လွှတ်တော်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်

သြဂုတ် ၁၈၊ ၂၀၁၈ - လွှတ်တော်မှာ ကိုယ်စားလှယ်တွေရဲ့ အပြုအမူ၊ ဆောင်ရွက်ချက်တွေကို အနီးကပ်စောင့်ကြည့် သတင်းရယူတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ လွတ်လပ်ခွင့်တွေကို ထိပါးရာရောက်တယ်၊ လွှတ်တော်သိက္ခာ ထိပါးတယ်ဆိုပြီး လွှတ်တော်မှာ သတင်းရယူနေတဲ့ မီဒီယာသမားတွေကို ကြပ်မတ်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း နေ့တဓူ၀ လူထုဘဝအတွက် အရေးကြီးတဲ့ မူဝါဒတွေကို ဆွေးနွေးဆုံးဖြတ်နေတဲ့ ကိုယ်စားလှယ်တွေအပေါ် မီဒီယာတွေက စောင့်ကြည့်ပြီး သတင်းဖော်ပြဖို့က လိုအပ်တယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။

လွှတ်တော်နဲ့ သတင်းမီဒီယာအခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

Your browser doesn’t support HTML5

လွှတ်တော်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်