စက်တင်ဘာ ၁၅၊ ၂၀၁၈ - မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကအစ၊ ရခိုင်ပြည်နယ် အကျပ်အတည်းအဆုံး ပြဿနာပေါင်းစုံမှာ နောက်ကွယ်ကနေ ပြဿနာပေါ်အောင် သွေးထိုးပေးနေတဲ့ အင်အားစုတွေ ရှိနေတယ်ဆိုတဲ့ ယူဆချက်တွေ၊ သံသယတွေလည်း ရှိနေတဲ့အတွက် ယုံကြည်မှု တည်ဆောက်ရေး၊ ပြန်လည်သင့်မြတ်ရေးအပေါ် မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပါပြီလဲ၊ ဘယ်လိုအကဲစမ်း စိန်ခေါ်မှုတွေ ရှိနေပါသလဲ၊ ဖျက်လိုဖျက်ဆီး အင်အားစုတွေဆိုတာ ဘယ်သူတွေလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
Your browser doesn’t support HTML5