COVID-19 ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်ထားချိန်မှာ Digital နည်းပညာဟာ လူတွေ တယောက်နဲ့တယောက် အဆက်အသွယ်မပြတ်ဖို့ ဘယ်လောက်အရေးတကြီး လိုအပ်တယ်ဆိုတာ ပိုပြီး မြင်သာလာပါတယ်။ ဥပမာတခုအဖြစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့က LSE တက္ကသိုလ်မှာ Social Policy ဘာသာရပ်ကို ဘွဲ့လွန်တက်နေတဲ့ မအေးသိရိကျော်ရဲ့ အတွေ့အကြုံကို နားထောင်ကြည့်ပါ။ တက္ကသိုလ်ကျောင်းပိတ်ထားပေမဲ့ Online ကျေးဇူးကြောင့် စာသင်မပျက်သလို၊ တနေရာစီမှာရှိနေကြတဲ့ အတန်းဖော်တွေနဲ့ စာအတူ ကျက်နိုင်တဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
Unicode:
Your browser doesn’t support HTML5