ချင်းဒုက္ခသည်တွေ ဆေးဝါးနဲ့ ရိက္ခာပြတ်လတ်
Your browser doesn’t support HTML5
ချင်းပြည်နယ် ထန်တလန်မြို့အနီးတဝိုက်က ကျေးရွာတွေ စိုးရိမ်ကြောက်ရွံနေကြပြီး အခုအခါ တောင်ယာစပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေကြတယ်လို့ရွာသားတချို့က ဗွီအိုအေကို ပြောပါတယ်။ ပုန်းရှောင်နေရတဲ့သူတွေ ရာသီ တုပ်ကွေးဖြစ်ပြီးဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့အကြောင်း ထန်တလန်နဲ့ မတူပီ ဒေသခံတွေက VOA ကို ပြောပါတယ်။