ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်သူ ဦးဘိုလှတင့်နဲ့ သမ္မတ အိုဘားမားအနေနဲ့ သူ့ သမ္မတအစိုးရ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေနဲ့ ကျင့်သုံးဆောင်ရွက်လုပ်ကိုင်သွားမယ်ဆိုတာကို ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဒုတိယသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမယ့် သမ္မတ အိုဘားမားအနေနဲ့ ဒီ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေ ကျင့်သုံးလာမယ်ဆိုတာကို ဆွေးနွေးထားပါတယ်။ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ဦးဘိုလှတင့်အနေနဲ့ သမ္မတ အိုဘားမားဟာ ပထမသက်တမ်းမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုအပေါ်မှာ တိုးတက်မှုတွေရှိအောင် လုပ်သွားနိုင်ခဲ့တယ်ဆိုရင် အဲဒီလို လုပ်နိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေက ဘာကြောင့်လဲဆိုတာကို အရင်ရှင်းပြပါ။
ဦးဘိုလှတင့် ။ ။ ပထမအချက်ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ သူတို့က pragmatic engagement လို့ခေါ်တဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပေါ်လစီကို စပြီးတော့ ကျင့်သုံးတယ်ဆိုတာကို အားလုံးအသိပါ။ ဒီ သမ္မတသက်တမ်းမှာ ပထမဦးဆုံး အဆင့်မြင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်တို့၊ သမ္မတအဆင့်တို့ ခေါင်းဆောင်ပိုင်းတွေ မြန်မာနိုင်ငံကို သွားပြီးတော့ လည်ပတ်ခဲ့တယ်။ အဲဒီ မတိုင်ခင်ကတည်းကိုက စစ်အစိုးရဖြစ်နေတဲ့ကာလမှာကိုက - engagement သဘောမျိုးဆောင်တဲ့ ချဉ်းကပ်မှုပြောင်းလဲမှု။ တဖတ်ကလည်း ဖိအားပေးရေး ဆောင်ရွက်မှု၊ တဖတ်ကလည်း ပျော့ပျောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ချဉ်းကပ်မှုပုံသဏ္ဍာန် ကျင့်သုံးခဲ့တဲ့အတွက်ကို ဒီ အမေရိကန်ပြည်ထောင်စုရဲ့ pragmatic engagement လို့ခေါ်တဲ့ သူ့ပေါ်လစီက မူဝါဒရဲ့ အကျိုးရလဒ်တွေ ပြောလို့ရမယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒဏ်ခတ်မှုသက်သက် မဟုတ်ဘဲနဲ့ တဖတ်ကလည်း ညှိနှိုင်းပြီးတော့ ဆွေးနွေးသွားရအောင်ပါဆိုတဲ့ မူဝါဒဟာ လက်တွေ့ရလဒ်တွေ ပေါ်ခဲ့တယ်ဆိုတဲ့ သဘောပေါ့။
ဦးဘိုလှတင့် ။ ။ ဟုတ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီလမ်းကြောင်းပေါ်ကိုရောက်အောင် ဘယ်လိုအခြေအနေတွေက တွန်းပို့ခဲ့သလဲဆိုတာလေးကို တချက်လောက် ရှင်းပြပါလား။
ဦးဘိုလှတင့် ။ ။ ဒါကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက အရှေ့တောင်အာရှအသင်းဝင် နိုင်ငံတခုဖြစ်နေတဲ့အပြင်၊ ကနေ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြားထဲမှာ ရှိနေတဲ့ မဟာဗျူဟာကျတဲ့ နိုင်ငံတခုလည်း ဖြစ်နေတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲသွားဖို့ ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်သွားဖို့အတွက်ကို ကျနော်တို့ ဖိအားပေး အရေးယူဆောင်ရွက်မှု နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပေမယ်လို့ ဒေသဆိုင်ရာ အချက်အလက်တွေအရကိုက အပြောင်းအလဲ၊ အကိုင်အတွယ် မမှန်လို့ရှိရင် ပြုပြင်ပြောင်းလဲရေးဟာ ခက်လိမ့်မယ်လို့ အိုဘားမားအစိုးရက သုံးသပ်ခဲ့ပုံ ရပါတယ်။ ဒါကြောင့်မို့လည်း သူ့လက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တွေ့ကြုံရင့်ကြတ်တဲ့ ပုဂ္ဂိုလ်တွေအားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဒီပေါ်လစီကို ပြောင်းလဲဖို့ ကြိုးစားတယ်။ အဲဒီလို ပြောင်းလဲစေတဲ့အချက်ကလည်း အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ အကြံပြုမှုတွေလည်းပါမယ်။ အာဆီယံနိုင်ငံတွေရဲ့ အကြံပြုမှုတွေလည်းပါမယ်။ နောက် အဓိကအချက်တခုကတော့ တရုတ်နိုင်ငံရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ သြဇာကြောင့်လည်းဖြစ်မယ်လို့ ယူဆလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုလှတင့်ပြောသလို ဒါက နိုင်ငံရေးအကြောင်းတွေ။ နောက်ပြီးတော့ နှစ်ပေါင်းကြာရှည်စွာ ဖိအားပေးမှုသက်သက်နဲ့ လုပ်နေခဲ့ပေမယ့် တိုးတက်မလာတာကို သုံးသပ်မိတယ်ဆိုတဲ့ အချက်တွေကြောင့်လည်း ပါတာပေါ့။ ဒီနေရာမှာ စောစောကပြောသလို တရုတ်နိုင်ငံက တဖတ်က ကြီးထွားလာတယ်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ။ ဒါမှမဟုတ်လို့ရှိရင်လည်း ကိုရီးယားလုပ်ငန်းရှင်တွေ ကြီးစိုးလာမှုအပေါ်ကို ဂျပန်တွေ၊ ဒီဖက်က ဥရောပနဲ့ အမေရိကန်က စီးပွားရေးသမားတွေက စိုးရိမ်မကင်း ဖြစ်လာပြီးတော့ ဒီကိစ္စအပေါ် စီးပွားရေးအရ ဖိအားပေးမှုတွေကြောင့် ပြောင်းလဲလာတာလို့ရော မဆိုနိုင်ဘူးလား။
ဦးဘိုလှတင့် ။ ။ စီးပွားရေးကလည်း အဓိကကျတဲ့အချက်တချက်တော့ ဖြစ်ပါတယ်။ ဘာလဲဆိုတော့ နောင် ဒီဒေသအတွင်းမှာ ရှိနေတဲ့ အာဏာချိန်ခွင်လျှာ မျှခြေတည်ငြိမ်အောင် ထိန်းသိမ်းဖို့သည်ပင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ သိပ်ပြီးတော့ နီးစပ်နေတာ။ တရုတ်ရဲ့ သြဇာခံနိုင်ငံတခုလို ဖြစ်နေတာတို့။ တရုတ် စီးပွားရေးအရ လွှမ်းမိုးမှု အင်မတန်ကြီးမားလာတာဟာ စီးပွားရေးအရတင်ပင် အမေရိကန်နဲ့ အနောက်အုပ်စုကို နောက်ကျစေတာတင် မဟုတ်ဘူး။ နိုင်ငံရေးအရပါ စိုးရိမ်စရာ၊ လုံခြုံရေးအရပါ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ရောက်လာတယ်။ အထူးသဖြင့်တော့ အားလုံးသိတဲ့အတိုင်းပါပဲ တရုတ်နဲ့ ဆက်ဆံရေးကောင်းလာသလို၊ တဖတ်က တရုတ်က လစ်လှူရှု့ထားတဲ့ အောက်မှာပဲ မြောက်ကိုရီးယားနိုင်ငံလို စစ်အာဏာရှင်။ အာဏာရှင်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြောင်းပြောင်းတင်းတင်း လုပ်လာတဲ့ အနေအထား။ နျူကလီးယားနည်းပညာတွေ လေ့လာလာတဲ့ အနေအထားတွေကြောင့်လည်းပဲ ပါတယ်လို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးဘိုလှတင့် ပြောသွားတဲ့အထဲမှာ အာဏာချိန်ခွင်လျှာမျှခြေဖြစ်အောင် လုပ်ဖို့အချက်တချက် ပါပါတယ်။ အဲဒီတော့ သမ္မတအိုဘားမားရဲ့ သမ္မတ ပထမသက်တမ်းမှာ အာရှဒေသအတွင်းမှာရှိတဲ့ အရှေ့တောင်အာရှထဲမှာရှိတဲ့ မြန်မာနိုင်ငံ။ တရုတ်နိုင်ငံလို သြဇာခံဖြစ်နေတဲ့ မြန်မာနိုင်ငံအပေါ်ကို လက်တွေ့ကျ ဆက်ဆံရေး မူဝါဒနဲ့ ပြောင်းလဲဆက်ဆံပြီးတော့ ဒီဘက်ကို သိမ်းသွင်းပြီးတဲ့အခါကြတော့ အခုနောက်ပိုင်းမှာ အမေရိကန်က ကြေညာလာတဲ့ အာရှဒေသကို ချိန်ခွင်လျှာခွချက် ထားနိုင်ရေး မူဝါဒ။ တရုတ်နိုင်ငံကို မျှဖို့ဆိုတော့။ ဒါဟာ စနစ်တကျ အကွက်ချပြီး လုပ်လာတဲ့ အခြေအနေလို့ မြင်သလား။
ဦးဘိုလှတင့် ။ ။ မလွှဲမသွေ လုပ်ရမယ့် အနေအထားရောက်လာလို့ လုပ်ရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အားလုံးကြည့်မယ် ဆိုလို့ရှိရင် တရုတ်ရဲ့ အင်အားကြီးမှုဟာ အရှေ့တောင်အာရှ၊ အာရှဒေသ တခုတင်မဟုတ်ပါဘူး။ ကမ္ဘာတဝှမ်းကိုက တော်တော်ကြီးကြီးမားမား ဖြစ်လာသလို။ ကမ္ဘာတလွှာမှာ။ အာရှမှာ ပူးပေါင်းဆောင်ရွက်မှုတွေ။ ဒါတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဥရောပသမဂ္ဂတို့။ နောက် စီးပွားရေး မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံတို့အတွက် အင်မတန်မှကို မဟာဗျူဟာအရကို ပြန်လည်သုံးသပ်ရမယ့် အနေအထား ရောက်လာလို့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရတဲ့ အနေအထားဖြစ်တယ်လို့ မြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အာရှဒေသတခွင်လုံးကို ခြုံတဲ့မူဝါဒအကြောင်းကို မပြောခင်မှာ ဗမာနိုင်ငံနဲ့ ပတ်သက်တဲ့ မေးစရာလေးတချက်။ အထူးသဖြင့် သမ္မတအိုဘားမားရဲ့ ပထမသက်တမ်းကာလအတွင်းမှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ တကယ့်ကို တဟုန်းထိုး တိုးတက်သွားခဲ့တယ်။ ခုန်ပျံပြီးတော့။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစိုးရဟာ အမေရိကန်နဲ့ အနောက်အုပ်စုဘက်ကို လုံလုံလျားလျား ရောက်လာပြီလို့ ဦးဘိုလှတင့်တို့အနေနဲ့ ယူဆပါသလား။
ဦးဘိုလှတင့် ။ ။ အဲဒါကတော့ အခုအချိန်မှာ ပြောဖို့တော့ စောသေးတယ်လို့ ထင်ပါတယ်။ တဖက်ကလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ အင်အားစုကတော့ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံများ သမဂ္ဂနိုင်ငံတွေအပါအဝင် အနောက်အုပ်စုနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးပမ်းနေသလို။ တဖက်ကလည်း အိမ်နီးနားချင်းနိုင်ငံတွေနဲ့ သဟဇာတဖြစ်ရေးကို အဓိကထားပြီးတော့ မျှခြေ သူတို့အနေနဲ့လည်း ကြိုးပမ်းပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီလက်ရှိ အနေအထားမှာတော့ မြန်မာနိုင်ငံမှာကိုက ဘယ်သူက အဓိက အာဏာရှိသလဲဆိုတာကို ပြောဖို့ ခက်ခဲနေသေးတဲ့ အနေအထားဖြစ်တဲ့အတွက် မြန်မာနိုင်ငံတခုလုံးရဲ့ ပေါ်လစီဟာ တကယ်ပဲ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းဖို့ လုပ်တယ်လို့ တကယ်ပဲ ပြောရဖို့ စောသေးတယ်လို့ပဲ ကျနော် ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ခြုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေးမှာ တိုးတက်လာတယ်ဆိုပေမယ့် တဖက်က အိမ်နီးချင်း အဓိက အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာဆိုရင်တော့ အဖုအထစ်တွေ ရှိနေခဲ့သလိုပဲ။ အထူးသဖြင့် မြစ်ဆုံကိစ္စ။ နောက်ပိုင်း ကချင်ပြည်ဘက်မှာ ကေအိုင်အေ နဲ့ တိုက်ပွဲတွေကိစ္စမှာ တရုတ်နိုင်ငံဘက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်လာတဲ့ကိစ္စ။ ဒါတွေကို ကြည့်မယ်ဆိုလို့ရှိရင် အရင်တုန်းက ဗမာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် ဒီလို ဝေဖန် ပြောကြားတာ မရှိဘဲနဲ့ တိတ်တိတ်စိတ်စိတ်ပဲ ညှိနှိုင်းဆောင်ရွက်လေ့ရှိတဲ့ တရုတ်နိုင်ငံဟာ ဗမာနိုင်ငံနဲ့ ပတ်သက်လို့ အခု နည်းနည်းလေး ပြောလာတာတွေဟာ မြန်မာနိုင်ငံက အမေရိကန် အပါအဝင် အနောက်အုပ်စုတွေနဲ့ နီးစပ်လာတာကို မကျေနပ်တဲ့သဘောလို့ ယူဆလို့ ရနိုင်သလား။
ဦးဘိုလှတင့် ။ ။ တရုတ်ကလည်း စိုးရိမ်ဖို့အကြောင်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရင်ကဆို အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားပေး၊ အရေးယူမှုဆိုတဲ့ ချဉ်းကပ်မှုအပေါ်မှာ အရှေ
့တောင်အာရှ စီးပွားရေးသမားတွေနဲ့ အထူးသဖြင့်တော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ အတွက်ကတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဆိုတဲ့အတိုင်းပဲ အခွင့်ကောင်းဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံကလည်း တစုံတရာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်လာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တောင်းဆိုသံတွေ ပိုပြီးတော့ ကျယ်ပြန့်ကျယ်လာတယ်။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေလည်းပဲ တစုံတရာ အတိုင်းအတာအထိ ရှိလာတယ်ဆိုတဲ့အပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ သူရဲ့ အာဏာချိန်ခွင်လျှာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့သည်ပင်လျှင် ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတခုလုံးမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အရင်တုန်းက သူ ပုံသေကားချပ် ချဉ်းကပ်မှုတွေနဲ့ သွားလို့မရဘူးလို့ ယူဆစိုးရိမ်လာပုံ ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀) (၃၀) အတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရအောင်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အနောက်အုပ်စုနိုင်ငံတွေအနေနဲ
ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀) (၃၀) အတွင်းမှာက လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ပြီးတော့ ဖိအားပေးမှုတွေ၊ ဝေဖန်ပြောဆိုမှုတွေပဲ ရှိခဲ့တယ်။ လက်တွေ့အားဖြင့် ကူညီမှု၊ ပံ့ပိုးမှုဆိုတာက မပြောပလောက်ဘူးပေါ့။ တဖက်မှာ ပြန်ကြည့်ရင်တော
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တခြားလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ငွေကြေးချေးငှားမှုတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံရဲ့ ပေးအပ်ခဲ့တဲ့ ပမာဏတွေကလည်း ယှဉ်လိုက်မယ်ဆိုရင်တော့ အနောက်အုပ်စုနိုင်ငံတွေထက် အများကြီးဖြစ်နေတယ်။ ဒီကြားထဲမှာပဲ မြန်မာနိုင်ငံဘက်က ပြည်သူတွေအနေနဲ့က တရုတ်နိုင်ငံအပေါ်ကို မကျေမချမ်းဖြစ်ရတဲ့ဟာတွေက ဘယ်လိုအချက်တွေကြောင့်လဲဆိုတာကို သုံးသပ်ပြပါ။
ဦးဘိုလှတင့် ။ ။ သိတဲ့အတိုင်းပါပဲ တရုတ်နိုင်ငံ မူဝါဒက အထူးသဖြင့်တော့ တရုတ်စီးပွားရေးလုပ်ငန်း။ ဥပမာအားဖြင့် ရင်းနှီးမြှပ်နံှမှုတွေ ဆောင်ရွက်တယ်ဆိုပါတော့ ရင်းနှီးမြှပ်နှံမှုကို ကြိုဆိုတယ်ဆိုတာ နိုင်ငံတကာ ရင်းနှီးမြှပ်နံှမှုကို ကြိုဆိုတယ်ဆိုတာက ဒေသခံပြည်သူလူထုတွေအတွက် လုပ်ငန်းကိုင်ငန်းအသစ်တွေ၊ အခွင့်အလမ်းတွေ ပေါ်ပေါက်လာအောင်။ တဖက်ကလည်း တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသလို ဒေသခံပြည်သူလူထုကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကျနော်တို့ ကြိုဆိုကြတာ ဖြစ်ပါတယ်။ သို့သော် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတင်မက တခြားတိုင်းပြည်တွေမှာ လုပ်လေ့ရှိတဲ့ ရင်းနှီးမြှပ်နံှမှု ကုမ္မဏီကြီး။ ဘယ်လောက်ကြီးမားတဲ့ စီမံကိန်းဖြစ်စေ။ သူတို့က ကားမောင်းတဲ့ ဒရိုင်ဘာကအစ ထိပ်တန်းအရာရှိကြီးအထိ သူတို့လူမျိုးတွေကိုပဲ သုံးလေ့ရှိပါတယ်။ အဲဒီလိုကိစ္စတွေက ကျနော်တို့ လက်ရှိမြန်မာနိုင်ငံမှာလည်း ဖြစ်ပျက်နေသလို၊ တခြား အာဖရိကနဲ့ တခြား နိုင်ငံတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအချက်တချက်အနေနဲ့ တရုတ် ရင်းနှီးမြှပ်နံှမှု ပုံသဏ္ဍာန်နဲ့ သူ့ရဲ့ လူအင်အားကို တခြားနိုင်ငံတွေမှာ ဖြန့်ကြက်ပြီးတော့ အဲဒီတခြားလူတွေကို အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖွင့်ပေးတဲ့ အားနည်းတဲ့အခြေခံပေါ်မှာ သက်ဆိုင်ရာ ဒေသခံနိုင်ငံတွေက ကျေနပ်မှုမရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း အချက်တချက်အနေနဲ့ တခုဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အစဉ်အလာအားဖြင့် ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ဘူးသလို။ ဒီမိုကရေစီဘက်ကို ပိုပြီးတော့ အားသာတဲ့လူမျိုးနဲ့ အားသာတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဘာပဲပြောပြော အနောက်အုပ်စုနဲ့ သဘောထားကွဲလွဲပြီးတော့ စစ်အာဏာရှင်ကြောင့်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေခွါသွားတဲ့မှာ ကျန်တဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုပဲဖြစ်ဖြစ်၊ ပူးပေါင်းဆောင်ရွက်မှုလို့ပဲဆိုဆို ဒီလက်အောက်ကို ရောက်ခဲ့ရတယ်။ အဲဒီတော့ အခုလို အခွင့်အလမ်းတွေ ပြန်ရမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေဘက်ကလည်း ကြိုးပမ်းလာမှု ရှိလာတဲ့အခါမှာတော့ အနောက်နိုင်ငံဖြစ်တဲ့ ဒီမိုကရေစီအင်အားစုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုပြီးတော့ ကောင်းအောင်ကြိုးပမ်းချင်တဲ့ အခြေခံပေါ်မှာ ညာဘက်ကိုလိုက်မယ်ဆိုရင်တော့ ဘယ်ဘက်နဲ့ တဖြည်းဖြည်း ဝေးသွားတယ်ဆိုတဲ့ဟာ လက်တွေ့ကျတဲ့ အဖြေဖြစ်တယ်လို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟိုဘက်ဒီဘက် အတိအကျ မကွဲခင်မှာ ဗမာနိုင်ငံဟာ လာမယ့်နှစ်တွေအတွင်းမှာတော့ အမေရိကန်ရဲ့ အာရှရေးရာ မူဝါဒ အခြေခံဖြစ်တဲ့ တရုတ်နိုင်ငံကို ချိန်ခွင်လျှာမျှထားနိုင်ရေး၊ ခွချက်ထားနိုင်ရေး အခြေအနေအရ မူဝါဒတွေအရဆိုရင်လည်း စီးပွားရေးအရ၊ နိုင်ငံရေးအရ အားပြိုင်တဲ့ မြေပြင်ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိနေတာပေါ့။
ဦးဘိုလှတင့် ။ ။ မြန်မာနိုင်ငံ လက်ရှိအနေအထားမှာ တနိုင်ငံတည်းအနေနဲ့ ဒီလောက် အဓိက မကျလောက်ပါဘူး။ သို့သော် အရှေ့တောင်အာရှ တခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာလည်း မဟာဗျူဟာအရ။ အထူးသဖြင့်တော့ အခုန ပြောသွားတဲ့ တရုတ်နိုင်ငံနဲ့ ချိန်ခွင်လျှာမျှခြေ ထားရှိရေးကိစ္စမှာတော့ အထူးသဖြင့် ဒီအချက်က အဓိကကျတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ တကယ်ပဲ လက်ရှိ စဉ်းစားထားချက်တွေနဲ့ ဒီမူဝါဒအရ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေဟာ ဘယ်လောက်အောင်မြင်မလဲဆိုတဲ့ အခြေခံပေါ်မှာ အရှေ့တောင်အာရှတခုလုံးနဲ့ ပတ်သက်တဲ့ မူဝါဒ ချဉ်းကပ်မှုအသစ် အောင်မြင်မှု မအောင်မြင်မှုအထဲမှာ တော်တော် အဓိကကျတဲ့ အချက်တချက်ဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်သူ ဦးဘိုလှတင့်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။ ဦးဘိုလှတင့် ဟာ အခုဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွှန့်ပေါင်းအစိုးရရဲ့ အမေရိကန်ဆိုင်ရာဝန်ကြီးတဦးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။