ဟောင်ကောင်အရေး ကုလမဟာမင်းကြီးကို တရုတ်စွပ်စွဲ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet. (စက်တင်ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ဟာ ဟောင်ကောင်က အကြမ်းဖက်ဆန္ဒပြပွဲတွေကို သွေးထိုးမြှောက်ပင့်နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။

ဟောင်ကောင်ရဲတွေ အင်အားအလွန်အကျွံ သုံးနေတာကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ Bachelet က အကြံပေး ပြောဆိုခဲ့တာပါ။

Michelle Bachelet က စနေနေ့ထုတ် South China Morning Post သတင်းစာမှာ ထင်မြင်ယူဆချက်ဆောင်းပါး ရေးခဲ့ပြီး အဲဒီထဲမှာလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam အနေနဲ့ ဟောင်ကောင်ပဋိပက္ခကို ဖြေရှင်းဖို့ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဟောင်ကောင်ရဲတွေ အင်အားအလွန်အကျွံ သုံးနေတာကို “လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ တရားသူကြီးတွေပါတဲ့ စုံစမ်းမှု” လုပ်သင့်တယ်လို့ Carrie Lam ကို Bachelet က တိုက်တွန်းခဲ့ပါတယ်။

Bachelet ရဲ့ဆောင်းပါးဟာ ဟောင်ကောင်အစိုးရကို ဖိအားပေးတဲ့နည်း သုံးတာဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ဂျီနီဗာဆိုင်ရာ သံအမတ်ကြီးက ပြောပြီး အခုလို သွေးထိုးမြှောက်ပင့်ပေးတာက အကြမ်းဖက်မှုတွေ ပိုတိုးလာစေမှာဖြစ်တယ်လို့ ပြောပါတယ်။

---------------------------------

(Unicode)







Your browser doesn’t support HTML5

ဟောင်ကောင်အရေး ကုလမဟာမင်းကြီးကို တရုတ်စွပ်စွဲ