ဇန်နဝါရီ ၂၆၊ ၂၀၁၉ - ကချင်ပြည်နယ်က အစိုးရအဖွဲ့ဝင်တချို့ကို မကြာသေးခင်ကပဲ ရာထူးက ဖယ်ရှားလိုက်တဲ့အတွက် သဘောထား အမြင်တွေလည်း အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ အရပ်သားအစိုးရ လက်ထက် အစိုးရတွင်း ပြုပြင်ပြောင်းလဲရေး တစိတ်တပိုင်းအဖြစ်နဲ့ ထောက်ခံသူတွေ ရှိသလို၊ အပြောင်းအလဲတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ဝေဖန်သူတွေလည်း ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ သာမက တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ၊ ပြည်ထောင်စု အစိုးရထဲမှာ ပြုပြင်ပြောင်းလဲဖို့၊ လူမှန်နေရာမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေပါသလား၊ အပြောင်းအလဲတွေလုပ်ဖို့ လိုတယ်ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ လုပ်သင့်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
Your browser doesn’t support HTML5