ အတွင်း မှာ ဟောင်ကောင် နေထိုင်သူ ၆၅၀၀၀ က ဗြိတိန် ကို ရွှေ့ကြဖို့ အထူးဗီဇာ အစီအစဉ် အသစ် အောက်မှာ လျှေက်ထားခဲ့ကြပါတယ်။ ဗြိတိန် မှာ ဘဝသစ် အခြေချ နေထိုင်နေတဲ့ မိသားစု တစ်စု ကို ဗွီအိုအေ သတင်းထောက် Henry Ridgwell တွေ့ဆုံခဲ့တာ ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။
(unicode)