ဘေဂျင်းလေထု ညစ်ညမ်းမှု အန္တရာယ်အဆင့် အထိရောက်

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လူထုညစ်ညမ်းမှုဖြစ်ပွားနေစဉ်။ ( ဇန်နဝါရီလ ၁၂၊ ၂၀၁၃)

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လေထုညစ်ညမ်းမှု ဟာ အန္တရယ်ဖြစ်တဲ့အဆင့်ကိုရောက်လာပြီး အသက်ရှု လမ်းကြောင်း ရောဂါပွားမှု နှုန်း အဆမတန်မြင့်တက်လာပြီး ဆေးရုံတွေမှာ လူနာတွေ နဲ့ပြည့်နေပါတယ်။ သောကြာနေ့ကစပြီး မီးခိုး မြူတွေ ထူထပ်စွာဖုံးအုပ်နေတဲ့အတွက် စက်ရုံအလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေလဲ ပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေလဲ ရပ်ဆိုင်းထားရပါတယ်။

စာသင်ကျောင်းတွေကို စာသင်ခန်းပြင်ပလှုပ်ရှားမှုတွေမလုပ်ဖို့ နဲ့ မြို့နေလူထုကို အိမ်ပြင်ပထွက်တဲ့အခါ အသက်ရှု လမ်းကြောင်း ကာကွယ်မှုတွေ လုပ်ကြဖို့ အာဏာပိုင်တွေက အထူးနှိုးဆော်ထားပါတယ်။ မီးခိုးမြူတွေ ဆိုင်းတဲ့အခြေအနေ ဟာ ဘေဂျင်း မြို့ရဲ့အရှေ့ဘက်ပိုင်းမှာပိုပြီးဆိုးဝါးတဲ့အတွက် ကားမောင်းဖို့တောင် အန္တရယ်ရှိတယ်လို့ မြို့နေလူထုက ပြောပါတယ် ။မြူခိုးတွေမှာ ပါဝင်တဲ့ အမှုန်အရွယ်အစား ဟာ ၂.၅ အဆင့်ရှိပြီး လေထု ၁ကုဗမီတာမှာ ပါဝင်နှုံးက ၉၉၃ မိုက်ကရိုဂရမ်ရှိ တဲ့အတွက် ကမ္ဘာကျမ်းမာရေးအဖွဲ့က သတ်မှတ်တဲ့အဆင့်ထက် အဆ ၄၀ များနေတယ်လို့ဆိုပါတယ် ။ အဲဒီအမှုန်အရွယ် အစား ၂.၅ အဆင့်ဟာ အဆုတ်ထဲကို ဖေါက်ဝင်နိုင်တဲ့ အရွယ်အစားဖြစ်ပါတယ် ။

ဘေဂျင်းမြို့အပြင် တခြားမြို့ကြီးတွေမှာလဲ မြူခိုးတွေ ဆိုင်းနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့အထိ မြူတွေ ဆိုင်းနေနိုင်တယ်လို့ ခန့်မှန်း ထား ပါတယ်။ တရုတ်နိုင်ငံဟာ စက်မှုဖွံ ဖြိုးမှုအလွန်မြန်ဆန်လာတဲ့ အပြင် ကားပိုင်ဆိုင်မှုလည်း အဆမတန် တိုးမြင့်လာတဲ့ အတွက် လေထုညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတခုဖြစ်ပါတယ် ။