ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့နေရာမှာ အသွင်သဏ္ဍာန်ပဲဆောင်တဲ့ ငြိမ်းချမ်းရေးဆိုတာထက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရအောင် ဦးတည်ဆောင်ရွက်သွားရလိမ့်မယ်လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ မျိုးဆက်သစ် ရှမ်းလူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးညီညီမိုး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ဗွီအိုအေရုံးခွဲမှာ အယ်ဒီတာဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ လုပ်နေပါတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးတွေလည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာပဲ ရှမ်းလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။ ကချင်နဲ့လည်း အခုဆွေးနွေးနေတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲဒီတော့ ဦးညီညီမိုးတို့ရဲ့ မျိုးဆက်သစ်ရှမ်းပြည်အဖွဲ့အစည်းအနေနဲ့ အခုလောလောဆယ် လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ သဘောရပါသလဲရှင့်။
ဦးညီညီမိုး ။ ။ ကိုယ့်သြဇာ။ ကျနော်တို့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ဆိုရင် ကျနော်တို့က နှစ်မျိုးမြင်ပါတယ်။ ပုံသဏ္ဍာန် ငြိမ်းချမ်းရေးနဲ့ အနှစ်သာရ ငြိမ်းချမ်းရေး။ ကျနော်တို့က အနှစ်သာရ ငြိမ်းချမ်းရေးကို သွားစေချင်တယ်။ ဖြစ်အောင်လည်း ကြိုးစားနေတာပေါ့။ ပုံသဏ္ဍာန် ငြိမ်းချမ်းရေးကတော့ လက်နက်နဲ့ ငြိမ်းချမ်းရေးလုပ်ထားကြတယ်။ အပစ်အခတ်ရပ်စဲလိုက်တယ်။ ပြီးရင် တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ အဲဒီလိုမျိုး ငြိမ်းချမ်းရေးမျိုးက ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးမျိုး မဖြစ်နိုင်ဘူး။ ဆိုတော့ ကျနော်တို့က အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရမယ်။ အဲဒီ အပစ်အခတ်ရပ်စဲတဲ့အချိန်မှာလည်း သိသာထင်ရှားတဲ့၊ တိကျတဲ့၊ ပွင့်လင်မြင်သာမှုရှိတဲ့ အပစ်အခတ်ရပ်စဲရေး မူတွေ၊ စာချုပ်တွေ လုပ်ဖို့လိုတယ်။ ပြီးရင် အပြန်အလှန် ကတိကဝတ်တွေ လေးစားကြဖို့၊ ထိန်းသိမ်းကြဖို့ လိုတယ်။ ဒါမှပဲ ကျနော်တို့ အနှစ်သာရငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဒါက နိုင်ငံရေးအဆင့်သွားရမှာကို။ ဆိုတော့ အဲဒီအဆင့်ကို တဆင့်ခြင်း သွားစေချင်တယ်။ အဲဒီလိုလည်း ဖြစ်စေချင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကိုယ်စွမ်းရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက် ငြိမ်းချမ်းရေးအတွက် ဝင်ရောက်ကြိုးစားနေခြင်း ဖြစ်တာပါ။
ဒေါ်ခင်စိုးဝင်း။ ။ အဲဒီတော့ ဒီ civil society လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ အရပ်ဖက်အခြေပြုအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဖို့ ရည်ရွယ်ထားပါသလဲရှင့်။
ဦးညီညီမိုး ။ ။ ကျနော်တို့ CSO အနေနဲ့ကတော့ ငြိမ်းချမ်းရေးမှာ ကျရာနေရာကနေ ပါဝင်သင့်ပါတယ်။ ဘယ်နေရာမှ ဘယ်နေရာဆိုတာထက် ရွေးချယ်နေတာထက်စာရင် ကိုယ်လုပ်နိုင်တဲ့အနေအထားကနေ စပြီးတော့ ဝိုင်းဝန်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်သင့်တာပေါ့။
ဒေါ်ခင်စိုးဝင်း။ ။ အဲဒီတော့ အခုအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း မကြာခဏ လုပ်နေတာရှိပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တကယ်လက်တွေ့ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တာ ရှိပါသလားရှင့်။
ဦးညီညီမိုး ။ ။ ရှိပါတယ်။ ကျနော်တို့ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တုန်းကဆိုရင် ကျနော်တို့ မျိုးဆက်သစ်ရှမ်းပြည်၊ SNLD က အန်ကယ်ဦးခွန်ထွန်းဦးတို့နဲ့ ပူးပေါင်းပြီးတော့ ရှမ်းပြည်တောင်ကြီးမျိုးမှာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ပွဲ၊ တည်ဆောက်ခြင်း အဲဒါနဲ့ ပတ်သက်လို့ ရှမ်း-ကယား အကြိုဆွေးနွေးပွဲကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ အဓိကတော့ CSO တွေရယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးသမားဟောင်းတွေ။ နောက်ပြီးတော့ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားပေါင်းစုံ အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုလေးတွေ၊ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ဟာတွေနဲ့ အကြိုဆွေးနွေးပွဲလုပ်ခဲ့တယ်။ အဲဒီမှာ သူတို့တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သူတို့အသံတွေ၊ သူတို့ ဘယ်လိုပြောချင်တာလဲ။ ငြိမ်းချမ်းရေးကို သူတို့ ဘယ်လို တောင့်တနေသလဲ။ သူတို့ ဘယ်လိုဆန္ဒရှိသလဲဟာကို အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲ၊ အဲဒါကို ကျနော်တို့ လုပ်ဖြစ်ခဲ့ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ အဲဒီ အကြိုဆွေးနွေးပွဲကနေ လားရှိုး ညီလာခံ ဖြစ်လာတာလား။
ဦးညီညီမိုး ။ ။ အဲဒီဟာကတော့ ဒီလိုဗျ။ လားရှိုးညီလာခံကြတော့ နဂိုကတည်းက အန်ကယ်ဦးခွန်ထွန်းဦးတို့က လုပ်ထားပြီသာ။ ကျနော်တို့ အကြိုဆွေးနွေးပွဲက ကြားဖြတ်အစီအစဉ်အနေနဲ့ လုပ်တာ။ ရှမ်းပြည်တောင်ပိုင်းကြတော့ တိုင်းရင်းသားတွေ စုံတယ်။ CSO တွေလည်းများတယ်။ နောက် နိုင်ငံရေးသမားဟောင်းတွေလည်း ရှိနေတယ်။ ထူးခြားတယ်။ ရှမ်းပြည်အတွက်ဆို ထူးခြားတဲ့ အနေအထားရှိတဲ့အတွက် ကြားဖြတ်အစီအစဉ်အနေနဲ့ လုပ်တာ။
ဒေါ်ခင်စိုးဝင်း။ ။ အခု မျိုးဆက်သစ်ရှမ်းပြည်အဖွဲ့အနေနဲ့ ရည်ရွယ်ချက်ထဲမှာ ငြိမ်းချမ်းရေးပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ်မူ အတွက်ကို ဦးတည်တယ်လို့ ပြောပါတယ်။ အဲဒီတော့ စစ်မှန်တဲ့ ဖယ်ဒရယ်မူဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။
ဦးညီညီမိုး ။ ။ ကျနော်တို့ ဖယ်ဒရယ်နဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ကတော့ ပင်လုံ ကတိကဝတ်တွေပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုစနစ်မျိုးကို ကျနော်တို့ ဆန္ဒရှိတယ်။ တိုင်းရင်းသားအများစုကလည်း အဲဒီအပေါ်မှာပဲ ဆန္ဒရှိပါတယ်။ အဲဒီတော့ ဘယ်လို ဖယ်ဒရယ်လဲလို့ မေးရင်တော့ ဖယ်ဒရယ်ကတော့ ပုံသဏ္ဍာန်အမျိုးမျိုးရှိတာပေါ့။ သီအိုရီအမျိုးမျိုး ရှိတယ်။ အဓိကတော့ ပြည်နယ်အစိုးရလည်း ပြည်ထောင်စုအစိုးရလည်း သတ်သတ်မတ်မတ် အာဏာတွေခွဲဝေမယ်။ စနစ်တကျ တည်ဆောက်ထားတဲ့ ပြည်ထောင်စုလေးတခု။ အဲဒီလို ပြည်ထောင်စုမျိုးကို ဆိုလိုတာပါ။
ဒေါ်ခင်စိုးဝင်း။ ။ အခုလောလောဆယ် ရန်ကုန်ရောက်နေတဲ့ ခရီးစဉ်က Shalom Foundation (Nyein Foundation) ငြိမ်းချမ်းရေးအဖွဲ့ကြီးကလုပ်တဲ့ အလုပ်ရုံအစည်းအဝေး လာတက်တယ်လို့ သိရပါတယ်။ အဲဒီ အလုပ်ရုံအစည်းအဝေးနဲ့ ပတ်သက်လို့ နည်းနည်းရှင်းပြလို့ မရဘူးလားရှင့်။
ဦးညီညီမိုး ။ ။ Shalom Foundation က လုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ civil society for peace ကို ကျနော်တို့ အရမ်းစိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတော့ သူတို့လည်း ဒီငြိမ်းချမ်းရေးအတွက် ကြိုးစားနေတဲ့ CSO တွေဆိုတော့ သူတို့တွေ ဘယ်လို message ပေးသလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အဲဒါတွေကို အရမ်းစိတ်ဝင်စားလို့လာတယ်။ လာပြီးတော့ participant လုပ်တာပေါ့။
ဒေါ်ခင်စိုးဝင်း။ ။ အဓိက ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။
ဦးညီညီမိုး ။ ။ အဓိကတော့ ဖယ်ဒရယ်၊ peace နောက်ပြီးတော့ justice and peace, environmental peace, gender in peace အဲဒီခေါင်းစဉ်လေးတွေနဲ့ ဆွေးနွေးတာတွေ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာလို့ရှိရင် တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ သဘာဝသယံဇာတ ပစ္စည်းတွေကလည်း အခရာကြပါတယ်။ ဥပမာဆိုလို့ရှိရင် ကချင်ပြည်နယ်မှာဆိုရင် သဘာဝသယံဇာတပစ္စည်းတွေ အများကြိးရှိပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ တိုင်းရင်းသားဒေသတွေမှာထွက်တဲ့ သဘာဝသယံဇာတပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ခွဲဝေသုံးစွဲမလဲ။ တိုင်းရင်းသားလူထုအတွက် အကျိုးရှိမယ့်ဟာတွေ။ အဲဒါနဲ့ ပတ်သက်လို့ မျိုးဆက်သစ်ရှမ်းပြည်အဖွဲ့ရဲ့ သဘောထားကို သိပါရစေ။
ဦးညီညီမိုး ။ ။ အဲဒါဟာ ပြည်ထောင်စုစနစ်မှာဆိုရင် သိပ်အရေးကြီးတယ်ကိစ္စ။ ဒီရင်းမြစ်ခွဲဝေမှုကိစ္စတွေ မညီမျှဘူးဆိုရင် မငြိမ်သက်မှုတွေဖြစ်လာမယ်။ မငြိမ်းချမ်းမှုတွေ ဖြစ်လာမယ်။ ဆိုတော့ ရင်းမြစ်ခွဲဝေမှုကတော့ စနစ်တကျ ဆွေးနွေးကြရမယ့်ကိစ္စတွေပါ။ ပြည်ထောင်စုစနစ်ရဲ့ အဓိကပြဿနာတွေမှာလည်း ဒီရင်းမြစ်တွေ ပြည်နယ်တွေကထွက်တဲ့ ရင်းမြစ်တွေ ခွဲဝေသုံးစွဲမှုက သိပ်အရေးကြီးပါတယ်။ ဒါက အသက်ပါပဲ။ အဲဒီလိုပဲ သုံးသပ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ပညာရေးစနစ်ထဲမှာ အရင်တုန်းက ရှိခဲ့ဖူးတဲ့ တိုင်းရင်းသားစာပေတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေ သင်ကြားတာနဲ့ ပတ်သက်တဲ့သဘောထားက ဘယ်လိုရှိပါသလဲ။
ဦးညီညီမိုး ။ ။ အဲဒါတွေကတော့ စနစ်တကျ ဖော်ထုတ်ပေးရမယ့် ကိစ္စတွေပါ။ ဒီလိုမျိုး စနစ်တကျ ဖော်ထုတ်ခွင့်မရဘူးဆိုရင် ဒါက ကျနော်တို့ ဘာသာစကားပျောက်သွားရင် မကြာပါဘူး လူမျိုးလည်း ပျောက်သွားပါလိမ့်မယ်။ ကျနော်တို့ ပြည်ထောင်စုတိုင်းရင်းသားတွေ ဒီလို အန္တရာယ်မျိုး ရှိတဲ့ဟာတွေကို အားလုံးဝိုင်းကာကွယ်ရမှာ။ တိုင်းရင်းသားပေါင်းစုံ ဝိုင်းကာကွယ်ပေးရမယ့် ပြဿနာပါ။ မြှင့်လည်းမြှင့်တင်ပေးရမယ့်ကိစ္စပါ။
ဒေါ်ခင်စိုးဝင်း။ ။ အခုလောလောဆယ် အရပ်သားအစိုးရရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထားရှိတဲ့ သဘောထားတွေ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်လို့ရပါသလဲရှင့်။
ဦးညီညီမိုး ။ ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တကယ်အစစ်အမှန် တည်ဆောက်နေပြီ၊ ရအောင်ကြိုးစားနေတယ်လို့ မြင်မိတယ်။ အဲဒီအတွက်တော့ အားရတာပေါ့။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေ၊ စာပေတွေနဲ့ ပတ်သက်လို့တော့ အားမရသေးဘူး။
ဒေါ်ခင်စိုးဝင်း။ ။ အားနည်းချက်တွေ ရှိနေသေးတယ်လို့ မြင်မှာပေ့ါ။ သူတို့လည်း တဖြည်းဖြည်းနဲ့ ကြိုးစားပြီးတော့ ပြုပြင်ပြောင်းလဲနေတာတွေ တွေ့နေရပါတယ်။ အခုအချိန်အထိ မျိုးဆက်သစ် ရှမ်းပြည်အနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်အခန်းကဏ္ဍကနေ တိုးပြီးတော့ ပါဝင်ဖို့ စဉ်းစားထားပါသလဲ။ ဒီထက်မက ပိုပြီးတော့ ခရီးရောက်အောင် တခုလောက် နမူနာလေး ပြောပြပါလား။ လူမှုရေးတွေ လုပ်တာလည်းရှိမှာပေါ့။ နိုင်ငံရေးလည်း ရှိမှာပေါ့။
ဦးညီညီမိုး ။ ။ ကျနော်တို့ လူမှုရေးအပိုင်းနဲ့ဆိုရင် ကျနော်တို့ ဒေသမှာ မြေယာသိမ်းဆည်းတဲ့ ပြဿနာတွေ အများကြီးရှိနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ဆိုရင် မြေယာဥပဒေ အလုပ်ရုံဆွေးနွေးပွဲလေးတွေ ကျနော်တို့ လိုက်လုပ်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ မြေယာဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတဲ့နေရာမှာ နစ်နာတဲ့ လယ်သမားတွေ တောင်သူတွေဘက်ကနေ သူတို့ကိုလည်း ပညာပေးရင်နဲ့ ဒီဘက်က သိမ်းဆည်းတဲ့လူတွေလည်း တရားဥပဒေကြောင်းအရ လိုက်နာဖို့အတွက်ကို ဘယ်လိုများ အကြံတွေ ပေးထားပါသလဲရှင့်။
ဦးညီညီမိုး ။ ။ ကျနော်တို့ အဲဒီဟာကြတော့ ဒီသင်တန်းလာရောက် ပို့ချပေးတဲ့ ဥပဒေပညာရှင်တွေကနေ ဘယ်လိုဥပဒေကြောင်းအရ ကာကွယ်ရမယ်။ ဘယ်လို တည်ဆောက်ရမယ်ဆိုတာတွေကို အကြံဉာဏ်ပေးပါတယ်။ သူတို့တွေက ကူလည်းကူညီပါတယ်။ ကျနော်လည်း အဲဒီကိစ္စမှာ တတ်နိုင်သလောက် ဝင်ပြီးတော့ ကူတဲ့အပိုင်းတွေရှိတယ်။ လိုအပ်လို့ရှိရင် သူတို့ အင်တာဗျူး မီဒီယာလမ်းကြောင်းနဲ့ သူတို့တွေရဲ့ ပြောချင်တဲ့ဆန္ဒလေး ရှိရင်လည်း တတ်နိုင်သလောက် ကူညီပေးတာတွေလည်း ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ရှမ်းပြည်ထဲမှာ ဥပမာ ဘယ်နေရာမျိုးမှာ မြေယာသိမ်းတဲ့ကိစ္စတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပါသလဲရှင့်။
ဦးညီညီမိုး ။ ။ အခု လတ်တလော ဖြစ်နေတဲ့ကိစ္စဆိုရင် အင်လေးဟိုတယ်ဇုံ မြေယာသိမ်းဆည်းတဲ့ကိစ္စက တော်တော် hot ဖြစ်နေတဲ့ကိစ္စ။ တကယ်လည်း နစ်နာနေတဲ့ကိစ္စ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ ဟိုတယ်ဇုံ က ပုဂ္ဂလိကပါလား။
ဦးညီညီမိုး ။ ။ ကျနော် သိရသလောက်တော့ နိုင်ငံတော်စီမံကိန်းအနေနဲ့ လုပ်တယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ဘယ်လို စီမံကိန်းလည်း ဆိုတာတော့ ပွင့်ပွင့်လင်းလင်း ကျနော်တို့လည်း မသိဘူး။ အဲဒီမှာ မြေယာသိမ်းဆည်းခံရတဲ့ လူတွေလည်း သိပုံမပေါ်ဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလို နစ်နာနေတဲ့ ကိစ္စတွေကို အခုဆိုရင် တိုင်းကြားတဲ့ mechanism တိုင်းကြားတဲ့ ယန္တရားတွေလည်း ပေါ်နေပြီဆိုတဲ့အခါကြတော့ ဥပမာ တရားဥပဒေစိုးမိုးရေး ကော်မတီတို့ ဘာတို့ရှိမယ်။ လူ့အခွင့်အရေးကော်မရှင် ရှိမယ်။ အဲဒီလိုမျိုး တိုင်းကြားတဲ့အမှုတွေ ဘာတွေ ရှိပါသလားရှင့်။
ဦးညီညီမိုး ။ ။ တိုင်းပါတယ်။ အခု တရားဥပဒေစိုးမိုးရေးကိုလည်း သူတို့ စာတွေပို့ကြတယ်။ နောက်ပြီးမှ ပြည်နယ်မှာရှိတဲ့ အစိုးရတွေ၊ ဌာနဆိုင်ရာတွေ၊ တင်သင့်တင်ထိုက်တဲ့ နေရာတွေကို တင်ပါတယ်။ အဲဒီဟာတွေတော့ သူတို့ ုလုပ်နေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ တိုးတက်မှု ရှိပါသလားရှင့်။
ဦးညီညီမိုး ။ ။ တိုးတက်မှု ရှိသလားဆိုတော့ အခုထက်ထိတော့ ဒီအတိုင်းပါပဲ။ တောင်သူလယ်သမားတွေက ဟိုတယ်ဇုံ လုပ်ငန်းနဲ့ ပတ်သက်လို့ ဒီဟာကို သူတို့ မလုပ်ရဘူးဆိုပြီး တားဆီးနေတာ မဟုတ်ဘူး။ ဖျက်သိမ်းခိုင်းနေတာ မဟုတ်ဘူး။ သူတို့ရဲ့ နစ်နာချက်၊ နစ်နာဆုံးရှုံးသွားတာတွေကို ထိုက်သင့်တဲ့ နစ်နာကြေးတွေ။ ဒါမှမဟုတ် နိုင်ငံတော်က မြေယာအစား ပြန်ပေးတာတွေ။ ဒါတွေ သူတို့ လိုချင်တာပါ။ ဒီ စီမံကိန်းကြီးကို ရပ်တန့်သွားဖို့ မလုပ်ဖို့ တားနေတဲ့ကိစ္စ တခုမှမပါပါဘူး။ သူတို့ တကယ်နစ်နာနေလို့ နစ်နာကြေးကို ထိုက်တန်တဲ့ လျော်ကြေး၊ နစ်နာကြေးကို တောင်းနေတာပါ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ စသိမ်းကတည်းက လျော်ကြေးကို မရခဲ့တာလား။
ဦးညီညီမိုး ။ ။ သူတို့ပေးတယ်။ သူတို့ပေးတဲ့ လျော်ကြေးကလည်း ကျနော် သိရသလောက်ဆိုရင် တစ်ဧက္ကကို တစ်သိန်းနှုန်းနဲ့ ပေးတယ်။ နောက် သီးသန့်လျော်ကြေး (၃) နှစ်စာ (၃) သိန်းပဲလျော်တယ်။ ပြီးတော့မှ အခု အဲဒီမှာ လျော်ကြေး ယူတာတွေရှိတယ်။ တချို့တွေက လျော်ကြေးယူလိုက်တာ ရှိတယ်။ တချို့တွေက လျော်ကြေးမယူဘဲနဲ့ သူတို့ရဲ့ နစ်နာကြေးတွေကို ထပ်ပြီးတော့ ဒီထက် ပိုပြီးတော့ ထိုက်တန်တဲ့လျော်ကြေး ရရှိဖို့အတွက် ဆွေးနွေးတာတွေရှိတယ်။ အဲဒီမှာ ဝင်ပြီးတော့မှ သီးနံှစိုက်ခင်းတွေ ဝင်ပြီးတော့မှ bulldozer နဲ့ ထိုးတယ်။ ဒီလိုမျိုး ဖြစ်တဲ့အချိန်မှာ သွားပြီးတော့ တားဆီးတဲ့ လယ်သမားတွေက သွားတားတယ်။ သူတို့ သီးနံှတွေ၊ စိုက်ခင်းတွေ မဖျက်ဖို့။ အဲဒီမှာ သူတို့ကို ပုဒ်မ ၃၅၃ နဲ့ ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆို ခံထားရတာတွေလည်း ရှိတယ်။ မြေလည်းရှုံးတယ်၊ တရားလည်း စွဲခံထားရတဲ့ ဘဝတွေ ရောက်နေတယ်။ တရားစွဲထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရှိရင်လည်း အခု ပထမတော့ သူတို့ကို ညောင်ရွှေမှာ ရုံးထုတ်တာ၊ ညောင်ရွှေမှာ ရုံးထုတ်ပြီးမှ လုံခြုံရေးဆိုင်ရာနဲ့ တောင်ကြီးကို ရွှေ့လိုက်တယ်။ အခု တောင်ကြီးကနေ ထပ်ပြီးမှ ကလောကို ထပ်ရွှေ့မယ်။ နောက် ဘယ်ကို ထပ်ရွှေ့မလဲ မသိဘူး။
ဦးသန်းလွင်ထွန်း ။ ။ မျိုးဆက်သစ် ရှမ်းလူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးညီညီမိုး ကို ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားတာပါ။