ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အခုလတ်တလောဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကမ္ဘာ့ဘဏ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စတာတွေကနေ ဖွ့ံ့ဖြိုးရေး အကူအညီတွေ၊ တခြားနိုင်ငံတကာ အကူအညီတွေပေးဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ မြန်မာအစိုးရတင်မကဘဲနဲ့ ဒေသဆိုင်ရာတွေ၊ သက်ဆိုင်ရာ လူထုတွေရဲ့အသံတွေကိုပါ ကြားနားဖို့ဆိုပြီးတော့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးဖို့ဆိုပြီးတော့ ဝါရှင်တန်ဒီစီမြို့တော်ကို မြန်မာနိုင်ငံကနေတဆင့် ရောက်ရှိနေတဲ့အဖွဲ့တွေကတော့ မေတ္တာဖောင်ဒေးရှင်းအဖွဲ့က စိုင်းစမ်းခမ်း၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ဒေါ်ခွန်ဂျာ၊ IFI Watch နိုင်ငံတကာငွေကြေးများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ လဇ်လှိုင် တို့ ဖြစ်ကြပါတယ်။ လောလောဆယ်အားဖြင့်တော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဝါရှင်တန်ဒီစီမှာ ကမ္ဘာ့ဘဏ်မှာရှိတဲ့ သက်ဆိုင်ရာအရာရှိတွေနဲ့ တွေ့ဆုံရာမှာ အဓိကအားဖြင့် ဘယ်လိုအချက်ကလေးတွေကို တင်ပြခဲ့သလဲဆိုတာကို မေတ္တာဖောင်ဒေးရှင်းအဖွဲ့က စိုင်းစမ်းခမ်း နည်းနည်းပြောပြပါလား။
စိုင်းစမ်းခမ်း ။ ။ ကျနော်တို့ကတော့ သက်ဆိုင်ရာဒေသနဲ့ နိုင်ငံတွေကို တာဝန်ယူထားတဲ့ အမှုဆောင်ဒါရိုက်တာတွေနဲ့ တွေ့ဖြစ်ပါတယ်။ အဲဒါအပြင်ကို ကျနော်တို့ Panel သီးသန့်လုပ်ပြီးမှ အာဆီယံဒေသအတွင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆက်နွှယ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ကမ္ဘာ့ဘဏ်နဲ့ တခြားငွေကြေးအဖွဲ့အစည်းတွေ ပံ့ပိုးကူညီနေတဲ့ကိစ္စအပိုင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောဖြစ်တာရှိပါတယ်။ အထူးသဖြင့်ကတော့ IFI က မလဇ် ကတော့ community-driven development project လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ်က ပံ့ပိုးထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို တင်ပြတာရှိပါတယ်။ ကျနော်နဲ့ ဒေါ်ခွန်ဂျာကတော့ အထူးသဖြင့်တော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့မှ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို အဓိကပြောဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေးတွေ၊ ကူညီလုပ်ဆောင်ပေးတယ်ဆိုတဲ့နေရာမှာ လက်ရှိက ဘယ်လောက်အခြေအနေအထိ လုပ်နေသလဲ။ အထူးသဖြင့် အခုနစောစောကပြောခဲ့တဲ့ Community-driven ဖွံ့ဖြိုးရေး ပရော်ဂျက် - လူထုလူတန်းစားကို အခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတဲ့ နေရာမှာ လောလောဆယ်အားဖြင့် ဘယ်လောက်အတိုင်းအတာအထိ ကူညီမှုရှိသလဲ။ နောက်ထပ် ဘာတွေကို စဉ်းစားနေတာလဲဆိုတာကို လဇ်လှိုင် တချက်လောက် ပြောပြပေးပါ။
လဇ်လှိုင် ။ ။ အခု ကမ္ဘာ့ဘဏ်က ဗမာပြည်ထဲကို (၂၅) နှစ်အပြီး ပြန်ဝင်ရောက်ခဲ့တဲ့အချိန်မှာ ပထမဦးဆုံး စီမံကိန်းက လူထုဗဟိုပြု စီမံကိန်းဖြစ်တယ်။ အဲဒါက လူထုတွေကိုယ်တိုင် လုပ်ရတာပေါ့။ တကယ်တမ်း အောက်ခြေမှာ ပြန်ကြည့်လိုက်တဲ့အခါမှာ ကမ္ဘာ့ဘဏ်က ဒီ စီမံကိန်းကို စတဲ့နေရာမှာ အရမ်းနောက်ကျပါတယ်။ နောက်ကျသွားတော့ သူနဲ့အတူတွဲပြီး လုပ်နေတဲ့ Rural Development လို့ခေါ်တဲ့ Ministry of Fishery မွေးမြူးရေးလုပ်ငန်း … ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနဲ့ တွဲပြီးလုပ်နေတာပေါ့။ အဲဒီမှာ တကယ်တမ်းပြန်ကြည့်လိုက်ရင် On ground မှာ သူတို့က ဧပြီလ (၄) ရက်နေ့ update အရ လက်ထဲကို ပိုက်ဆံမရသေးဘူး။ ဒါပေမဲ့ မေလကုန်မှာ ဒီ စီမံကိန်းကြီးကို ပြီးအောင်လုပ်ရမယ်လို့ ပြောပါတယ်။ ကျမတို့ ရွာတွေကို ဆင်းတဲ့အခါမှာ တွေ့ရတာတော့ ဆွေးနွေးပွဲလို့ခေါ်တဲ့ consultation တွေကို မလုပ်ခဲ့ဘူး။ နောက်တော့ project design ထဲမှာပါတဲ့ စီမံကိန်းစက်ဝန်းကြီးမှာ အချက် (၁၀) ချက်ရှိတယ်။ အဲဒီဟာကို (၆) ချက် ပြင်ဆင်တဲ့ (၆) ချက်ကို (၃) နာရီပဲ လုပ်သွားတယ်။ အမှန်ဆိုရင် (၄) လလောက်ကြာပါတယ်။ အဲဒီ (၄) လလောက် ကြာမယ့်ဟာကို (၃) နာရီလောက်နဲ့ အပြီးလုပ်သွားပါတယ်။ Community ထဲက ဒါတွေကို နားမလည်းခဲ့တော့ သူတို့ရဲ့ ပါဝင်မှုက အရမ်းနည်းနေတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြောချင်တဲ့သဘောက ဒါဆိုလို့ရှိရင် လူထုအခြေပြုဆိုပြီးတော့ လောလောဆယ်အားဖြင့် မရောက်သေးဘူး။ နောက်ပြီးတော့ လုပ်တဲ့ဆိုတဲ့နေရာမှာလည်း လူထုတွေနဲ့ တိုင်တိုင်ပင်ပင် ရှိခဲ့ရဲ့သလားဆိုတာကို မေးခွန်းထုတ်ချင်တဲ့ သဘောလား။ ငွေကြေးအားဖြင့်ဆိုရင် ဘယ်လောက်အထိကို ပြောနေတာလဲ။
လဇ်လှိုင် ။ ။ ငွေကြေးက ဒေါ်လာ (၂) သောင်း (၇) ထောင်ကို ကျေးရွာအုပ်စုတခုကို ပေးမှာပါ။ ကျေးရွာအုပ်စုက ချင်းမှာ (၂၆) ခု ရှိတယ်။ ရှမ်းမှာ (၂၆) ခု၊ တနင်္သာရီမှာတော့ ကျွန်းစု (၂၀) ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အားလုံးစုစုပေါင်း တန်ကြေးဆိုရင် ဘယ်လောက်လောက် ရှိမလဲ။
လဇ်လှိုင် ။ ။ သန်း (၈၀)။
ဦးသန်းလွင်ထွန်း ။ ။ ဒေါ်လာ သန်း (၈၀)။ ဒါက ပြည်တွင်းမှာ ဖြစ်နေတဲ့ ပါဝင်မှုနည်းပါးတယ်ဆိုတဲ့အပိုင်း။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်အနေနဲ့တော့ ဒီလို မြန်မာပြည်နဲ့ ပတ်သက်လို့ ဝင်ရောက်ပြီး ကူညီမယ်ဆိုရင် ဒီဖက်မှာလည်း စီမံကိန်းတွေ၊ ပရိုဂရမ်တွေ ချရမှာပဲလေ။ အဲဒီလို ပရိုဂရမ်တွေချတဲ့နေရာမှာ ဒီလို သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရဖို့နဲ့ လူထုကြားထဲက စကားသံတွေကို ကြားဖို့ဆိုတာ အဓိက အခုလာကြတဲ့အကြောင်းလို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်ခွန်ဂျာအနေနဲ့ ဘယ်လိုများ ထိထိရောက်ရောက်၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ သတင်းအချက်အလက်တွေ ပေးခဲ့တာရှိသလဲ။
ဒေါ်ခွန်ဂျာ ။ ။ နံပတ် (၁) ကတော့ ကျမတို့ ဒီ ကမ္ဘာ့ဘဏ်ရဲ့ အဓိက ဦးတည်ချက်က ဆင်းရဲသားပပျောက်မှု ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဆင်းရဲသားလို့ ပြောလိုက်လို့ရှိရင် တောင်သူလယ်သမားက ထိပ်ဆုံးကပါနေပါတယ်။ နောက် တောင်သူလယ်သမားလို့ပြောရင် ၇၀ ရာခိုင်နှုန်းသော မြန်မာနိုင်ငံရဲ့ လူဦးရေဟာ တောင်သူလယ်သမား ဖြစ်နေတယ်။ ပြီးရင် သူတို့တွေဟာ အသေးစား တောင်သူလယ်သမား၊ အငယ်စား တောင်သူလယ်သမားများ ဖြစ်ပါတယ်။ မြေယာပိုင်ဆိုင်မှု နည်းနည်းပဲရှိတယ်။ တချို့က မြေယာတောင်မပိုင်တဲ့ တောင်သူများ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်။ ဆင်းရဲသားပပျောက်မှု စီမံကိန်းဟာ သူတို့တွေအတွက် လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် အခွင့်အရေးကို အာမခံနိုင်ပေးရမှာဖြစ်တယ်။ ပြီးရင် သူတို့ရဲ့ မြေပိုင်ဆိုင်မှုကို အာမခံပေးရမှာဖြစ်တယ်။ အဲဒီတော့ လောလောဆယ် တောင်သူလယ်သမားအရေးလို့ ပြောလိုက်လို့ရှိရင် မြေသိမ်းနေတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ မြေသိမ်းတယ်လို့ ပြောလို့ရှိရင် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေ အားလုံးဟာ မြေသိမ်းပါတယ်။ ပြီးလို့ရှိရင် ပဋိပက္ခ ဖြစ်နေတဲ့နေရာတွေ အဲဒါတွေကလည်း တောင်သူလယ်သမားများကို သူတို့ရဲ့ မိခင်ဒေသကနေ camp တွေကို ရောက်သွားစေတာ ဖြစ်ပါတယ်။ အဲဒါပဲလဲ နောက်ထပ် သူတို့ကို အတင်းအဓမ္မရွှေ့ပြောင်းမှုမျိုး ဖြစ်နေတယ်။ လုပ်ကိုင်စားသောက်ဖို့ မရတော့ဘူး။ နောက်တခုကတော့ ပဋိပက္ခနဲ့ ဆက်နွှယ်ပြီးတော့ စစ်တပ်ချဲ့ထွင်မှုတွေ အများကြီးုလုပ်နေတယ်။ ဆက်ပြီးမှ မြေသိမ်းနေပါတယ်။ တပ်ချဲ့ဖို့အတွက်။ ဒီဟာတွေလည်း ကျမတို့ တင်ပြခဲ့ပါတယ်။ နောက်တခုကတော့ နိုင်ငံတော်စီမံကိန်းတွေ။ နိုင်ငံတော်ဖွံ့ဖြိုးရေး စီမံကိန်းနံမည်နဲ့ ကျမတို့ လုပ်ဆောင်နေတဲ့ စီမံကိန်းကြီးတွေကလည်း တောင်သူလယ်သမားများကို သူတို့မြေကနေ ထွက်ခါွစေတာဖြစ်တယ်။ အဲဒီတော့ အဲဒီကိစ္စတွေဟာ ကမ္ဘာ့ဘဏ်က တောင်သူလယ်သမားများကို ကူညီမယ်။ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေအနေနဲ့ ကျမ တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလို ထည့်သွင်းစဉ်းစားပြီဆိုလို့ရှိရင် လက်ရှိ စီမံကိန်းတွေ ချနေတဲ့အလုပ်တွေကို ရပ်ထားရမယ်ဆိုတဲ့ သဘောလား။ ဘယ်လိုများ ရှေ့ဆက်ပြီး လုပ်စေချင်တာလဲဆိုတဲ့ အခြေအနေမျိုး ရှိသလဲ။
စိုင်းစမ်းခမ်း ။ ။ ကျနော်တို့ကတော့ ဒီ စီမံကိန်းတွေကို ရပ်သွားစေချင်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ကျနော်တို့လာပြီး အကြံပြုတာကတော့ လာမယ့် (၄) နှစ်ကနေ နှစ်ကာလရှည်ကြာအတွင်း မြန်မာနိုင်ငံနဲ့ လက်တွဲပူးပေါင်းပြီး လုပ်မယ်ဆိုလို့ရှိရင် ဘယ်လိုကဏ္ဍတွေကို အဓိကထားပြီး လုပ်မယ်ဆိုတဲ့ဟာကို တိုင်ပင်ခံတာ ဖြစ်ပါတယ်။ မခွန်ဂျာ ပြောသွားသလိုပဲ တကယ်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီတော့မယ် ဆိုလို့ရှိရင် များသောအားဖြင့်တော့ စီးပွားရေး၊ စိုက်ပျိုးရေး ကုမ္ပဏီကြီးတွေကို နိုင်ငံတကာအတွေ့အကြုံကို ကြည့်လိုက်မယ်ဆိုရင် ဒီလိုတွေကို ပံ့ပိုးကူညီတာကို ကျနော်တို့ အဓိက တွေ့ရမယ်။ Agribusiness ပေ့ါ။ ကျနော်တို့ အဲဒါကို စိုးရိမ်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာတော့ အဓိကရှိနေတာကတော့ တောင်သူငယ်တွေ ဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျနော် ဖြတ်ပြီးမေးချင်တာက ကုမ္ပဏီကြီးတွေကို ကူညီတယ်ဆိုတဲ့နေရာမှာ ကျနော် မရှင်းတာက အခုလို ကမ္ဘာ့ဘဏ်တို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ နိုင်ငံတကာအဖွဲ့ကြီးတွေက အဲဒီ ကုမ္ပဏီတွေကို တိုက်ရိုက်ကူညီတာလား။ ဒါမှမဟုတ် နိုင်ငံတော်အစိုးရကတဆင့် သွားနေတာလား။ အဲဒါလေး တချက်လေး အရင်ရှင်းပြပေးပါလား။
စိုင်းစမ်းခမ်း ။ ။ ဥပမာ အတွေ့အကြုံတခုကို ကြည့်မယ်ဆိုလို့ရှိရင် ကမ္ဘာ့ဘဏ်မှာလည်း ဒီကုမ္ပဏီတွေနဲ့ တိုက်ရိုက်လုပ်တဲ့ ဌာနခွဲတခုရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာ၊ ကမ္ဘောဒီးယားနိုင်ငံမှာ စသဖြင့် ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီ ကုမ္ပဏီတွေကို ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီတဲ့အတွက်ကြောင့်မို့ မြေယာသိမ်းတာတွေ ပိုပြီးတော့မှ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတဲ့ ကိစ္စရပ်တွေလည်း ရှိခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စတွေက ဗမာပြည်မှာကော ပေါ်နေပြီလား။
ဒေါ်ခွန်ဂျာ ။ ။ ပေါ်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဥပမာ နောက်တခုပြောရမယ်ဆိုရင် အခုလက်ရှိ ပြောနေတဲ့ သန်းခေါင်စာရင်းပေါ့။ သန်းခေါင်စာရင်းမှာဆိုရင် နိုင်ငံပေါင်း (၈) နိုင်ငံ အမေရိကန်နိုင်ငံအပါအဝင် ကူညီနေတာ ဖြစ်ပါတယ်။ ပြီးလိုရှိရင် ဒါကို ဦးဆောင်တာကလည်း UNFPA လို့ပြောတဲ့ ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဦးဆောင်တာဖြစ်ပါတယ်။ သို့သော်လဲပဲ ဒီနေရာမှာ ပြဿနာကတော့ တွေ့သင့်တွေ့ထိုက်တဲ့၊ တိုင်ပင်ဆွေးနွေးညှိနှိုင်းရမယ့် လူတွေကို အစကတည်းက ပါဝင်မှုမလုပ်ခဲ့ဘူး။ ပြီးရင် သူတို့နည်းသူတို့ဟန်နဲ့ ဆုံးဖြတ်သွားတယ်။ နောက်ပြီးမှ political risk assessment ကို ကောင်းကောင်းမွန်မွန် မလုပ်ထားဘူး။ လုပ်လို့ရရှိထားတဲ့ အကြံပြုချက်တွေကိုလည်း အကောင်အထည်မဖော်ဘူးပေါ့။ လိုက်နာမှု မရှိဘူး။ UN အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် INGO တွေပဲဖြစ်ဖြစ်၊ NGO ဖြစ်ဖြစ် ကျမတို့ လူမှုရေးလုပ်ငန်း လုပ်ဆောင်တဲ့ လူတွေအားလုံး ကျင့်သုံးရတဲ့ ကျင့်ဝတ်တရားဖြစ်တဲ့ do no harm ဆိုတဲ့ ကျင့်ဝတ်ကို မကျင့်ထားဘူးပေါ့။ အဲဒီ ကျင့်ဝတ်ကို အတိုချုံပြောရမယ်ဆိုရင် ကျနော်ကျမတို့ရဲ့ လုပ်ငန်းကြောင့်မို့ ကောင်းတာတခုမှ မလုပ်ခင်မှာ မကောင်းတဲ့ကိစ္စတခုမှ မပေါ်အောင် ကြိုတင်ပြီးတော့ စီမံခန့်ခွဲထားရမှာဖြစ်တယ်။ အဲဒါကို လုံးဝမကျင့်သုံးတဲ့အတွက်ကြောင့်မို့ အခု သန်းခေါင်စာရင်းမှာ ကျမတို့ မြန်မာနိုင်ငံရဲ့ (၄၀) ရာခိုင်နှုန်းဖြစ်တဲ့ တိုင်းရင်းသား ဗမာမဟုတ်သော တိုင်းရင်းသားအားလုံး ထိခိုက်နစ်နာပါတယ်။ အဓိက ထိခိုက်တာကတော့ ရခိုင်ဒေသ၊ ကျမတို့ ကချင်ဒေသပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အခု ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ အဓိကအကြောင်းရင်းကတော့ ကမ္ဘာ့ဘဏ်နဲ့ ဒီမှာရှိနေတဲ့ ငွေကြေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ပေါ့။ တွေ့ဆုံတဲ့နေရာမှာ မြန်မာနိုင်ငံအပေါ် အကူအညီပေးမယ့် သူတို့ရဲ့ ရေရှည်အစီအစဉ်တွေမှာ ဘာတွေလုပ်ဖို့ဆိုတဲ့ လူထုလူတန်းစာ အခြေပြုအဖွဲ့တွေအနေနဲ့ ဒီဖက်က ပေးချင်တဲ့ information လာပြီးတော့ သတင်းအချက်အလက်တွေ လာပေးတယ်။ လာပေးတယ်ဆိုတဲ့နေရာမှာ အခုလောလောဆယ်က အစောက လဇ်လှိုင် ပြောသွားတဲ့ လူထုလူတန်းစား ဖွံ့ဖြိုးမှုအခြေပြုကိစ္စအပြင်ကို လူမှုရေး၊ ကျန်းမာရေး တခြား သက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍပေါင်းစုံ ရှိနေတယ်ဆိုတော့ သူတို့ရဲ့ စီမံကိန်းကာလက ဘယ်လောက်လောက်ရှိသလဲ။ ဘယ်လိုတွေ ပြင်ဆင်နေသလဲဆိုတာကို အခု ဒီခရီးစဉ်မှာ တွေ့ခဲ့သမျှတွေကို နည်းနည်းလေး ရှင်းပြနိုင်မလား။
လဇ်လှိုင် ။ ။ သူတို့ ပထမ လာတုန်းက interim strategy note လို့ခေါ်တဲ့ အဲဒီဟာကိုလုပ်ခဲ့တယ်။ လုပ်ခဲ့ပြီးတော့ အဲဒီတုန်းကတော့ ဗမာပြည်အကြောင်းကို မသိလို့ပေါ့။ ယာယီသဘောမျိုးလေးနဲ့ပေါ့။ အဲဒီ interim strategy note က ဒီနှစ် ဇွန်မှာ expire ဖြစ်မယ်။ ဖြစ်တဲ့အခါကြတော့ new document ကို launch လုပ်ရမှာပေါ့။ စီမံကိန်းအသစ်ကို သူတို့ ရေးဆွဲမယ်။ အဲဒီမှာကြတော့ သက်တမ်းက (၄) နှစ် သက်တမ်း ဖြစ်လိမ့်မယ်။ အဲဒီလုပ်မယ့် စီမံကိန်းကပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့က အခုခေါ်တဲ့ဟာက systematic country diagnostic လို့ ခေါ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေကို စနစ်တကျ တကယ်သုံးသပ်ကြည့်ခြင်းပေါ့။
လဇ်လှိုင် ။ ။ အဲဒီဟာလုပ်တဲ့နေရာမှာတော့ အာဏာပိုင်အဖွဲ့အစည်းတွေရယ်၊ ပါဝင်ပတ်သက်နေတဲ့လူတွေရယ်၊ ကျမတို့ civil society လူထုအခြေပြုအဖွဲ့အစည်းတွေ - သူတို့တွေဆီက အကြံဉာဏ်တွေ တောင်းထားတယ်။ ကျမတို့ပေးတဲ့ အကြံဉာဏ်တွေနဲ့ ဒါကို ရေးဆွဲမယ်လို့ ဆိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီရေးဆွဲတဲ့နေရာမှာ ဥပမာအားဖြင့် ဒေါ်ခွန်ဂျာဆိုလို့ရှိရင် ကချင်ငြိမ်းချမ်းရေးအဖွဲ့ကို ကိုယ်စားပြုတယ်။ အဲဒီတော့ ဒီနံမည်အရဆိုရင်ပဲ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ကဆိုရင် မြန်မာနိုင်ငံမှာလည်း အခု အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်တာ ကချင်ရှိမယ်။ ဒီအဖွဲ့တွေ ဒီဒေသတွေမှာရှိတဲ့ မငြိမ်းချမ်းတဲ့ အခြေအနေအရ ကမ္ဘာ့ဘဏ်ရဲ့ စီမံချက်တွေ ရေးဆွဲနေတဲ့အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။
ဒေါ်ခွန်ဂျာ ။ ။ အဓိကအားဖြင့်တော့ ဥပမာဆိုလို့ရှိရင် သူတို့ စိုက်ပျိုးရေးကို ကူညီပံ့ပိုးမယ်လို့ ပြောလို့ရှိရင် လောလောဆယ် ကချင်မှာဆိုရင် ဟူးကောင်းချိုင့်ဝှမ်းဒေသကို ယူဇနာကုမ္ပဏီက ဦးဌေးမြင့် တယောက်တည်း ယူထားတာ ဧက (၂) သိန်းလောက် ရှိပါတယ်။ အဲဒီက လူတွေက ရွာအပြင်ထွက်ရတာပေါ့။ သူတို့ရဲ့ နဂိုမြေမှာ သူတို့ အလုပ်သမားတောင် လုပ်နိုင်တာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက်ပြည်အောက်ရွာက ဝန်ထမ်းတွေကို ခေါ်လာတာဖြစ်တယ်။ အဲဒီတော့ လောလောဆယ်အနေနဲ့ ရွာပေါင်း (၃၃၉) ရွာကလည်း အကုန်လုံး camp မှာရောက်နေတာဖြစ်တယ်။ ဒုက္ခသည်စခန်းတွေမှာ။ လက်ရှိလည်း ဆက်တိုက်နေသေးတယ့်အတွက်ကြောင့်မို့ သူတို့တွေထားခဲ့ရတဲ့ ရွာတွေကို ဘယ်လိုလုပ်လိုက်မလဲ။ ပြီးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံမြေယာ ဥပဒေအရ သူတို့ရဲ့ မြေတွေဟာ ကျမတို့ ဘိုးဘေးမိဘတွေကတဆင့် တဆင့်ပြီးတဆင့် ယူလာတာ ဖြစ်တဲ့အတွက်ကြောင့် တရားဝင်စာရွက်စာတမ်းနဲ့ ပိုင်ဆိုင်တာ မရှိပါဘူး။ မြန်မာနိုင်ငံတော်အစိုးရကကြည့်ရင် ဒါဟာ မြေလွတ်မြေရိုင်းတွေ ဖြစ်နေပါတယ်။ မြန်မာ့မြေလွတ်မြေရိုင်း ဥပဒေကလည်း လူတယောက်တည်းက ပိုက်ဆံရှိရင် တနိုင်ငံလုံးတောင် ဝယ်လို့ရတယ့် ဥပဒေ ဖြစ်နေတယ်ပေါ့။ အဲဒီလို အခြေအနေမျိုးမှာ ဒီလူတွေကို force to location လို့ပြောတဲ့ တခြားနေရာကို ရွှေ့လိုက်ပြီး သူတို့ရဲ့ မိဘလက်ငုတ်ရွာတွေကို မြေတွေကို တခြားကုမ္ပဏီလက်ထဲ ရောက်သွားမှာကို စိုးရိမ်ကြပါတယ်။ အကယ်၍ ကမ္ဘာ့ဘဏ်က ကူညီမယ်ဆိုရင်ပေါ့။ အဲဒီလို မတော်တဆများ ကျမတို့ပြောတာ စိုက်ပျိုးရေးတခုပဲ ရှိပါသေးတယ်။ ကမ္ဘာဘဏ်ကနေ ပံ့ပိုးမယ်လို့ ပြောတဲ့အခါမှာ လျှပ်စစ်စွမ်းအင်ဖြစ်တဲ့ energy sector လည်း ပါပါတယ်။ အဲဒီတော့ ဥပမာဆိုရင် သံလွင်မြစ်ပေါ်မှာ dam မဆောက်ဖို့ ပြည်သူလူထုက အင်မတန် ကန့်ကွက်နေတဲ့အချိန်မှာ အကယ်၍ ကမ္ဘာ့ဘဏ်က energy ဆိုပြီး သံလွင်မြစ်က ရေကာတာကြီးကို ပံ့ပိုးလိုက်မယ်ဆိုရင် နောက်ထပ် တိုက်ပွဲပြန်ဖြစ်ဖို့ပဲ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ မတိုက်ဘူးဆိုရင်တောင် ပြည်သူလူထုနဲ့ တိုက်သွားရမှာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသတွင်းမှာ လျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးမှုတွေ မရှိဘူးဆိုလို့ရှိရင် ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ဒေသတွေအတွက် ပိုပြီးနစ်နာစရာ ဖြစ်မကုန်ဘူးလား။
ဒေါ်ခွန်ဂျာ ။ ။ ကျမတို့အနေနဲ့ အထူးသဖြင့် နံပတ် (၁) ဦးစားပေးဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပါတယ်။ အဲဒီတော့ ဒီ စီမံကိန်းအကုန်လုံးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် comprehensive peace process ဆိုတဲ့ ဘောင်အတွင်းမှာ ရှိရပါမယ်။ နောက်တခုကတော့ အန္တရာယ်ရှိတဲ့ ရင်းနှီးမြှုပ်နံှမှုကို ပြည်သူလူထုက ကန့်ကွက်တာ ဖြစ်ပါတယ်။ ပြီးရင် သူတို့ကို နစ်နာစေတဲ့ ရင်းနှီးမြှုပ်နံှမှုကို ကန့်ကွက်စေတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီလိုကိစ္စမျိုးတွေမှာ အခု မြန်မာနိုင်ငံရဲ့ တခြားစီမံကိန်းတွေနဲ့ လုပ်နေတဲ့ကိစ္စမျိုးတွေမှာ အခုလို နိုင်ငံတကာကို ထွက်လာပြီးတော့ ကမ္ဘာ့ဘဏ်၊ သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်ပေး ပြောကြားမှုတွေ လုပ်တာတော့ဟုတ်တယ်။ အလားတူပဲ ပြည်တွင်းမှာရှိတဲ့ စီမံကိန်းဆိုင်ရာ ပေါ်လစီတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီမံကိန်းဌာန အစိုးရအဖွဲ့အစည်းတွေနဲ့ ဒေါ်ခွန်ဂျာ၊ စိုင်းခမ်းတို့ဆီက ချည်းကပ်ပြောဆိုမှုတွေ မလုပ်နိုင်ဘူးလား။ မလုပ်ကြဘူးလား။
စိုင်းစမ်းခမ်း ။ ။ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့တော့ ကျနော်တို့ ကမ္ဘာ့ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းလိုနဲ့ ပတ်သက်တာတော့ ကျနော်တို့ပြောတာ မရှိပါဘူး။ ဒါပေမဲ့ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့အပိုင်းတွေတော့ ကျနော်တို့ ပြောဆိုဆက်သွယ်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန နောက်ပြီးတော့ လူမှုရေးဝန်ကြီးဌာန စတာနဲ့တော့ အမြဲတမ်း ဆက်သွယ်ပြောဆိုခဲ့တာ ရှိပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တာ။ နောက်ပြီးတော့ အများပြည်သူအစုအဖွဲ့ပိုင် သစ်တောကိစ္စရပ်တွေနဲ့ ပတ်သက်တာတွေ စတဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာတွေ စတဲ့ကိစ္စတွေကိုတော့ ကျနော်တို့ အမြဲတိုင်ပင်ဆွေးနွေးဖြစ်တာ ရှိပါတယ်။
ဒေါ်ခွန်ဂျာ ။ ။ ကျမအနေနဲ့ အဲဒီကိစ္စမှာ ဆိုလို့ရှိရင် နံပတ် (၁) ပြည်သူလူထု ပါဝင်နိုင်ဖို့ဆိုရင် ပြည်သူလူထုက မှန်ကန်တဲ့ သတင်းအချက်အလက်ကို ရရှိဖို့ လိုပါတယ်။ အဲဒီလို ရရှိဖို့ဆိုရင် ဒီ contract တွေရဲ့ တန်းဖိုးတွေ၊ ဒီ contract တွေ ဘယ်လိုရှိနေတယ်ဆိုတာကို ပြည်သူလူထု သိရှိဖို့ လိုပါတယ်။ အဲဒါကြောင့် ပွင့်လင်းမြင်သာမှု ရရှိဖို့ကို လိုအပ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုလို့ ပြောလို့ရှိရင် Transparency International က နှစ်တိုင်းလုပ်တဲ့ assessment အရဆိုရင် မြန်မာနိုင်ငံက အမှတ်က သုည မှာပဲ ဖြစ်နေသေးတယ်။ ပြီးလို့ရှိရင် ၁၇၂ နိုင်ငံကို သုံးသပ်တယ်ဆိုရင် နံပတ် ၁၇၂ ရနေတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဖေဖေါ်ဝါရီလ ၂၀၁၄ ခုနှစ်မှာ ကျမတို့ နေပြည်တော်မှာ (၃) ရက်ကြာတဲ့ budget transparency workshop ဆိုတာ လုပ်ခဲ့ပါတယ်။ အမှန်ကတော့ အဲဒါကို တာဝန်ခံပြီး ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ရမယ့် ဝန်ကြီးဌာနကတော့ ဘဏ္ဍာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ သို့သော် ပါဝင်မှုမရှိဘူးပေါ့။ အဲဒီတော့ လောလောဆယ်အနေနဲ့ ဒီလို ပါဝင်မှုမရှိတဲ့အခါမှာ ပြည်သူလူထုတင်မကဘူး တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သူတို့ရဲ့ မြေပေါ်မှာ contract ဘယ်လောက်ရှိမှန်း မသိဘူး။ ဒါတွေက အင်မတန် ကျမတို့ ဆုံးဖြတ်ဖို့အတွက် အခက်အခဲ ရှိစေပါတယ်။ အဲဒီတော့ လောလောဆယ် မြန်မာနိုင်ငံအနေနဲ့ EITI ဆိုတဲ့ Extractive Industries Transparency Initiative ဆိုတာကိုလည်း စပြီးလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လုပ်ဆောင်လာတဲ့အချိန်မှာလည်း လောလောဆယ် coordination body ဆိုပြီးမှ ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူထားတဲ့ MDRI က ကြားမှာခံနေပါတယ်။ သတင်းအချက်အလက်တွေကို MDRI က ရရှိတာမှန်ပေမယ့် ကျမတို့ ပြည်သူလူထုအဖွဲ့အစည်းဖြစ်တဲ့ civil society အဖွဲ့တွေကို ကျမတို့ ချပေးတာမျိုး မရှိတဲ့အခါကြတော့ ဆက်ပြီးပါဝင်ဖို့ အင်မတန် အခက်အခဲရှိနေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါတွေ တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်။ နောက်ပိုင်းမှာ အသားကျလာလိမ့်မယ်လို့ရော မမျှော်လင့်ဘူးလား။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်းဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ဥပမာ အစိုးရအဖွဲ့မှာဆိုရင်လည်း သက်ဆိုင်ရာ အကြံပေးတွေ၊ အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ လုပ်ဆောင်လာကြတာကို တွေ့ရတယ်။ ဥပမာ နိုင်ငံရပ်ခြားအတွေ့အကြုံ ရှိခဲ့တဲ့လူတွေ၊ နောက်ပြီးတော့ တဖက်ကနေ ပြည်တွင်းကိုပြန်ဝင်သွားတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေလည်း ကျနော်တို့ ကြားနေရတယ်။ အဲဒီတော့ ဒါတွေဟာ ဒေသခံအဖွဲ့အစည်းတွေ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ ပိုပြီးတော့ အားဖြည့်လာမယ့် နောက်ပိုင်းမှာ အလားအလာကောင်းလာလိမ့်မယ်လို့ မယူဆဘူးလား။
ဒေါ်ခွန်ဂျာ ။ ။ ကျမအနေနဲ့ အဲဒါ ပိုအန္တရာယ်ရှိလာတယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အစိုးရဆီမှာ ဒီ စွမ်းအင်ရှိတဲ့ လူအားလုံးက ရောက်ရှိသွားပါတယ်။ ပြည်သူလူထုဖက်ကနေမှ ပြည်သူ့အရေးကို ကိုယ်စားပြုမယ့်လူက မကျန်တော့ပါဘူး။ အဲဒီတော့ သမ္မတရဲ့ အကြံပေးအဖွဲ့ဖြစ်သွားပြီဆိုတာနဲ့ သူတို့ဟာ အစိုးရလို့ စကားပြောပြီမှ အစိုးရကိုယ်စားပြု ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ပြည်သူလူထုရဲ့ အသံတွေကို ကျမတို့ ပို့ရင်တောင်မှ နားထောင်ပေးတာ အင်မတန်မှ ရှားပါးပါတယ်။ နောက်တခုက ဘာလဲဆိုရင်တော့ ပြည်သူလူထုထဲမှာ ကျမတို့ဆီမှာ ပညာတတ်တဲ့ လူတွေကလည်း သမ္မတအကြံပေးအဖွဲ့ဆိုပြီး ကောက်ယူသွားတာမျိုးပေါ့။ ဥပမာ ဒေါက်တာအောင်ထွန်းသက်ဆိုရင် ကျမတို့ NGO တွေအတွက် စွမ်းအင်မြှင့်တင်ရေးမှာ အင်မတန်မှ အားကိုးရတဲ့ ဆရာကြီး၊ ကျမတို့ လေးစားရတဲ့ ဆရာကြီး ဖြစ်ပါတယ်။ အခုအချိန်မှာ သူက သမ္မတအကြံပေးအဖွဲ့ထဲကို ရောက်သွားတဲ့အခါမှာ ကျမတို့ NGO တွေအတွက် တခြားနောက်ထပ် ဘယ်သူကိုမှ အားကိုးစရာ မရှိဘူးသလို ဖြစ်သွားပါတယ်။ ထိုနည်းတူစွာပဲ အခြားသော ပညာတတ်များဟာလည်း ပြည်သူလူထုထဲကနေ ကောက်ယူပြီးတော့ သမ္မတဖက်ကို အကြံပေးဖက်ကို အစိုးရဖက်ကို ပို့ဆောင်လိုက်ခြင်းဟာ ပြည်သူလူထု အစုအဖွဲ့ အထူးသဖြင့် civil society ဆိုတဲ့ အစုအဖွဲ့တွေကို အားနည်းသွားစေပါတယ်။ ထိုနည်းတူစွာ အတိုက်အခံလိုဖြစ်တဲ့ NLD, ၈၈ တို့ကိုလည်း အားနည်းသွားစေပါတယ်။ အဲဒီတော့ လောလောဆယ်အနေနဲ့ ကျမအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ပြည်တွင်းမှာ ဥနှောက် ယိုးစီးမှုဟာ ပြည်ပကို မထွက်တော့ဘဲနဲ့ အပြင်ကရော၊ အထဲကရော အစိုးရဖက်ကို စီးဝင်သွားပြီးတော့ ပြည်သူလူထု ကိုယ်စားပြု ပြောဆိုမယ့်လူက မကျန်တော့ဘူး ဖြစ်ပါတယ်။
စိုင်းစမ်းခမ်း ။ ။ တခုကြတော့လည်း နိုင်ငံခြားပြန် ဘွဲ့ရပညာတတ်တွေကိုပဲ အားကိုးတာမျိုးတော့လည်း မဖြစ်စေချင်ပါဘူး။ ၂၀၀၈ နာဂစ်ပြီးသွားတဲ့အခါမှာ ကျနော်တို့ နိုင်ငံရဲ့ အကျိုးအတွက် ကိုယ်ရောစိတ်ပါ နစ်မြုပ်ပြီးတော့ ကြိုးစားတဲ့ ခေါင်းဆောင်တွေလည်း အများကြီးပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ ဦးဆောင်နေတဲ့လူတွေ ကျနော်တို့ ကြည့်လိုက်မယ်ဆိုရင် ဒါကတော့ ကျနော်တို့အတွက် အားရစရာ တခုဖြစ်လိမ့်မယ်လို့ မြင်မိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးပါပဲ။ ကျနော်တို့လည်း ဒီလောက်ပဲ အချိန်ရပါတယ်။ မေတ္တာဖောင်ဒေးရှင်းအဖွဲ့က စိုင်းစမ်းခမ်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် က ဒေါ်ခွန်ဂျာ၊ နိုင်ငံတကာငွေကြေးများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က လဇ်လှိုင် တို့ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။