မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာလည်း အားကောင်း လာတော့မယ်လို့ မျှော်လင့်နေကြတဲ့ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး လုပ်ငန်းတွေကတော့ အားနည်းနေတုန်းပဲ ဖြစ်ပါတယ်။ စီးပွားရေးမှာ အခရာကျတဲ့ ဘဏ်လုပ်ငန်းတွေ ခေတ်မမီတာ၊ ပင်မလုပ်ငန်းတခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ အားနည်းနေတာတွေဟာလည်း စိန်ခေါ်မှုတွေအဖြစ် ရှိနေဆဲပါ။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီတွေ တဖွဲဖွဲ ဝင်ရောက်လာနေပေမဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေရဲ့ တွန်းအားပေးမှုနဲ့ စီးပွားရေးမှာ အရှိန်ကောင်း လာတော့မယ်လို့ နိုင်ငံတကာက ကျွမ်းကျင်သူတွေကိုယ်တိုင် ခန့်မှန်းထားကြပေမဲ့ ပြင်ဆင်ဖို့ လိုအပ်နေတာတွေ တပုံကြီးရှိနေတာကိုလည်း သတိပေးနေကြပါတယ်။ အထူးသဖြင့် စီးပွားရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ အားနည်းနေဆဲ ဖြစ်တယ်လို့လည်း မြင်နေကြတာပါ။
ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အရာရှိချုပ် Bert Hofman ကတော့ ပြုပြင်ပြောင်းလဲရမယ့် အထဲမှာ ဘဏ္ဍာရေးကဏ္ဍဟာလည်း အဓိကကျတဲ့ နေရာမှာ ပါတယ်လို့ ပြောပါတယ်။
“ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးစနစ် ကောင်းဖို့က အရေးကြီးပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ဆိုရင်လည်း ငွေအရင်းအနှီး ရနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဘဏ္ဍာရေးကဏ္ဍနဲ့ အရင်းအနှီးရနိုင်ဖို့ ကိစ္စတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ဖို့ လိုမယ်လို့ထင်ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ တခြားဆက်နွယ်တဲ့ အပိုင်းတွေလည်း ပါပါလိမ့်မယ်။”
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် လာရာက နိုင်ငံခြားငွေ လဲလှယ်မှုတွေမှာ ထိန်းချုပ်ထားတာကို ပယ်ဖျက်လိုက်တာ၊ ဗဟိုဘဏ် အနေနဲ့ အရင်ကထက် ပိုပြီးလွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။ ဒါပေမဲ့ ဘဏ္ဍာရေးစနစ်မှာ ပြင်စရာတွေ အများအပြား ကျန်နေတာကိုလည်း သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးက အသိအမှတ်ပြု လက်ခံထားပါတယ်။ အထူးသဖြင့် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ခေတ်မီအောင်လုပ်ဖို့ လိုနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုမှာတော့၊ အရေးကြီးတာက တဆင့်ပြီးမှ တဆင့်သွားလို့ရတယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီတော့ တချို့အခြေခံကျတဲ့ အဆင့်တွေကို မကျော်နိုင်သေးပဲနဲ့ တခြားအဆင့်တွေကလည်း လုပ်လို့မရနိုင်တဲ့ အနေအထားတွေ ဖြစ်နေတာပေါ့နော်။ ကျနော်တို့က အခုက ဆက်သွယ်ရေးစနစ်တွေက အားမကောင်းသေးဘူး။ အထူးသဖြင့် ငွေရေးကြေးရေးမှာ ဆက်သွယ်ရေး ကွန်ယက်တွေနဲ့၊ ဘဏ်တွေအချင်းချင်း ကွန်ယက်လို ချိတ်နိုင်တဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ မြို့တမြို့နဲ့ တမြို့နဲ့ ချိတ်ဆက်နိုင်တဲ့ ကိစ္စတွေ၊ ဒါတွေက သေချာမလုပ်နိုင်သေးဘူးခင်ဗျ။ အဲဒါက ရိုးရိုးဆက်သွယ်ရေးနဲ့ မတူပဲနဲ့ တကယ့်ကို စိတ်ချရပြီးတော့၊ Reliable ဖြစ်တဲ့ ဆက်သွယ်ရေးစနစ်တွေ လိုတာပေါ့နော်။ အဲဒီတော့ ဒါတွေက ချက်ခြင်းလက်ငင်းကို အကျိုးရှိနိုင်တဲ့ ကိစ္စမျိုးပေါ့။ အခုဆိုရင် ဘဏ်တွေမှာဆိုရင် တခုနဲ့တခုက စာရွက်ပေါ်မှာပဲ ချိတ်ဆက်ပြီးတော့ လုပ်နေရတဲ့ အခြေအနေမှာပဲ ရှိနေတယ်။ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ အခြေခံတွေနဲ့ အခြေခံအဆောက်အအုံ (Infrastructure) က အားနည်းနေတာ ရှိတဲ့အခါမှာ ဥပမာ၊ စတော့ခ်ဈေးကွက်လို ဟာမျိုးဆိုရင် အချိန်နဲ့အမျှ အပြောင်းအလဲတွေ အားလုံးကို စီမံခန့်ခွဲနိုင်မယ့် အင်တာနက် စနစ်တွေ၊ သတင်းစီမံခန့်ခွဲမှု စနစ်တွေ၊ ဒါတွေဟာ မပေါ်လာသေးဘူး ဖြစ်နေတယ်။”
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၄ - ၂၀၁၅ မှာ ၇.၈% အထိ တိုးတက်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်တို့က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးမှုတွေဟာ ရေနံနဲ့ဓာတ်ငွေ့လို သယံဇာတနဲ့ အရင်းအမြစ် ထုတ်လုပ်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အဓိကအားဖြင့် အခြေခံနေသလို၊ တိုင်းပြည်ရဲ့ ပင်မစီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာတော့ အားနည်းနေတာကိုလည်း သတိပေးနေကြတာပါ။
ကမ္ဘာ့ဘဏ်အရာရှိ Hofman ကတော့ တချိန်က အာရှတိုက်ရဲ့ စပါးကျီလို့ တင်စားခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အားကောင်းအောင်လုပ်ဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံး တိုင်းပြည်တခု ဖြစ်ခဲ့ဖူးပါတယ်။ ဒီအခြေအနေကို ပြန်ရောက်နိုင်ဖို့ ဆိုရင်တော့ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို၊ ဒါကို ဆက်ထိန်းထားဖို့ အတွက်ကတော့ သိပ်လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။”
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ ခေတ်မီလာစေဖို့၊ လိုအပ်တဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာလို ပစ္စည်းတွေကို အလွယ်တကူ သုံးစွဲနိုင်အောင် အစိုးရက စဉ်းစားဖို့ လိုမယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ ဒီလိုပဲ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ အဓိကစိမ်ခေါ်မှု တခုအဖြစ်နဲ့ မကြာခန ထောက်ပြလေ့ ရှိတာကတော့ လိုအပ်တဲ့ စိုက်ပျိုးစရိတ် အရင်းအနှီး အလုံအလောက် မရနိုင်တဲ့ ကိစ္စပါ။ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦး ကတော့ အစိုးရ ယန္တယားထဲက စီမံခန့်ခွဲမှု လွဲချော်နေတဲ့ ကိစ္စတွေကြောင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အားနည်းချက်တွေ ရှိနေတာကို အခုအခါမှာ ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ လက်ရှိအနေအထားမှာတော့ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့အောက်မှာ အခု စိုက်ပျိုးရေးဘဏ်ဆိုပြီး ဆောင်ရွက်နေတာ ရှိတာပေါ့နော်။ အဲဒါကတော့ အခုလက်ရှိ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေနဲ့ ဆောင်ရွက်နေတဲ့ အထဲမှာတော့ အခုထက်ထိတော့ မဆိုင်သလိုတော့ ဖြစ်နေပါသေးတယ်။ ဆိုတော့ အဲဒါကို ဆင်းရဲနွမ်းပါးမှု လျော့ချရေး ရှုဒေါင့်ကနေ ကြည့်ပြီးတော့ သီးခြား အခုလောလောဆယ် လုပ်နေတယ်လို့ သိရတယ်လေ။ အဲဒီမှာတော့ အဓိကကတော့ စိုက်ပျိုးစရိတ်ချေးငွေဆိုတဲ့ နဂိုမူလ လုပ်တဲ့ပုံစံတွေတင် မကပဲနဲ့ အသေးစား ငွေစုငွေချေးလုပ်ငန်း Microfinance လုပ်ငန်းမျိုးကိုပါ ပိုပြီးတိုးချဲ့ဆောင်ရွက်နေတယ်။ အဲဒီအခါကျတော့ သမဝါယမ ဝန်ကြီးဌာနကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့ အကြမ်းဖျဉ်း စီစဉ်ထားတာတော့ ရှိတာပေါ့နော်။”
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အကူအညီတွေကို ဆက်တိုက်ဆိုသလို ပေးအပ်နေကြတာပါ။ မေလဆန်းမှာတုန်းကလည်း မြန်မာနိုင်ငံက အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးစနစ် ခေတ်မီလာစေဖို့ နိုင်ငံတကာ အကူအညီအဖြစ် ဒေါ်လာ ၅၅ သန်း သုံးစွဲသွားမှာ ဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။ စီမံကိန်းမှာတော့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ကချေးငွေအဖြစ် ဒေါ်လာသန်း ၃၀ မတည်ပြီး၊ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UKAID) က ဒေါ်လာ ၁၆ သန်းခွဲ၊ သြစတြေးလျနိုင်ငံက ၈ သန်းခွဲနဲ့ စုစုပေါင်း ၅၅ သန်း ထည့်ဝင်သွားမှာပါ။ ဒီစီမံကိန်းနဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုတွေမှာ တိုးတက်အောင်လုပ်ပြီး အစိုးရက အများပြည်သူအတွက် ဝန်ဆောင်မှု ပေးရာမှာ ထိရောက်မှု ရှိစေဖို့ ရည်ရွယ်ထားတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။