(Zawgyi/Unicode)
အသက် ၆၇ နှစ်အရွယ်ရှိ အငြိမ်းစား တရုတ် ဆရာဝန်မကြီးတစ်ဦးဟာ တရုတ်နိုင်ငံ Zaozhuang မြို့မှာ သမီးလေးတစ်ဦး မွေးဖွားခဲ့တယ်လို့ အဲဒီက ဆေးရုံတစ်ရုံက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
Tian ဆိုတဲ့ မိသားစု နာမည်ရှိတဲ့ အမျိုးသမီးကြီးဟာ သောကြာနေ့မှာ ဗိုက်ခွဲမွေးပြီး ကျန်းမာတဲ့ သမီးငယ်ကို သောကြာနေ့မှာ မွေးဖွား နိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အသက်အကြီးဆုံး ကလေးမွေးဖွားသူ မိခင် ဖြစ်လာနိုင်ပါတယ်။
Tian ရဲ့ အသက် ၆၈ နှစ်အရွယ် Huang လို့ ခေါ်တဲ့ ခင်ပွန်းသည်က ဒီကလေးဟာ ကောင်းကင်ဘုံက သူတို့ နှစ်ဦးကို မစတဲ့ ကလေး ဖြစ်တယ်လို့ တရုတ်သတင်းဌာနတစ်ခုကို ပြောပါတယ်။
မွေးဖွားချိန်မှာ မိန်းကလေးငယ်ဟာ ၂.၅၆ ကီလိုဂရမ် ရှိကြောင်း၊ သူ့ကို Tianci ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်ဆိုပြီး နာမည် ပေးမယ်လို့ မိဘတွေက ဒေသခံ မီဒီယာတွေကို ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက တစ်အိမ်ထောင် ကလေးတစ်ယောက် စနစ်ကို ပယ်ဖျက်ပြီးနောက်ပိုင်း မိခင်ဖြစ်သူ Tian တရုတ်နိုင်ငံက အသက်ကြီးမှ မီးဖွားတဲ့ အမျိုးသမီးထဲ တစ်ဦးအဖြစ် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ Tian တို့ လင်မယားမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးနှစ်ယောက် ရှိပြီး ဖြစ်ပါတယ်။
Your browser doesn’t support HTML5
..............
(Unicode)