California ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ ဆက်လက်လောင်ကျွမ်းနေတဲ့ မီးကြောင့် သေဆုံးသူ ၃၀ ထက်မနည်း ရှိနေပါပြီ။ မီးကူးစက်မှုကို ဆိုးစေတဲ့ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ လေတိုက်နှုန်းပြင်းထန်မှုက အနည်းဆုံး အင်္ဂါနေ့အထိ ဆက်ပြီးဖြစ်နေဦးမယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။
မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်မြို့တော် Sacramento မှာ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲက စတင်လောင်ကျွမ်းနေတဲ့မီးကြောင့် သေဆုံးသူ ၂၉ ယောက်ထက်မနည်းရှိနေပြီး ၂၂၈ ယောက်ရဲ့ အခြေအနေကိုလည်း အတည်မပြုနိုင်သေးပါဘူး၊ ပြည်နယ်မြောက်ပိုင်းမှာလောင်ကျွမ်းနေတဲ့ မီးရဲ့ ၂၅% လောက်ကို ထိန်းထားနိုင်ပြီလို့ မီးသတ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ မီးကြောင့် အဆောက်အဦးပေါင်း ၆ ထောင့် ၆ ရာလောက် ပျက်စီးခဲ့ပါတယ်။
California ပြည်နယ် တောင်ပိုင်းက ၂ နေရာမှာလည်း မီးလောင်ကျွမ်းနေပြီး Hill Fire ကို ၇၅% နဲ့ Woolsey Fire ကို ၁၅% လောက် ထိန်းထားနိုင်ပါပြီ၊ တောင်ပိုင်းမှာလောင်ကျွမ်းတဲ့ မီးကြောင့် ၂ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ မီးကြီးကို မီးသတ်တပ်ဖွဲ့ဝင် ၈ ထောက်ကျော်ကြိုးစား ငြှိမ်းသတ်နေကြပါတယ်။ ပိုင်ဆိုင်မှုတွေထဲက နိုင်သလောက်သာသယ်ပြီး ဘေးလွတ်ရာ ထွက်သွားနေရသူ သောင်းချီပါတယ်။ အခုလောင်ကျွမ်းနေတဲ့ မီးကြောင့် ပြည်နယ်သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု အဆိုးဆုံးဖြစ်ပါတယ်။ ပြည်နယ်မြောက်ပိုင်းမှာ လောင်နေတဲ့ မီးကို Camp Fire တောင်ပိုင်းမှာလောင်နေတဲ့ မီးကို Woolsey Fire နဲ့ Hill Fire လို့ သုံးနှုန်းခေါ်နေကြပါတယ်။
Your browser doesn’t support HTML5