ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးဆင်ဆာအဖွဲ့ ဖျက်သိမ်းလိုက်ပြီမို့ ပုံနှိပ်မီဒီယာလောကမှာ အတော်အတန် လွတ်လပ်လာပြီလို့ ဆိုပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြားအပါအဝင် တခြားကန့်သတ် ဥပဒေတွေနဲ့ ထုတ်ဝေခွင့် မှတ်ပုံတင်ကိစ္စတွေမှာ တင်းကြပ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာသတင်းအယ်ဒီတာချုပ် ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုတိယ ဥက္ကဋ္ဌတဦးလည်းဖြစ်တဲ့ ဦးသီဟစော ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသီဟစော ။ ။ အကုန်လုံး လွတ်လပ်ခွင့် ပြုလိုက်ပြီလို့တော့ မပြောနိုင်သေးဘူး။ ကျနော်တို့ အခု print media တွေ။ ခါတိုင်းဆိုရင် ထုတ်နေကြတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ လုံချင်းတွေ ပုံနှိပ်မီဒီယာက လူတွေကတော့ ဆင်ဆာမရှိတာကြောင့်မို့ အရင်ထက်ဆရင် အများကြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဒါပေမဲ့ broadcast media က လူတွေမှာတော့ ရှိတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့အသံနဲ့ ပုဂ္ဂလိကနဲ့ .. MRTV 4, Skynet သူတို့က တခြားပရိုဂရမ်တွေမှာ လွတ်လွတ်လပ်လပ် တော်တော်များများ ရတယ်ဆိုပေမယ့် entertainment, sport တို့။ သတင်းမှာတော့ သူတို့မှာ အကန့်အသတ်တွေ ရှိတုန်းပဲ။ ဆိုတော့ အားလုံးခြုံကြည့်မယ်ဆိုရင်တော့ အရမ်းလွတ်လပ်တယ်လို့ ပြောလို့မရသေးဘူး။ Print media နေရာကနေ ကြည့်မယ်ဆိုရင်တော့ အရင်ထက်ဆရင် တော်တော်ကြီးကို လွတ်လပ်ခွင့် ပိုရလာပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာသတင်းဆင်ဆာဘုတ်အဖွဲ့ ဖျက်သိမ်းလိုက်တာက မြန်မာ့သတင်း လွတ်လပ်မှုအခြေအနေမှာ မှတ်တိုင်တစ်ခုပေါ့။ အဲဒီတော့ မြန်မာသတင်းဆင်ဆာဘုတ်အဖွဲ့ မရှိတဲ့နောက်ပိုင်းမှာ တခြား ဘာထိန်းချုပ်မှုတွေ ရှိနေသေးလို့လဲ။ အထူးသဖြင့် နှစ်ပိုင်းခွဲပြောပေါ့။ Print media သတင်းစာလောကနဲ့ ရုပ်သံလောက အဲဒါတွေမှာ ဘယ်လိုသီးခြားစီ ချုပ်ထိန်းမှုတွေ ရှိနေလို့လဲ။
ဦးသီဟစော ။ ။ Print media ကို အရင်ပြောရအောင်။ စာပေစီစစ်ရေးလို့ ခေါ်နေကြတာ သူက အမှန်တော့ PSR (Print ) စာပေစီစစ်ရေးနဲ့ ပုံနှိပ်မှတ်ပုံတင်ဌာနဆိုပြီး ပုံနှိပ်တဲ့ printer တွေ၊ publisher တွေကို အဓိက ထိန်းချုပ်တဲ့ဌာန။ သူက အဲဒီကတဆင့် ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေး အက်ဥပဒေဆိုတာ ရှိတယ်။ အဲဒီကနေတဆင့် အဲဒီဟာက ဒီလောက်ထိ မဆိုးလှဘူး။ သူက မှတ်ပုံတင်တဲ့ လိုင်စင်ကိစ္စကိုပဲ ထိန်းချုပ်တာ။ သူက ပွါးလာတဲ့ orders, directions, regulations - နည်းဥပဒေတွေ၊ အမိန့်တွေ၊ ညွှန်းကြားချက်တွေ အဲဒါတွေပေါင်းရင်နဲ့ ဆင်ဆာဆိုတာကြီးက ကြီးပြီးဆိုးလာတာ။ အဲဒီ အမိန့်တွေ ဖယ်လိုက်တဲ့အခါမှာ ဟိုဟာကြီးက ဒီဖက်ကျန်ခဲ့တယ်ဆိုတော့ တော်တော်ကြီးလျော့သွားတယ်။ ဒါပေမဲ့ ဘာတွေ ကျန်သေးသလဲဆိုတော့ print media မှာပဲ ရှိသေးတယ်။ ကျနော်တို့ guideline ပေးထားတာတွေ ရှိတယ်။ အဲဒီ guideline တွေကနေ ချော်သွားခဲ့ရင် သူတို့ပြန်ပြီး ကြပ်မတ်မယ့်ကိစ္စ သဘောရှိတယ်။ နောက်တခုက ဘာလဲဆိုတော့ အဲဒီလိုင်စင်ကိစ္စ။ တနှစ်ကိုတခါ ပြန်လဲရမယ်ဆိုတာ ဥပဒေသစ်မလာမချင်း ရှိနေတုန်းပဲ။ တနှစ်တခါ လိုင်စင်လဲရမယ်ဆိုတာ အဲဒီအချိန်မှာ တခုခု သတိထားနေရပြီ။ Self censor ငါတခုခု ငြိ့စွန်းတယ်ဆိုရင် ပြန်သိမ်းမလား။ သိမ်းနိုင်တယ်ဆိုတဲ့ အလားအလာမျိုး ရှိနေတယ်။ နောက်တခုက ကျနော်မြင်တာက နည်းနည်းလေး ကသိကအောက်ဖြစ်တာ တခုရှိတယ်။ အဲဒါကလည်း အမိန့်တွေ၊ ညွှန်းကြားချက်တွေကို ဖယ်ရှားဖို့လိုမယ်။ နောက် ဥပဒေတခု လိုမယ်။ Category က ဆရာကို ခွင့်ပြုတာက သမိုင်းဆို၊ သမိုင်းပဲရေး။ အားကစားဆိုရင် အားကစားပဲရေး၊ ဖက်ရှင်ဆိုရင် ဖက်ရှင်ပဲရေး။ ဖက်ရှင်ကလူက သတင်းမရေးနဲ့။ အားကစားကလူက ကျန်းမာရေး မရေးနဲ့။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါက စောစောကပြောထားတဲ့ လမ်းညွှန်ချက်ထဲမှာ ပါသလား။
ဦးသီဟစော ။ ။ စောစောက ၆၂ ဥပဒေနဲ့ တွဲနေတဲ့ စာပေစီစစ်ရေး ရှိတုန်းက ချမှတ်ထားတဲ့ ပုံစံထဲမှာ အဲဒါတွေ ရှိသေးတယ်။ ဆိုပါတော့ ဟိုတလောက ပြဿနာပေါ်တဲ့ ညို့ဆိုတဲ့ မဂ္ဂဇင်းတခု ရှိတယ်။ လစဉ်ထုတ်။ သူ့ကို အရေးယူတဲ့အခါမှာ ဘာနဲ့ အရေးယူရမှန်း မသိတဲ့အခါကြတော့ သူက အခုန သတ်မှတ်တဲ့ဘောင်ထဲကဟာကို ကျော်ပြီးလုပ်တယ်ဆိုပြီးတော့ သူကို ဖက်ရှင်ခွင့်ပြုတယ်။ ကျန်းမာရေး ကျော်ရေးတယ်ဆိုပြီးတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လိုင်စင်ကို ရပ်ဆိုင်းလိုက်တယ်။ အဲဒီလိုမျိုးအချက်တွေ ရှိနေသေးတယ်။ အဲဒါက ကျနော်တို့ကလာပြီးတော့ ဆင်ဆာတင်ပါ။ ဘာမရေးပါနဲ့ ညာမရေးပါနဲ့ကိစ္စ မရှိတော့ဘူး။ ဒါပေမဲ့ အဲဒီလို categorizing အကန့်အသတ်နဲ့ လိုင်ခွဲပြီးတော့ ခေါ်ကြတယ်။ သမိုင်းကို ခွင့်ပြုတဲ့လူက အားကစားကို မရေးနဲ့ အားကစားသမားက ယဉ်ကျေးမှု မရေးနဲ့ စသဖြင့်ပေါ့။ အဲဒါတွေလည်း ဖယ်ရှားဖို့လိုတယ်။ အများကြီး ကျန်နေသေးတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ အခုလောလောဆယ်က ဗမာပြည်မှာက အပတ်စဉ်ထုတ် ဂျာနယ်တွေပဲ ရှိနေသေးတယ်။ မကြာခင်မှာ နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာတော့မယ်ဆိုပြီးတော့ တာစူနေတာလည်းရှိတယ်။ အဲဒီနေရာမှာ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်မလဲ။ နောက်ပြီးတော့ သတင်းရယူမယ့် နေရာမှာလည်း လူထုကို သတင်းစာကျင့်ဝတ်နဲ့အညီ မှန်မှန်ကန်ကန် သတင်းပေးပို့နိုင်ဖို့ အရည်အသွေးတွေ မြှင့်တက်လာဖို့ အစိုးရဖက်နဲ့ သတင်းစာသမားတွေဖက်က ဘယ်လောက်အားထုတ်မှု ရှိသလဲဆိုတာကို ရှင်းပြပေးပါ။
ဦးသီဟစော ။ ။ ရှိတော့ရှိနေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေပါတယ်။ လုပ်နေတာတွေလည်း အများကြီး ရှိပါတယ်။ ဥပမာ ကျနော်တို့ အခုဖွဲ့ထားတဲ့ ယာယီစာနယ်ဇင်းကောင်စီ။ ဗမာလို ပြောရင်တော့ နည်းနည်းရှုပ်ပါတယ်။ Press Council လိုပဲ ပြောရမယ်။ စာနယ်ဇင်းကောင်စီလို့ ပြောလို့ရှိရင် အဲဒါကို သတင်းမီဒီယာကောင်စီလို့ ခေါ်ရင်ကောင်းမလား။ စာနယ်ဇင်းခေါ်မလား အငြင်းပွားနေတယ်။ Press Council ဆိုရင်တော့ သူ့သဘောထား ရှင်းပါတယ်။ အဲဒီ Press Council မှာတော့ တကယ်ဆိုလို့ရှိရင် အဲဒီ codes of ethics ကို ကျနော်တို့ အကုန်လုံး တိုင်ပင်ပြီးတော့ အဖွဲ့အစည်းတွေထဲက ကိုယ်စားလှယ်တွေ အကုန်လုံးတိုင်ပင်ပြီးတော့ အဲဒီ codes of ethics ကို ရေးပြီးသွားပါပြီ။ အဲဒီလိုပဲ အခုနပြောတဲ့ print media act/press act အဲဒီအကြမ်းထည်လည်းပြီရော အဲဒီအထဲမှာ အခုန ကိုသန်းလွင်ထွန်းပြောတဲ့ သတင်းရယူခွင့်၊ သတင်းလွတ်လပ်စွာ ရေးသားခွင့်။ အဲဒါတွေက တကယ်ဆိုရင် ကျနော်တို့ သတင်းသမားတွေရဲ့ အခွင့်အရေး။ ကျနော်တို့ သတင်းကို လိုက်ချင်တယ်၊ ကျနော်တို့ကို ပြောရမယ်။ ဒါပေမဲ့လဲ တနည်းအားဖြင့် ပြည်သူတွေရဲ့ အခွင့်အရေးလည်း ဖြစ်တာပေါ့။ ပြည်သူတွေလည်း သိခွင့်ရှိတယ်။ ပြည်သူတွေကလည်း သတင်းသိခွင့်ရှိလို့ အဲဒါကို ကိုယ်စားပြုပြီး ကျနော်တို့ သတင်းသမားတွေက သွားယူပေးရတာ။ အဲဒီကိစ္စကိုလည်း နောက်လာမယ့် media law ထဲမှာ ထည့်သွင်းပြီးတော့ ရေးထားပါတယ်။
အဲဒါက ဖြစ်တော့ဖြစ်မလာသေးဘူး။ ဖြစ်လာရင်တော့ ပိုပြီးတော့ ခိုင်မာလာပါလိမ့်မယ်။ နောက်တခုက ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းကို တကယ်တမ်းပြောရင် အရေးယူတာထက်၊ စောင့်ထိန်းဖို့ လိုတာပေါ့။ ကျနော် တချို့လူတွေနဲ့လည်း ပြောဘူးတယ်။ လူငယ်တွေနဲ့ ပတ်သက်လို့ စာသင်တဲ့အခါ ပြောဘူးတယ်။ ကျင့်ဝတ်က ဘာလို့လိုတာလဲ။ သတင်းသမားတွေက လူထုရဲ့ ယုံကြည်မှု၊ ပရိတ်သတ်ရဲ့ ယုံကြည်မှုက အဓိကကျတယ်။ Creditability - ကျင့်ဝတ်ဖောက်ဖျက်လို့ ဘာဖြစ်သလဲ။ အဲဒီလူကတော့ ဘာမှမဖြစ်သွားဘူး။ သူ့ရဲ့ creditability ကတော့ လျော့သွာမှာ။ သူ့အပေါ် ပရိသတ်ရဲ့ ယုံကြည်မှုလျော့သွားမှာ။ ယုံကြည်မှုကို ထိန်းချင်တယ်ဆိုရင်တော့ ကျင့်ဝတ်ကို ထိန်းဖို့တော့လိုတယ်။ Balance ဖြစ်အောင်လုပ်ဖို့၊ မျှတအောင်လုပ်ဖို့ စသဖြင့် ရှိသမျှ ကျင့်ဝတ်တွေပေါ့။ အဲဒါလဲ ကျနော်တို့ တော်တော်ကြီးကို လူငယ်တွေကြားမှာ၊ သတင်းသမားတွေကြားမှာ သေချာပြောကြဆိုကြ၊ ဆွေးနွေးကြတယ်။ နောက် လိုက်နာမှုတွေလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ အခုနပြောတဲ့အထဲမှာ capacity ကတော့ တော်တော်လုပ်ရလိမ့်မယ်။ အခုလက်ရှိနေတာက periodical monthly publishing က သုံးရာ-လေးရာလောက်ရှိတယ်။ လူတွေတော်တော်များလည်း အပတ်စဉ်ထုတ်တွေ၊ လစဉ်ထုတ်တွေနဲ့ တော်တော်ရင်းနှီးကျွမ်းဝင်နေကြပြီ။ ဒါပေမဲ့ နေ့စဉ်က a big challenge။ ကျနော်ဆိုရင် ကျနော်ငယ်ငယ်က နေ့စဉ်လုပ်ဘူးတယ်။ လုပ်သားပြည်သူနေ့စဉ်ခေတ်က။ နေ့စဉ်က အပတ်စဉ်နဲ့ တော်တော်ကွာမယ်။ ကွာတဲ့အပြင်မှာတင် အဲဒီမှာ လက်ရှိလုပ်နေတဲ့ အပတ်စဉ်မှာရှိတဲ့ လူငယ်သတင်းသမားတွေက အများကြီးပဲ။ မိန်းခလေးတွေ တော်တော်များလာတယ်။ ယောကျ်ားလေးတွေလည်းရှိတယ်။ သူတို့က weekly ကို နိုင်ပေမယ့် daily ကို နိုင်ပါ့မလား။ အဲဒါကနှစ်ပိုင်း - တပိုင်းက young beginners and reporters သတင်းထောက်တွေ။ သူတို့ သတင်းကို လိုက်နိုင်ပါ့မလား။ နောက်တခုက ကိုင်မယ့် အယ်ဒီတာတွေ။ ကျနော်တို့ဆီမှာ survey တခု၊ mini-survey တခုလုပ်ကြည့်တယ်။ လူငယ်အယ်ဒီတာတွေကို မေးကြည့်တဲ့အခါမှာ average က ၂၈-၂၉ ဖြစ်ကြတယ်။ အဲဒီလောက် level နဲ့ လူကြီးတွေတော့ လိုတာပေါ့။ အဲဒီလောက် level နဲ့ အများစုနဲ့ နေ့စဉ်သတင်း ကိုင်တွယ်တဲ့အခါမှာ နိုင်နှင်းမှုရှိပါ့မလား။ အဲဒါကိုတော့ နည်းနည်း a big challenge ဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ပိုင်းမှာတော့ အခြေအနေအရ အတွေ့အကြုံအရ တိုးတက်လာမှာတွေ ရှိလာမှာပါ။ ဒါပေမဲ့ ဦးသီဟစော ပြောတဲ့အထဲမှာ media law ဆိုတာပါတယ်။ ဦးသီဟစောတို့ကလည်း အဓိကအားဖြင့် media law မြန်မာနိုင်ငံမှာ မီဒီယာဥပဒေကြမ်းတခု ရေးဆွဲဖို့ ပြင်ဆင်နေကြတဲ့ လူတွေထဲမှာပါတယ်ဆိုတော့ ဒီဘက်နိုင်ငံတွေမှာတော့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ လွတ်လပ်စွာ ဖော်ပြရေးသားပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ဆိုတာ အခြေခံဥပဒေမှာ အတိအကျပြဌာန်းထားပြီးတော့ သတ်မှတ်ထားတယ်။ မြန်မာနိုင်ငံ အခြေခံဥပဒေထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့လဲ တည်ရှိဆဲဥပဒေနဲ့ ကိုက်ညီရမယ်ဆိုတဲ့ အပိုစာသားလေးကလည်း ပါနေတဲ့အခါကြတော့ မလိုအပ်ဘဲနဲ့ ပိတ်ပင်မှုတွေ ရှိလာနိုင်တယ်။ အခု ဦးသီဟစောတို့ ရေးဆွဲနေတဲ့ media law က ဒီအခြေခံဥပဒေပါ အခွင့်အရေးနဲ့ ဘယ်လိုဆက်စပ်မှု ရှိသလဲ။ ဒီအခြေခံဥပဒေပါ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ အခြေခံပြီးတော့ ရေးဆွဲမယ့် ဥပဒေလား။ ဒါမှမဟုတ် သတင်းသမားတွေ၊ ဂျာနယ်လစ်တွေ လိုက်နာရမယ်ဆိုပြီးတော့ စည်းကမ်းတင်းကြပ်မယ့် ဥပဒေမျိုးကို ပြောချင်တာလား။
ဦးသီဟစော ။ ။ တကယ်တမ်းပြောရင် ကိုသန်းလွင်ထွန်းပြောတာ မှန်ပါတယ်။ တကယ့် ဒီမိုကရေစီနိုင်ငံကြီးတွေ အမေရိကန်၊ ပြင်သစ် - သူတို့က သတင်းလွတ်လပ်ခွင့်ဆိုတာ အဲဒီ အခြေခံဥပဒေမှာ တခါတည်းကို ပါထားပြီးသာ။ အမေရိကန် အခြေခံဥပဒေမှာလည်း first amendment - ပထမပြင်ဆင်ချက်ထဲမှာ လွတ်လပ်စွာ ရေးသားဖော်ပြထုတ်ဖော်ခွင့်ကို ကန့်သတ်သော ဥပဒေမရေးရလို့ ရေးထားလိုက်တာ။ ကန့်သတ်တဲ့ ဥပဒေပေါ်မလားတော့ဘူး။ ကျနော်တို့ဆီမှာတော့ ပြဿနာက ဘာလဲဆိုတော့ ပြီးခဲ့တဲ့ နှစ် ၄၀-၅၀ မှာ ကန့်သတ်မှုတွေ အများကြီးရှိတယ်။ ကန့်သတ်တဲ့ ဥပဒေတွေလည်း အများကြီးရှိတယ်။ အခု အပြောင်းအလဲမှာလည်း ပုဒ်မ ၃၅၄ (က) က လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တွေကို တည်ဆဲဥပဒေနဲ့ ညီလျှင်ခွင့်ပြုနိုင်သည်ဆိုတော့ အဲဒီ တည်ဆဲဥပဒေက အရေးကြီးတာ။ တည်ဆဲဥပဒေမှာ တော်တော်ဆိုးတဲ့ ဥပဒေရှိတယ်။ တစ်အချက်က အဲဒါတွေကို ပြင်ဖို့ဖျက်ဖို့ လိုမယ်။ လုံးဝဖျက်ပြီး မရှိရင်တော့ အကောင်းဆုံးပဲ။ No law in good law လို့ ပြောတယ်။ ဥပဒေမရှိရင် ကောင်းလေပေါ့။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်လက်တွေ့သဘောအရ မြန်မာနိုင်ငံမှာ တချို့ဥပဒေတွေက ရှိနေအုံးမှာ။ တချို့ဥပဒေတွေက ပြင်ဖို့ကြိုးစားတုန်းပဲ ရှိနေသေးတယ်။ အဲဒီလိုကာလမှာ ကျနော်တို့လုပ်ခွင့်ရတဲ့ media law ဆိုတာက နည်းနည်း controversy ဖြစ်တယ်။ Broadcast က ကျနော်တို့ ရေးခွင့်မရှိဘူး။ အခုက ရှင်းရှင်းပြောရရင် ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေ (၅) ခုတောင် ရေးနေတယ်ပြောတယ်။ ကျနော်တို့ ပါခွင့်ရတဲ့ press act ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေ။ နောက်တခုကတော့ public service media လိုခေါ်တယ် - အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဆိုတာကို တခုရေးနေတယ်။ Broadcast law လည်း ရေးနေတယ်။ ရုပ်ရှင်ဥပဒေ film movie ဆိုတာလည်း ရေးနေတယ်။ Library လည်း ရေးနေတယ်။ ဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန တခုတည်းကပဲ ဥပဒေ (၅) ခုလောက် အသစ်လာဖို့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ကိုင်ခွင့် မရတဲ့ဥပဒေတွေတော့ ထားတော့။ ကျနော်တို့ ပါဝင်လုပ်ဆောင်ခွင့်ရတဲ့ press act မှာတော့ တတ်နိုင်သမျှ သတင်းလွတ်လပ်ခွင့်ရအောင်၊ ပြည်သူတွေလည်း အကာအကွယ်တွေ ပိုဖြစ်အောင်။ နောက် ပုံနှိပ်ထုတ်ဝေသူတွေရဲ့ အခွင့်အရေးကိုလည်း အကာအကွယ်ဖြစ်အောင်။ ဥပမာဆိုပါစို့ ဆရာက အခုနေ ဗမာပြည်ပြန်လာပြီး invest လုပ်ပြီးတော့ ဒေါ်လာ နှစ်သန်းနဲ့ ပုံနှိပ်စက်ကြီး အကြီးကြီးနဲ့ သတင်းစာထုတ်မယ်။ ဆရာရဲ့ စက်ကို အချိန်မရွေး (၄၅) ရက် ပိတ်လို့ရတယ်ဆိုတဲ့ ဥပဒေ ရှိနေတယ်။ ဆရာကို တနှစ်တခါ လိုင်စင်လဲရမယ်၊ လိုင်စင်မကျရင် မပေးဘူးဆိုတဲ့ ဥပဒေရှိနေရင် ဆရာ invest လုပ်ရဲမှာ မဟုတ်ဘူး။ ပြည်ပက ပြန်လာတဲ့လူ။ ပြည်တွင်းမှာရှိတဲ့ လူတွေလည်း အဲဒီ issue က တော်တော်လေး အရေးကြီးနေတယ်။ သူတို့ ပိုမိုပြီး invest လုပ်ရမယ်။ များများ invest လုပ်တာကို ပြန်ပြီးတော့ tight control တင်းကြပ်မှုတွေ ရှိမယ်ဆိုရင် လုပ်ရဲမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ပုံနှိပ်မှု နည်းလိမ့်မယ်။ အဲဒီအပိုင်းလည်း လုပ်ဖို့လိုတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုက အများပြည်သူ စိတ်ဝင်စားနေတဲ့ ကဏ္ဍတခု အဲဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ဆိုတာကို ဘယ်လောက်အတိုင်းအတာအထိ နားလည်းမှု ထားကြသလဲဆိုတာကိုလည်း ကျနော်မေးချင်တယ်။ အထူးသဖြင့် အစိုးရအပိုင်း၊ နောက် နိုင်ငံရေးသမားတွေအပိုင်း။ လွှတ်တော်ထဲမှာ။ မကြာသေးခင် အချိန်တုန်းကပဲ အစိုးရနဲ့ လွှတ်တော်အကြား ဖြစ်နေတဲ့ကိစ္စလေးတခုကို ဝေဖန်တဲ့ကိစ္စဆိုပြီးတော့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ နံမည်နဲ့ ရေးတဲ့ဆောင်းပါးအပေါ်မှာ အင်တာနက်မှာပျံ့တဲ့ဆောင်းပါးအပေါ်မှာ လွှွတ်တော်ထဲမှာ ကော်မတီဖွဲ့ပြီး စုံစမ်းရမယ်ဆိုတဲ့ အခြေအနေမျိုးအထိ လုပ်ခဲ့ရတယ်ဆိုတော့ ဒါဟာ ဗမာပြည်ထဲမှာ လွတ်လပ်စွာ ရေးသားဖော်ထုတ် ပြောဆိုပိုင်ခွင့်ဆိုတာကို နားလည်းမှုလွှဲနေတယ်လို့ ပြောနိုင်သလား။ ဒါမှမဟုတ် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဆိုတာမျိုးတို့၊ ဒါမျိုး ကန့်သတ်ချက်မျိုးတွေ ဘောင်ကြီးတွေ ရှိနေသေးတယ်။ ဒါတွေကို ပြုပြင်နိုင်ဖို့ ဘာတွေလုပ်ဖို့ လိုတယ်လို့ ယူဆသလဲ။
ဦးသီဟစော ။ ။ အဲဒါကို နှစ်ပိုင်း ဖြေချင်တယ်။ အခုန ဒုတိယအပိုင်းကို ပြောတာပေါ့။ စောစောက နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့၊ ဘာတို့ စသဖြင့် ဥပဒေတွေရှိတယ်။ ကျနော်တို့ဆီမှာကလည်း criminal codes ရှိတယ်။ ရာဇဝတ်ဥပဒေ။ အဲဒီမှာ ပုဒ်မှာ ၁၂၄ ဆိုရင် နိုင်ငံတော် အကြည်အညိုပျက်စေမှု။ အဲဒါက ဘယ်သူက ဘယ်နေရာမှာ ဘယ်လိုရေးရေး အရေးယူချင်တယ်ဆိုရင် ယူလို့ရတယ်။ အဲဒီလိုမျိုးပဲ ပုဒ်မ ၅ အရ defamation အရ အမေရိက နဲ့ တခြားနိုင်ငံတွေမှာ သူက criminal မဟုတ်တော့ဘူး။ civial ဖြစ်သွားပြီး တရားမမှု ဒဏ်ငွေသာ ဆောင်ရတာမဟုတ်ဘူး။ ကျနော်တို့ဆီမှာ ထောင်ချလို့ ရတုန်းပဲ။ အဲဒီလို ပုဒ်မ ၅၀၅ ဆိုရင် အကြမ်းဖက်၊ ဆူပူရန် လှုံဆော်မှု - အဲဒီလို အဲဒီ law တွေကို သွားပြင်ဖို့ဆိုတာ အတော်ခက်တယ်။ ဒါတွေက အင်္ဂလိပ်ခေတ်ထဲက ပါလာတဲ့ law တွေ။ ပြင်မယ်ဆိုရင်လည်း လွှတ်တော်မှာ သေသေချာချာ ပြင်ရမယ်။ အဲဒါတွေ ရှိလာပြီးရင် ဒုတိယပိုင်းက ရှိသေးတယ်လို့ ပြောလို့ရတယ်။ ဒါတွေကို ကျနော်တို့ သတိထားနေရတုန်းပဲ။ ပထမပိုင်း ပြန်ပြောတဲ့အခါမှာ freedom of expression, freedom of press လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆွေးနွေးခွင့် ဘာညာဆိုတာလဲ အဲဒါကိုလဲ ရှင်းရှင်းလင်းလင်း ပြောရရင် personally ပြောတာပါ။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ ခေါင်းဆောင်ပိုင်းတို့ အသားမကျသေးဘူးလို့ထင်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဘာလဲ။ ဘယ်လောက်အထိ ပြောခွင့်ရှိသလဲ။ ဘယ်လောက်အထိ ပြောလာရင် ကိုယ်က သည်းခံနိုင်မလဲ။ ကျနော်တို့ သတင်းသမားတွေကတော့ ကျနော်တို့ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ အနှစ် ၂၀-၃၀ အတွေ့အကြုံတွေ၊ အထွေထွေအတွေ့အကြုံတွေအရဆိုရင် သတင်းသမားဆိုတာ သူက အမှန်ကိုတွေ့ရင် ပြောမယ်၊ ရေးမယ်။ ဒါပေမဲ့ အဲဒီအမှန်က လူတိုင်းရဲ့ privacy ကို ကျူးကျော်လို့ မရဘူး။
ဦးသန်းလွင်ထွန်း ။ ။ ကျင့်ဝတ်နဲ့ ထိန်းရမယ်။
ဦးသီဟစော ။ ။ ဒါပေမဲ့ တခုရှိတာက အဲဒီအမှန်သည် public figure, public institution အများပြည်သူနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင် သူနဲ့ ပတ်သက်တာကို အမှန်ရေးမယ်ဆိုရင် အရေးခံ၊ သည်းခံရမယ့် သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုလူတွေက သူ့ကို ပြောခွင့်ရှိတယ်။ သူက ပြည်သူ့ရဲ့ ပိုက်ဆံကို စားနေတယ်၊ ပြည်သူ့ဘဏ္ဍာကို သုံးနေတယ်ဆိုရင် သူ့ကို ဝေဖန်ခြင်းကို သူခံနိုင်ရမယ်။ ဝေဖန်ခွင့်လည်း ရှိရမယ်။ ကျနော်တို့ဆီမှာ အဲဒီကိစ္စတွေ သိပ်အသားမကျသေးဘူးထင်တယ်။ ကျနော့်သဘောအရ personally ပြောမယ် - အဲဒီ ဒေါက်တာဆိတ်ဖွားကိစ္စက အဲဒီလောက်ကြီး အကြီးကြီး မဖြစ်သင့်ဘူး၊ မချဲ့သင့်ဘူးလို့ထင်တယ်။ သာမန်ပဲ ignore လုပ်မယ်ဆိုရင် ရတဲ့သဘောထင်တယ်။ သို့တည်းမဟုတ် တခြားနည်းနဲ့ ရှင်းပေါ့။ အဲဒါက ကြာလို့ရှိရင် ဘာဖြစ်မလဲဆိုရင် မစ္စတာကင်တားနားနဲ့ ကျနော်တို့ ကျနော်နဲ့ ဆရာကို၊ ဗွီအိုအေက ဒေါ်ခင်စိုးဝင်း၊ မဇ္ဈိမကိုစိုးမြင့် ရန်ကုန်မှာတွေ့တယ်။ ခဏခေါ်ပြီးတော့ စကားပြော မေးကြည့်တာပေါ့။ ကျနော်နဲ့ သူနဲ့ သဘောတူတယ်။ ဒါက တကယ်ဆိုလို့ရှိရင် နိုင်ငံရေး issue မဟုတ်ဘူး။ Freedom of expression issue - အဲဒါတွေ ပြောလွန်းအားကြီးရင် freedom of expression ကို သွားထိခိုက်မယ်လို့ သူမြင်တယ်။ ကျနော်တို့လည်း အဲဒီလို မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ်။