အမေရိကန်ပြည်ထောင်စု အနောက်ဘက်က ကယ်လီဖိုးနီးယားပြည်နယ် မြောက် ပိုင်းမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းနေရာမှာ အဆောက် အအုံပေါင်း ၅၀၀ ကျော်မီးထဲပါသွားသလို နောက်ထပ် အဆောက်အအုံပေါင်း ၅ ထောင်ထက် မနည်းလည်း မီးဘေးသင့်မယ့်အနေအထားမှာ ရှိနေတယ်လု့ိ တာဝန် ရှိသူတွေက ပြောပါတယ်။
မီးဘေးကြောင့် မီးသတ်သမား ၂ ဦးသေဆုံးခဲ့ရပါတယ်။ လူပေါင်း ၉ သောင်းရှိတဲ့ Redding မြို့ကို မီးကူးလာတဲ့ အတွက် ဒေသခံ ထောင်နဲ့ချီ ဘေးလွှတ်ရာ တိမ်း ရှောင်ခဲ့ရပါတယ်။
မြေယာအကျယ်အဝန်း ဟက်တာ ၁ သောင်း ၇ ထောင်ထိ မီးကူးစက် လောင် ကျွမ်းသွားပြီလို့ ပြည်နယ် သစ်တော ကာကွယ်ရေးဌာနက ပြောပါတယ်။ ရှို့မီး အဖြစ်ယုံကြည်ရတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာတော့ သံသယရှိသူကို ဖမ်းဆီးထားပြီး ဒီမီးကြောင့် Idyllwild မြို့ဒေသခံ ၁ သောင်း ၂ ထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
တောမီးလောင်နေတဲ့ ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို အုပ်ချုပ်ရေးမှူး Jerry Brown က အရေးပေါ် အခြေ အနေ ကြေငြာထားသလို မကြာခင်ဖြစ်လာတော့ မယ့် ကပ်ဘေးဆိုးကြီးအတွက် ပြည်ထောင်စုအစိုးရဆီက အရေးပေါ် အကူအညီ လည်း တောင်းခံထားပါတယ်။
Your browser doesn’t support HTML5