တိုင်ကြားခံရတဲ့ ရန်ကုန်တိုင်းအစိုးရ

ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်ထားသူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း

Your browser doesn’t support HTML5

တိုင်ကြားခံရတဲ့ ရန်ကုန်တိုင်းအစိုးရ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး အစီအစဉ်မှာ လူထုရဲ့အခြေခံ လိုအပ်ချက်တွေကို လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်ပေမယ့် လူတစုကောင်းစားရေးအတွက် လုပ်နေတာတွေ တွေ့ရလို့ ရန်ကုန်တိုင်းအစိုးရကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီမှာ တိုင်ကြားရတာ ဖြစ်တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်ထားသူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဒေါက်တာဒေါ်ညိုညိုသင်း ပို့ခဲ့တဲ့စာ။ ဒီတိုင်ကြားစာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြေတွေ၊ အဆောက်အဦးတွေကို မတန်မဆ ဈေးလျှော့ပြီးတော့ ငှားရမ်းတဲ့အတွက်ကြောင့် ပြည်သူတွေ သိပ်ကိုနစ်နာတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီတော့ တိုင်စာအရဆိုလို့ရှိရင် ကျပ်ငွေ ဘီလီယန် ခြောက်ဆယ်နီးပါး နစ်နာတယ်လို့ တိုင်စာမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် ဒီကျပ်ငွေ ဘီလီယန် ခြောက်ဆယ် ဆိုတာကို ဘယ်လိုတွက်ချက်ပါလဲ။

ဒေါက်တာညိုညိုသင်း ။ ။ ကျမကတော့ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို အခြေခံပြီးတော့ တွက်ချက်ပါတယ်။ စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာအရပဲ ဒဂုံမှာဆိုရင် ကျမတို့ ပြည်သူလူထုရဲ့ နစ်နာမှုက (၄၁.၉) ဘီလီယန် ရှိပါတယ်။ တခါ မြိုင်ဟေဝန်တို့၊ ကန်တော်ကြီးတို့မှာ ဆုံးရှုံးမှုတွေက တနှစ်ကို (၂) ဘီလီယန် ရှိတယ်။ တခါ ဗိုလ်တထောင်က စီမံကိန်းက ဆုံးရှုံးမှုက (၉.၂) ဘီလီယန် ရှိတယ်။ ပြည်သူရင်ပြင်မှာဆိုရင် ဆုံးရှုံးမှုက လစဉ် (၁) ဘီလီယန် ရှိပါတယ်။ အဲဒီတော့ ဗဟန်းမှာဆိုရင် နှစ်စဉ် (၃.၈) ဘီလီယန် ဆုံးရှုံ့းတယ်။ ဒါက နိုင်ငံတော်ပိုင်မြေတွေကို မတန်တဆ ဈေးနှုန်းနဲ့ လျှော့ပြီးတော့ ငှားတယ်။ ရောင်းတယ်။ ဒီ ၄.၉ ဘီလီယန် ဆုံးရှုံးတဲ့ကိစ္စ ဆိုလို့ရှိရင် ဥပဒေအရ ဂရန် လျှောက်ထားတဲ့အခါမှာ ဂရန်သစ်နှုန်းထားနဲ့ ကောက်ရမှာပေါ့။ ဒါပေမဲ့ အဲဒီလို မကောက်ခဲ့ဘူး။ ဒါကြောင့်မို့ အခုလိုမျိုး (၄၂) ဘီလီယန်နီးပါး နိုင်ငံတော်က ဆုံးရှုံးမှုဖြစ်တယ်။

အဲဒီတော့ ဒီဆုံးရှုံးမှုတွေက အတိအလင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာထဲမှာပါတယ်။ ကျမ ခန့်မှန်းပြီးတော့ တွက်ချက်ထားတာ မဟုတ်ပါဘူး။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာထဲမှာပါတဲ့အတိုင်းပဲ ကျမက တွက်ချက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တင်ပြခဲ့တာပါ။

ဦးသိန်းထိုက်ဦး ။ ။ ဂျာနယ်တွေမှာ ရေးတဲ့အတိုင်းဆိုရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီတိုင်ကြားစာကို ကျော်စောမှုအနေနဲ့ အရေးယူဖို့ စီစစ်နေတယ်လို့ ဂျာနယ်တွေမှာ ရေးကြပါတယ်။ တရားဝင် တုံ့ပြန်တာမျိုး၊ အကြောင်းကြားတာမျိုး ဘယ်အခြေအနေမှာ ရှိပါလဲ။

ဒေါက်တာညိုညိုသင်း ။ ။ ကျမက ဒီတိုင်စာကို တင်လိုက်တာက အမှန်ကတော့ သောကြာနေ့ည တင်လိုက်တာဆိုတော့ ရုံးချိန်ကျော်မှ တင်လိုက်တာ ဖြစ်တဲ့အတွက်ကြောင့် စနေ၊ တနင်္ဂနွေမှာလည်း ကော်မရှင်က မတွေ့ပါဘူး။ တနင်္လာနေ့မှာတော့ ကော်မရှင်က ရပြီဆိုပြီးတော့ မီဒီယာတွေကို ပြန်ကြားတာ ရှိပါတယ်။ တနင်္လာနေ့ကလည်း ရုံးချိန်အထိ ကျမက ကော်မရှင်ကို ဆက်သွယ်နိုင်တဲ့ အနေအထား မရှိခဲ့တော့ ရုံးချိန်ပြင်ပမှာတော့ ကျမ ဆက်သွယ်လိုက်ပါတယ်။ ဆက်သွယ်လိုက်တော့ ကျမရဲ့ ဒီတိုင်စာရပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်နေပါတယ်လို့ ပြန်ကြားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီတိုင်ကြားစာက အခုန ဒေါ်ညိုညိုသင်း ပြောသလိုပဲ ၂၀၁၆-၂၀၁၇ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ။ အဲဒီမှာ ဖော်ပြချက်တွေအရ တိုင်ကြားတာဆိုလို့ရှိရင် အဲဒီ ဂရန် ချပေးတာ၊ တင်ဒါခေါ်တာ၊ မြေတွေငှားရမ်းဖို့ သဘောတူညီချက်တွေက အရင်အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။

ဒေါက်တာညိုညိုသင်း ။ ။ အရင် အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာလို့ ကျမတို့ သေသေချာချာ ပြောနိုင်တာက အခုနက ပုဂ္ဂလိကလုပ်ငန်းရှင်နှစ်ယောက်ကို ဒဂုံမှာ မြေဧကထောင်ချီပြီးတော့ ချပေးလိုက်တာ။ အစိုးရပြောင်းခါနီးအချိန်လေးမှာ။ အဲဒီကိစ္စပါတယ်။ နောက်တခါ ပြည်သူ့ဥယျာဉ်ထဲက Natural World ကုမ္ပဏီကို တစ်စတုရန်ပေကို တော်တော်လေးကို နည်းတယ်။ ကျမထင်တယ် သုညဒဿမနှုန်းလောက်နဲ့ ဒဿမ လေးငါးနှုန်းလောက်နဲ့ပဲ ငှားထားတာ အရင်အစိုးရက ငှားခဲ့တာ၊ စာချုပ်ချုပ်ခဲ့တာ။ အဲဒါတွေ မှန်ပါတယ်။ သို့သော်လဲပဲ ဒီအစိုးရသစ်တက်လာပြီးနောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ ဆွေးနွေးတာတွေ လွှတ်တော်မှာ တရားဝင်မှတ်တမ်းတွေ ရှိပါတယ်။ အစိုးရကို ဒီနှုန်းထားတွေ တိုးမြှင့်ဖို့ဆိုပြီးတော့ အစိုးရကို တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ အစိုးရဘက်က နှုန်းထားတွေကို လုံးဝတိုးမြှင့်တာ မဟုတ်ဘူး။ ဒါပေမဲ့ မဖြစ်စလောက်လေးပဲ တိုးမြှင့်ခဲ့တယ်။ ဥပမာဆိုလို့ရှိရင် ပြည်သူ့ဥယျာဉ်ထဲမှာဆိုရင် တစ်စတုရန်ပေကို ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က တရားဝင်ပြောတာ၊ တစ်စတုန်ရန်ပေကို တစ်ထောင်နှုန်း ရှိပေမယ့် အဲဒီမှာ တစ်စတုရန်ပေကို အစိုးရက စာချုပ်ပြန်ချုပ်တာက (၃၂) ကျပ်နှုန်းနဲ့ ပြန်ချုပ်တယ်။ ဒါကြောင့်မို့ ကျမတို့က လစဉ် တစ်ဘီလီယန် ဆုံးရှုံးတယ်။ စာချုပ်တွေက စခဲ့တာတော့ အရင်အစိုးရက စခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီစာချုပ်တွေကို သက်တမ်းတိုးတာက အခုအစိုးရလက်ထက်မှာလည်း သက်တမ်းတိုးခဲ့တာကိုလည်း တွေ့ရတယ်။ အမှန်ကတော့ ကာလပေါက်ဈေးနဲ့ပဲ ကျမတို့ သက်တမ်းတိုးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ အခုဆိုရင် အစိုးရက အဘက်ဘက်က ပြည်သူလူထု လိုအပ်ချက်တွေအတွက် ရန်ပုံငွေ မြင့်မားနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ရန်ကုန်မှာဆိုရင် အခွန်တွေ တိုးပေးရတယ်။ ကားလိုင်စင်လည်း အခွန်တိုးပေးရတယ်။ အဘက်ဘက်က စားသုံးကုန်၊ ကုန်သွယ်ခွန် အခွန်တွေတော်တော်များများ တိုးပေးနေရတဲ့အချိန်မှာ တဘက်ကကြတော့ လူတစု လူနည်းစုတစုကိုကြတော့ ကာလပေါက်ဈေးနဲ့ မကောက်ဘဲနဲ့ အထူးအခွင့်အရေးပေးတဲ့ အနေအထားတွေကို ကျမတို့ တွေ့နေရတယ်။ ဒါကြောင့်မို့လို ကျမ ဒီတိုင်စာကို မဖြစ်မနေ တိုင်ရခြင်းဖြစ်တယ်။

မနှစ်ကလည်း လွှတ်တော်ထဲမှာ ဒီလိုပဲ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ အစိုးရက ပြန်ပြီးတော့ အရေးယူတဲ့အပိုင်းမှာ အားရကျေနပ်ဖွယ် မရှိဘူး။ ဒါကြောင့်လဲ ဒီနှစ်လည်း လွှတ်တော်မှာ ဆွေးနွေးပေမယ့်လဲ လွှတ်တော်နောက်ဆုံးနှစ်မှာ ပြန်လည်ပြီးတော့ ဖြေရှင်းတာတို့၊ ကျေနပ်လောက်တဲ့ တင်ပြချက်တွေကို မတွေ့ရဘူး။ ဒါကြောင့်မို့ ကျမက ဒီနစ်နာဆုံးရှုံးမှုတွေကို ပြည်သူ့အတွက် ပြန်ရပါစေတော့လို့ဆိုပြီး ရည်ရွယ်ပြီးတော့ ဒီလိုပြန်တိုင်ကြားတာ ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကျနော် အခုနမေးခွန်းကိုပဲ ထပ်ပြီးတော့ ပြန်ကောက်ရရင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အရင်အစိုးရက နှစ်ရှည်သဘောတူညီချက်တွေနဲ့ ငှားရမ်းခဲ့တဲ့ ကတိကဝတ်တွေကြောင့် ပြုပြင်ရတာ၊ ပြန်လည်ပြင်ဆင်ရတာ ခက်တာမျိုး ရှိမလားလို့ တွေးမိလို့ပါ။

ဒေါက်တာညိုညိုသင်း ။ ။ကျမတို့ ဒီလိုမျိုးတွေးရင်လည်း ရပါတယ်။ ဒါပေမဲ့ ကျမတို့ ဖွဲ့စည်းပုံအခြေခံမှာ သေသေချာချာ ပြောထားပါတယ်။ အစိုးရတရပ်က ဘယ်လောက်ပဲ စာချုပ်တွေချုပ်ခဲ့၊ အဲဒီစာချုပ်က တရားမျှတမှု မရှိဘူး၊ ပြည်သူလူထုအတွက် နစ်နာတယ်ဆိုလို့ရှိရင် ကျမတို့ ဒီစာချုပ်တွေကို ပယ်ဖျက်နိုင်ပါတယ်။ အဆုံးစွန်ဆုံး မြစ်ဆုံစီမံကိန်းလို့ဟာမျိုး ကျမတို့ ပြည်သူတွေအတွက် တရားမျှတမှု မရှိဘူးဆိုလို့ရှိရင် ပြန်ပြီးပယ်ဖျက်နိုင်တာ၊ ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီလုပ်ပိုင်ခွင့် အစိုးရမှာ ရှိပါတယ်။ ရှိတဲ့အတွက်ကြောင့်လည်း အရင်တုန်းက သုညဒဿမလေးကျပ်နှုန်းကနေ (၃၂) ကျပ်ကို တိုးမြှင့်ပြီးေးတာ့ ကောက်ခံတာ ဖြစ်ပါတယ်။ အဲဒီတော့ စာချုပ်တွေက အရင်အစိုးရ ချုပ်ခဲ့တာ မှန်ပါလိမ့်မယ်။ အရင်အစိုးရက စာချုပ်ချုပ်တဲ့ နေရာမှာလည်း အဲဒီအချိန်ကတည်းက ကျမတို့ အဂတိတိုက်ဖျက်ရေး ဥပဒေဆိုတာ ပေါ်ပြီသာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ၂၀၁၃ စက်တင်ဘာလ နောက်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့ အရင်အစိုးရက လုပ်ခဲ့ရင်လည်း အဲဒီအစိုးရမှာ အဲဒီလိုစာချုပ်မျိုးလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူလူထုရဲ့ ထိခိုက်နစ်နာမှု ထင်ရှားလို့ရှိရင် အဲဒီလုပ်ခဲ့တဲ့ အစိုးရက တာဝန်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ ဒီတိုင်စာကို တိုင်တဲ့အခါမှာ ဘယ်အစိုးရလို့ ကျမ မပြောပါဘူး။ ကော်မရှင်က ဘယ်အစိုးရ တာဝန်ရှိတယ်ဆိုတာကို ကော်မရှင်က ဆုံးဖြတ်ပါလိမ့်မယ်။

ဦးသိန်းထိုက်ဦး ။ ။ လက်ရှိ တာဝန်ယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအောက်မှာကရော အခုလို ဂရန် ချပေးတာ၊ နောက်ပြီးတော့ တင်ဒါ ခေါ်ယူတာ၊ မြို့သစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုနစ်နာတယ်ဆိုတဲ့ အချက်တွေကော တွေ့ရှိထားတာတွေ ရှိပါသလား။

ဒေါက်တာညိုညိုသင်း ။ ။ အဲဒါတွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအရဆိုရင် လက်ရှိ အစိုးရလက်ထက်မှာလည်း လူထုနစ်နာတဲ့ စီမံကိန်းတွေ၊ လူထုအတွက် အရှုံးပေါ်တဲ့ စီမံကိန်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျမတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒါတွေကို ဘယ်လိုအရေးယူမလဲဆိုတဲ့ အပိုင်းမှာတော့ ကော်မရှင်ပေါ်မှာ အများကြီးမူတည်ပါတယ်။ ခိုင်လုံတဲ့အထောက်အထားတွေ လိုပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာက စာရင်းစစ်ချုပ်က အစီရင်ခံစာတို့လိုမျိုး၊ တခါ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ကော်မတီတွေရဲ့ တင်ပြချက်လိုမျိုး အဲဒါတွေဆိုရင်တော့ ခိုင်လုံတဲ့ အထောက်အထားတွေလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ အပြင်မှာ အရပ်သူအရပ်သားက ပြောတဲ့ကိစ္စတွေကိုတော့ သာမန်ပြောဆိုတဲ့ကိစ္စတွေကိုတော့ ကော်မရှင်က ခိုင်လုံတဲ့အထောက်အထားလို့ မှတ်ယူဖို့ ခဲယဉ်းပါလိမ့်မယ်။ အဲဒီတော့ ဒါဟာ ကော်မရှင်က ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအညီ လုပ်ရမယ့်အပိုင်းတွေ အများကြီးပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်မှာ တချို့လွှတ်တော်အတွင်းမှာ ဝေဖန်တာတွေ၊ အပြင်ကဝေဖန်တာတွေကို ကျနော်တို့ ကြားပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့၊ နောက်ပြီးတော့ စည်ပင်သာယာအနေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို စနစ်တကျ စီမံခန့်ခွဲမှုမှာ အားနည်းတယ်ဆိုပြီးတော့ ဝေဖန်ကြတာတွေလည်း ကြားနေရပါတယ်။ တခုက လွှတ်တော်ရဲ့ အခန်းကဏ္ဍ - ရန်ကုန်တိုင်းဒေသလွှတ်တော်အနေနဲ့ လွှတ်တော်အမတ်တွေရဲ့ ဝေဖန်တင်ပြချက်တွေက ထိရောက်မှု ရှိတယ်လို့ မြင်ပါသလား။

ဒေါက်တာညိုညိုသင်း ။ ။ ဒီနေ့အထိတော့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေက ကျမအနေနဲ့ ချီးကျူးပါတယ်။ ထိရောက်မှု ရှိတယ်၊ မရှိဘူးဆိုတာကတော့ အစိုးရပေါ်မှာ အများကြီး မူတည်ပါတယ်။ အစိုးရက လွှတ်တော်ကော်မတီတွေရဲ့ တင်ပြချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေကို အလေးထားမှပဲ ဖြစ်မှာပါ။ အခုတော့ ကျမတို့ တွေ့နေရတာက လွှတ်တော်ကော်မတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တချို့အပေါ်မှာ အစိုးရအနေနဲ့ အလေးထားမှုအပိုင်းမှာ အရမ်းကို အားနည်းနေတယ်လို့ ထင်ပါတယ်။ အမှန်က စာရင်းစစ်ချုပ် အစီရင်ခံစာဆိုတာက ကျမတို့ ဒီထက်အများကြီးမျှော်လင့်ထားပါတယ်။

ဒါပေမဲ့ စာရင်းစစ်ချုပ်ဟာ ကျမအနေနဲ့ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ - သူထင်သလောက်၊ သူ့ရဲ့လုပ်ပိုင်ခွင့် ရှိသလောက် စာရင်းစစ်ခွင့် မရသေးပါဘူး။ မရသေးတဲ့အတွက်ကြောင့် အခုလောက်စစ်ခွင့် ရတာတောင်မှ လွှတ်တော်ထဲက ကော်မတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက အထူးသဖြင့် ဦးကျော်ဇေယျ၊ ဒေါ်စန္ဒာမင်းတို့လို့ သူတို့တွေက စာရင်းစစ်ချုပ်ကို သူလုပ်ရမယ့်အလုပ်ကို လုပ်ပေးပါလို့ အဆိုတင်သွင်းတဲ့အတွက်ကြောင့်မို့ ဒီလောက်ထိ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီတော့ ပြောချင်တာက စာရင်းစစ်ချုပ်က သူလုပ်ချင်သလောက်၊ သူ့မှာလုပ်ပိုင်ခွင့်ရှိသလောက် လုပ်ခွင့်မရသေးတဲ့ အနေအထားကို ကျမတို့ တွေ့နေရပါသေးတယ်။ ဒါကြောင့်မို့ အခုနလို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးစွဲတဲ့အခါမှာ အများကြီး လူတွေပြောစရာ ဆိုစရာဖြစ်အောင် ရှိတယ်ဆိုတာ မှန်သော်လဲပဲ အဲဒါတွေသည် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရတော့ ပြည်သူလူထုရဲ့ နစ်နာမှုဖြစ်ကြောင်း ကျမတို့ အခုထိ မတွေ့ရသေးပါဘူး။

တကယ်လိုများ ရန်ကုန်တိုင်းအစိုးရရဲ့ ဆောင်ရွက်မှုတွေသည် ပြည်သူတွေရဲ့ နစ်နာမှုတွေ ဖြစ်တယ်ဆိုလို့ရှိရင် ကျမတို့ နောက်တခါ အလုပ်လုပ်ရမယ့် ပုံစံ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အခုအချိန်မှာတော့ စာရင်းစစ်ချုပ်ကိုယ်တိုင်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှု ဖြစ်တယ်လို့ ပြောတဲ့ကိစ္စတချို့ကိုပဲ နမူနာအနေနဲ့ တင်ပြထားခြင်း ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီဟာက ကျော်စောမှုအရ ပြည်သူတွေ ပြည်သူ့ဘဏ္ဍာတွေ ထိခိုက်မှုဆိုတာကို အတည်ပြုခဲ့မယ်၊ ဒီစာကို အရေးယူမယ်ဆိုလို့ရှိရင် ဒီစာရဲ့ အကျိုးဆက်အနေနဲ့ ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

ဒေါက်တာညိုညိုသင်း ။ ။ ကျမကတော့ ဒီစာကို တိုင်ကြားတဲ့အခါမှာ ကျမ ခဏခဏလည်း ပြောပါတယ်။ ပုဂ္ဂိုလ်တဦးတယောက်ကို နစ်နာစေချင်လို့၊ အဖွဲ့အစည်းတခုကို ဆုံးရှုံးစေချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျမ ဒီစာကို တင်ပြတာဟာ ပြည်သူလူထုက အနည်းဆုံး ဘီလီယန် ခြောက်ဆယ်ခန့် နစ်နာနေတယ်ဆိုတာ ထင်ရှားတဲ့အတွက်ကြောင့်မို့ ကျမ တိုင်ကြားတာပါ။ အဲဒီတော့ ကျမတို့ နိုင်ငံမှာ ဘီလီယန်ခြောက်ဆယ်ဆိုတဲ့ ပိုက်ဆံ မနည်းပါဘူး။ ဒါကြောင့် ပြည်သူလူထု ဆုံးရှုံးနေတဲ့ ဘီလီယန်ခြောက်ဆယ်ကို တနည်းနည်းနဲ့ ပြည်သူလူထုလက်ဝယ်ကို ပြန်ရနိုင်မယ်ဆိုရင် ကျမ တိုင်ရကျိုးနပ်တယ်လို့ပဲ ပြောရမှာပေါ့။ ဒီကိစ္စကို ပြန်ဖြေရှင်းတဲ့အခါမှာတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက နည်းအမျိုးမျိုးနဲ့ ပြန်ပြီးတော့ Cover လုပ်ကြမယ်၊ ဖြေရှင်းကြမယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျမက ကော်မရှင်နဲ့ ပြည်သူလူထုကို အစိုးရကို ပြောချင်တာ တခုက ကျမတိုင်တဲ့နေရာမှာ ပတ်သက်နေတဲ့ လူတွေဟာ ဆယ်သက်စားမကုန်တဲ့ ပိုင်ဆိုင်မှုတွေရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မျှော်ကိုးပြီးတော့ ကိုယ်ရထားတဲ့ ကိုယ်မတရားရယူထားတဲ့၊ တရားဥပဒေနဲ့အညီ မဟုတ်ဘဲ ရယူထားတဲ့ ပြည်သူ့ဘဏ္ဍာတွေ၊ ပြည်သူ့ပိုင်ဆိုင်မှုတွေကို ပြန်ပေးကြပါ၊ ပြန်လျော်ပေးကြပါလို့ပဲ ထပ်ခါထပ်ခါ တိုက်တွန်းပါတယ်။ ဘာကြောင့် အကြွေးပြန်တောင်းတဲ့လူတွေက တကယ့်ကို ချမ်းသာပြီးတဲ့လူတွေ ဖြစ်နေလို့ပါ။ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် ဆယ်သက်လောက် စားမကုန်တဲ့ လူတွေ ဖြစ်နေလို့ပါ။

ဦးသိန်းထိုက်ဦး ။ ။ ကျေးဇူးတင်ပါတယ် ဆရာမ။