ဧပြီလ ၂၀၊ ၂၀၁၉ - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝဒေသမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် အခန်းအနား ကျင်းပရာမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသအပေါ် ကျန်တိုင်းရင်းသား အင်အားစုတွေ အားကျစရာ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အင်အားတောင့်တင်းနေတဲ့ ဝဒေသရဲ့ ဖွံ့ဖြိုးမှုတွေဟာ တခြားတိုင်းရင်းသား ဒေသတွေအတွက် စံနမူနာကောင်းတခုလို့ ဆိုနိုင်ပါသလား၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေမှာ အံမဝင်တဲ့ ပုံစံတခု ဖြစ်နေသလား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
Your browser doesn’t support HTML5