[Zawgyi/Unicode]
ကမ္ဘောဒီးယားနိုင်ငံက တရုတ်သံရုံးနားမှာ ဒီနေ့ ဆန္ဒပြခဲ့ကြတဲ့သူတွေကို ကမ္ဘောဒီးယားလုံခြုံရေးအာဏာပိုင်တွေက လူစုခွဲနှိမ်နှင်းခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ကမ္ဘောဒီယားနိုင်ငံမှာ တရုတ်တပ်ဖွဲ့တွေ တိုးမြှင့်ချထားမယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတချို့ကို မေးမြန်းဖို့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ခဏကြာ ပဋိပက္ခဖြစ်ခဲ့ပြီး ဆန္ဒပြတဲ့သူ ၃ ယောက်ကို အနားမှာရှိတဲ့ ရဲကားပေါ် ရဲတပ်ဖွဲ့က ဖမ်းခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံ သတင်းမီဒီယာကဖော်ပြပါတယ်။ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရှိဘဲ လုပ်ခဲ့တဲ့အတွက် အဲဒီလူတွေကို ဖမ်းဆီးထားတာဟာ စစ်ဆေးမေးမြန်းဖို့ဖြစ်တယ်လို့ ဖနွမ်ပင်ရဲတပ်ဖွဲ့က ပြောပါတယ်။
SEE ALSO: ကမ္ဘောဒီးယားရဲရုံးချုပ်မှာ FBI ရုံးဖွင့်လှစ်မည်ဆန္ဒပြတဲ့သူတစ်ယောက်ကတော့ ပဲရစ်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကိုလေးစားဖို့ အော်ဟစ်တောင်းဆိုခဲ့ပြီး တချို့ကတော့ ကမ္ဘောဒီးယားအလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက Ream ရေတပ်အခြေစိုက်စခန်းမှာ တရုတ်တပ်တွေ အခြေချဖို့အတွက် တရုတ်နိုင်ငံနဲ့ လျှို့ဝှက်သဘောတူညီမှု ရထားပြီဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရဘက်ကတော့ ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။ ပြည်ပတပ်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ လက်ခံထားဖို့က နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲဟာ ကမ္ဘောဒီးယားပြည်တွင်း စစ်အဆုံးသတ်တဲ့ ပဲရစ်ငြိမ်းချမ်းရေးသဘောတူစာချုပ် ၂၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖျက်သိမ်းခံ အတိုက်အခံ CNRP ပါတီကလုပ်တဲ့ လူထုစုဝေးမှုရဲ့ အစိတ်အပိုင်း တရပ်ဖြစ်တယ် လို့ CNRP ဒု-ဥက္ကဋ္ဌဟောင်းက ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
ကမ်ဘောဒီးယားမှာ တရုတျဆန့ျကငြျရေးဆန်ဒပွ
ကမ္ဘောဒီးယားနိုင်ငံက တရုတ်သံရုံးနားမှာ ဒီနေ့ ဆန္ဒပြခဲ့ကြတဲ့သူတွေကို ကမ္ဘောဒီးယားလုံခြုံရေးအာဏာပိုင်တွေက လူစုခွဲနှိမ်နှင်းခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ကမ္ဘောဒီယားနိုင်ငံမှာ တရုတ်တပ်ဖွဲ့တွေ တိုးမြှင့်ချထားမယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတချို့ကို မေးမြန်းဖို့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ခဏကြာ ပဋိပက္ခဖြစ်ခဲ့ပြီး ဆန္ဒပြတဲ့သူ ၃ ယောက်ကို အနားမှာရှိတဲ့ ရဲကားပေါ် ရဲတပ်ဖွဲ့က ဖမ်းခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဒေသခံ သတင်းမီဒီယာကဖော်ပြပါတယ်။ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရှိဘဲ လုပ်ခဲ့တဲ့အတွက် အဲဒီလူတွေကို ဖမ်းဆီးထားတာဟာ စစ်ဆေးမေးမြန်းဖို့ဖြစ်တယ်လို့ ဖနွမ်ပင်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြတဲ့သူတစ်ယောက်ကတော့ ပဲရစ်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကိုလေးစားဖို့ အော်ဟစ်တောင်းဆိုခဲ့ပြီး တချို့ကတော့ ကမ္ဘောဒီးယားအလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
SEE ALSO: ထိုင်းကျောင်းသားဆန္ဒပြမှု ထုတ်လွှင့်နေတဲ့ အွန်လိုင်းရုပ်သံကို အရေးယူပိတ်ပင်ကမ္ဘောဒီးယားနိုင်ငံက Ream ရေတပ်အခြေစိုက်စခန်းမှာ တရုတ်တပ်တွေ အခြေချဖို့အတွက် တရုတ်နိုင်ငံနဲ့ လျှို့ဝှက်သဘောတူညီမှု ရထားပြီဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရဘက်ကတော့ ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။ ပြည်ပတပ်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ လက်ခံထားဖို့က နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲဟာ ကမ္ဘောဒီးယားပြည်တွင်း စစ်အဆုံးသတ်တဲ့ ပဲရစ်ငြိမ်းချမ်းရေးသဘောတူစာချုပ် ၂၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖျက်သိမ်းခံ အတိုက်အခံ CNRP ပါတီကလုပ်တဲ့ လူထုစုဝေးမှုရဲ့ အစိတ်အပိုင်း တရပ်ဖြစ်တယ်လို့ CNRP ဒု-ဥက္ကဋ္ဌဟောင်းက ပြောပါတယ်။