ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲကဏ္ဍမှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းနယ်စပ် တမူးမြို့အနီး မဏိပူရနယ်ထဲက ကျေးရွာတရွာကို သြဂုတ်လ (၂၂) ရက်နေ့ကတည်းက မြန်မာစစ်တပ်က ဝင်ရောက်ပြီး စခန်းချနေတယ်ဆိုတဲ့ သတင်းတွေအရ အိန္ဒိယ မဏိပူရပြည်နယ်၊ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရပိုင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအခြေအနေ ပတ်သက်ပြီး ဒေလီမြို့ မြန်မာစင်တာ (Myanmar Center) က ဥက္ကဋ္ဌ ဦးတင့်ဆွေ ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးတင့်ဆွေ ။ ။ နယ်စပ်ပြဿနာက တချို့နေရာတွေက (၂) နိုင်ငံ သဘောတူပြီး၊ တချို့နေရာတွေ မတူဘူး။ ဥပမာဆိုရင် border နယ်ခြားမှတ်တိုင် (၉) ခုက အခုထိ နှစ်နိုင်ငံသဘောတူညီချက် မရသေးတဲ့ဟာပေါ့။ အခုလောလောဆယ် ဖြစ်တာကလည်း နယ်စပ်မှတ်တိုင် (၇၆) ပတ်ဝန်းကျင်မှာ ဒီလိုဖြစ်သွားတယ်။ ဒါကြောင့်လဲပဲ ပြည်နယ်အစိုးရက နယ်ကလူထုနဲ့ နိုင်ငံရေးပါတီတွေကပြောတော့ ဗဟိုအစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနက လျှော့လျှော့ပေါ့ပေါ့နဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံ့ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက နှစ်နိုင်ငံနယ်ခြားမှာ နှစ်နိုင်ငံ သဘောတူညီခြင်း မရှိသေးတဲ့နိုင်ငံမှာ ဖြစ်တဲ့အတွက် ကျူးကျော်တယ်၊ ဝင်ရောက်တယ်လို့ မပြောနိုင်ဘူးဆိုပြီးတော့ ခပ်ဖေါ့ဖေါ့ပဲပြောတယ်။ သို့သော်လဲ ဒီဟာက ရပ်မသွားဘူး။ အခုန ဦးသန်းလွင်ထွန်း ပြောသလို နှစ်နိုင်ငံနယ်ခြား ခြံစည်းရိုးကို ၂၀၀၃ ခုနှစ်ကတည်းက စပြီးတော့ သဘောတူပြီးတော့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ပေမယ့် တကယ်တမ်း လုပ်လာတဲ့အခါမှာတော့ တချို့ကျေးရွာတွေ၊ အထူးသဖြင့် အိန္ဒိယဘက်က မကျေနပ်တာတွေ ပေါ်လာတယ်။ ဥပမာဆိုရင် ရွာတရွာမှာ အိမ်ခြေ (၂၅) ရှိတဲ့ ရွာတရွာကို ခြံစည်းရိုးခတ်လိုက်ရင် (၇) အိမ်က ဗမာပြည်ထဲပါသွားမယ်။ အဲဒီ့အထဲမှာ church တခုတည်းပါသွားမယ်ဆိုတော့ ဒီဒေသခံတွေက မကျေနပ်လို့ ဗဟိုကို တိုင်တန်းတဲ့အခါ ခြံစည်းရိုးကလည်း အဆုံးမသတ်သေးရ၊ တပိုင်းတစပြီးပြီ၊ ကျန်တာတွေလည်း မပြီးဘူးဆိုတော့ ပြဿနာတွေက ဆက်ရှိနေတယ့်နေရာလို့ပဲ ပြောရမှာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီပြဿနာကို ရှင်းနေဆဲကာလမှာ မြန်မာစစ်တပ်ဖက်က ဒီလိုဝင်လာပြီးတော့ စခန်းဆောက်နေတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း အဲဒီမှာ စခန်းချဖို့ ကြိုးစားနေတယ်ဆိုတော့ ဒါက နားလည်းမှုလွှဲမှားတာပဲလား။ ဒါမှမဟုတ် တမင်ရည်ရွယ်ချက် တခုခုရှိနေတယ်လို့ ယူဆသလား။
ဦးတင့်ဆွေ ။ ။ အဲဒါကတော့ ကျနော်တို့ မှန်းကြည့်ရမှာပေါ့။ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်၊ အိန္ဒိယ-ဗမာ နယ်စပ် ပြဿနာ ဆက်ဆံရေးသမိုင်းကြောင်းကို ကြည့်ရင်တော့က ကံသေကံမ ပြောလို့မရဘူး။ ဗမာဖက်ကဖြစ်ဖြစ်၊ အိန္ဒိယဖက်ကဖြစ်ဖြစ် အထူးသဖြင့်တော့ ဗမာပေါ့။ ဗမာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ အိန္ဒိယကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့။ အခုဆိုရင် အတိအကျဆိုရင် (၈) ဖွဲ့တိတိဟာ ဗမာမြေပေါ်မှာ ရှိနေသေးတယ်။ အဲဒီရှိနေတဲ့ကိစ္စကို နှစ်ပေါင်း (၂၀) (၁၅) နှစ်အတွင်းမှာ အိန္ဒိယဖက်က နှစ်နိုင်ငံ အစည်းအဝေးတွေရှိတိုင်း ဒီဟာတွေကို ဖယ်ရှားပေးဖို့၊ တိုက်ထုတ်ပေးဖို့ပြောတယ်။ ပြောတဲ့အခါတိုင်းလည်း ဗမာတပ်မတော် ကိုယ်စားလှယ်တွေကလည်း သူတို့မြေပေါ်မှာ ဒီတပ်တွေ မရှိစေရဘူးဆိုပြီးတော့ ကတိပေးတယ်။ သို့သော်လည်း (၁၅) နှစ်လောက်ကြာလာတဲ့အထိ တပ်ဖွဲ့တွေ အနည်းဆုံး (၈) ဖွဲ့က ဗမာမြေပေါ်မှာရှိဆဲဖြစ်တယ်။ ဆိုတော့ နှုတ်ကပြောတာနဲ့ လက်ကပြောတာနဲ့ မတူတော့ကာ နှစ်နိုင်ငံ ဆက်ဆံရေးကြားမှာ ဒါက စကားပြောတဲ့အခါမှာ ကိုယ့်ဖက်က အသာရအောင်လို့ လုပ်တဲ့လုပ်ချက်လို့ မဟုတ်ဘူးလို့ မပြောနိုင်ဘူးလို့ပဲ နှစ် (၂၀) သမိုင်းကြောင်းအရပဲ ပြောရမှာပဲ။ ဗမာအစိုးရ သို့မဟုတ် အိန္ဒိယဖက်က အိန္ဒိယဖက်က ဘာများလိုချင်သလဲလို့ မပြောတတ်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ အရင် အိန္ဒိယ နဲ့ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးတွေ၊ အပြန်အလှန် ခေါင်းဆောင်တွေ တွေ့ဆုံ စကားပြောတဲ့အခါတိုင်းမှာလည်း အိန္ဒိယဖက်ကလည်း အမြဲတမ်းအားဖြင့် သူတို့ အရှေ့မြောက်ဒေသဖက်က သူပုန်ထနေတာတွေကို နှိမ်နင်းတဲ့အခါမှာ မြန်မာဖက်ကနေ ကူညီပေးဖို့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ။ ဒါတွေကို ပြောသလို မြန်မာဖက်ကလည်း ဒါကို တဖတ်ကနေ အခွင့်ကောင်းယူပြီးတော့ အိန္ဒိယဖက်ကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့ကိစ္စကို ညှိနှိုင်းယူတာမျိုးတွေ ကျနော်တို့ ကြားခဲ့ဘူးပါတယ်။ အခုကြတော့ မြန်မာဖက်က ဘာတွေများ လိုချင်စရာ ရှိနေလို့လဲ။
ဦးတင့်ဆွေ ။ ။ အဲဒီလို အစည်းအဝေးတွေ ပြောတဲ့အခါတွေမှာ ဗမာစစ်တပ်ဖက်က တစုံတရာတော့ နှစ်တွေကြာတဲ့အခါမှာ လုပ်ပြတာတွေ ရှိပါတယ်။ လုပ်ပြတာကလဲ အိန္ဒိယဖက်က သူ့ရဲ့ သူပုန်တွေကိုတိုက်ဖို့ စစ်လက်နက်ပစ္စည်းတွေ အလကားပေးတာ၊ လျှော့ဈေးနဲ့ ရောင်းတာတွေ ရလာရလာတဲ့အခါမှာ ဗမာစစ်တပ်က တစုံတရာ လုပ်ပြတယ်။ လုပ်ပြပေးမယ်လို့ အရင်က စစ်ကိုင်းတိုင်း၊ တမူး၊ ကလေး၊ ကဘော်ချိုင့်ဝှမ်းဒေသမှာ ကျက်စားခဲ့တဲ့ သူပုန်တွေက အခုတော့ တဖြည်းဖြည်းနဲ့ မြောက်ဖက် နာဂတောင်တန်းဖက်ကို သွားပြီးခိုအောင်းတဲ့ အဆင့်တော့ ရောက်သွားတော့ အိန္ဒိယဖက်ကလည်း ဒါကိုရတာနဲ့ ကျေနပ်တဲ့သဘောမျိုးတော့ ပြနေတယ်ပေါ့။ သို့သော်လဲ ဗမာမြေပေါ်မှာ ရှိဆဲပဲ။ နောက်ထပ် ဘာများလိုချင်သလဲဆိုတာကတော့ မှန်းဖို့တော့ နည်းနည်းတော့ ခက်တာပေါ့။ အိန္ဒိယဖက်က အရှေ့မျှော် ပေါ်လစီလို့ခေါ်တဲ့ သူ့ရဲ့ မဟာဗျူဟာပေါ်လစီကြီးကို ဗမာပြည်ကနေ ဖြတ်ပြီးတော့လုပ်ဖို့ရာ၊ အောင်မြင်ဖို့ရာ ဗမာနိုင်ငံအစိုးရနဲ့ ဗမာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝလိုတယ်။ အဲဒီဟာကြီးကလဲ ပြောတာက (၁၅) နှစ်လောက်ရှိပြီ။ Look East Policy ဆိုတာ။ တကယ်တမ်းက အပယိက လောက်ပဲ အောင်မြင်တယ်။ ဥပမာဆိုပါစို့ အများဆုံးပြောတာက သူတို့ ဆက်သွယ်မှု connectivity ဆိုတာကို ပြောတယ်။ တကယ်တော့ ယနေ့ ဒီကနေ ရန်ကုန် သွားချင်ရင် ဒေလီကနေ ဘန်ကောက်ကိုသွားပြီးမှ သွားရတဲ့ လေကြောင်းလိုင်းရှိသေးတယ်။ ဘယ်လိုလုပ်မှ ဆက်သွယ်လို့ မရသေးဘူး။ အလားတူ အရှေ့မြောက်ဒေသကနေ အင်ဖာ ကနေ မန္တလေးကို ကားလမ်း၊ နောက်တခါ ရထားလမ်းတောင်မှ စိတ်ကူးယှဉ်တာရှိတယ်။ နောက်တခါ သုံးနိုင်ငံဖြတ်လမ်း အိန္ဒိယ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံသွားမယ့် လမ်းဆိုပြီး အဲဒီလို မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး မဟာဗျူဟာကျတဲ့ လုပ်ငန်းကြီးတွေကို အကောင်အထည်ဖော်ချင်တော့ အိန္ဒိယဖက်က သည်းခံစိတ်ရှည်ပြီးတော့ ပေါင်းနေတယ်။ အဲဒီတော့ အိန္ဒိယဆီက အဲဒီလို ရတိုင်းလဲ ဗမာစစ်တပ်က ထပ်လိုချင်သလားတော့ မပြောတတ်ဘူးခင်မျ။ ဒါကြောင့်များ လုပ်သလားဆိုတာကလည်း အခုနပြောသလို ထင်ကြေးပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ အာသံ၊ မဏိပူရ၊ နာဂလန်း အဲဒီဒေသတွေက တော်တော်လေးလည်း ရှုပ်ထွေးတဲ့ နယ်မြေတွေပေါ့။ အထူးသဖြင့် အခုအချိန်အထိလည်း ဒီမိုကရေစီဖြစ်တဲ့ အိန္ဒိယထဲမှာတောင် မတည်ငြိမ်သေးတဲ့ နယ်မြေတွေ ဖြစ်နေသေးတာကို။ အဲဒီမှာရှိတဲ့ သူပုန်ထမှုတွေကို ကူညီပြီးတော့ ပါဝင်ပတ်သက်မှုတွေကလည်း တရုတ်ပြည်ကနေ မော်ဝါဒီတွေ ထောက်ခံပေးတာတို့။ ဒါမှမဟုတ် ပါကစ္စတန် ထောက်လှမ်းရေးတွေက ဝင်ပြီးတော့ ကူညီပေးနေတာတို့။ မြန်မာစစ်တပ်က ဝင်ပြီးတော့ သူပုန်တွေကို နေခွင့်ပေးတာတို့ ရှုပ်ထွေးတဲ့ကိစ္စတွေက အများကြီးရှိနေတော့ အိန္ဒိယအနေနဲ့ အရှေ့မြောက်နယ်ဖက်ကနေ မြန်မာနဲ့ ဖြစ်နေတဲ့ကိစ္စကို ဘယ်လောက်အထိ အလေးထားသလဲ။ အခု ဒီကိစ္စကို ဘယ်လိုများ အလေးထားပြီးတော့ ဖြေရှင်းဖို့ စဉ်းစားမယ်လို့ ယူဆသလဲ။
ဦးတင့်ဆွေ ။ ။ ရေရှည်အတွက်ဆိုရင် အိန္ဒိယဖက်က ဒါကို စိတ်ရှည်ရှည်နဲ့ ခေါင်းကောင်းကောင်းနဲ့ ကိုင်တွယ်ကျင့်သုံးဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Look East Policy အရှေ့မျှော် မူဝါဒဟာ ခိုင်ခိုင်မာမာနဲ့ သူတို့ပါတီစုံက လက်ခံထားတဲ့ ပေါ်လစီမဟာဗျူဟာ လုပ်ငန်းကြီး ဖြစ်နေတာကို။ အဲဒါကို အောင်မြင်ဖို့က ဗမာပြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ တချိန်တည်းမှာ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ၊ ဗမာပြည်နဲ့ ဆက်စပ်နေတာ လေးခု။ ကျန်တာက သုံးခု (၇) ပြည်နယ်။ ဒီ (၇) ပြည်နယ်ရဲ့ ဝိသေသ က ရှိတယ်ခင်မျာ။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသကလူတွေက လူမျိုးနဲ့ သွေးပြောလို့ရှိရင် ကျနော်တို့ ဗမာနိုင်ငံက လူမျိုးတွေလို မွန်ဂိုလိုက်လူမျိုးတွေ ဖြစ်တယ်။ ဆိုတော့ အဲဒီရဲ့ ထူးခြားမှုပေါ့ အိန္ဒိယမှာ။ ဒါကြောင့်လဲ အဲဒီဒေသက လူတွေက သူတို့ဟာ အိန္ဒိယနိုင်ငံထဲမှာနေရပြီးတော့ ဒုတိယတန်းစား နိုင်ငံသားတွေဖြစ်တယ်လို့ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒေသက ဖွံ့ဖြိုးမှု တော်တော်လေး နောက်ကျသေးတယ်။ ကုန်ကူးသန်းရောင်းဝယ်မှုလည်း ဗဟိုအိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ဖို့အတွက် လမ်းကြောင်းလေးတခု ကျဉ်းကျဉ်းလေးပဲရှိတယ်။ အဲဒီနေရာက ပိတ်လိုက်စို့လိုက်လို့ရှိရင် သူတို့ဖက်က ကုန်သွယ်ရေးတွေမရ စသဖြင့် ကုန်ပစ္စည်းတင်သွင်းလို့မရ ဈေးနှုန်းတွေ ကြီးတာတွေ ဖြစ်နေတော့။ အဲဒီ ပြည်နယ်တွေရဲ့ ထွက်ပေါက်က ဗမာနိုင်ငံပဲ ဖြစ်နေတယ်။ အဲဒီ သဘောသဘာဝအရ အိန္ဒိယကို ဆန့်ကျင်တဲ့ စိတ်ဓါတ်မျိုး ဒီပြည်နယ်တွေက ရှိကြတယ်။ အထူးသဖြင့် အနည်းဆုံး (၃) ပြည်နယ်က အဲဒီလိုမျိုး ရှိနေကြတယ်။ ဒါဟာကို ဗမာဖက်ကကြည့်ရင် အခွင့်ကောင်းပဲ။ ဒီဟာကို ဗမာဖက်က အမြတ်ကောင်းကောင်းရအောင် လုပ်မလဲဆိုတာကို လုပ်နိုင်တယ်။ သို့သော် လုပ်တဲ့နေရာမှာ ပြီးခဲ့တဲ့ (၁၅) နှစ်အတွင်းမှာတော့ ဗမာပြည်မှာ စစ်အစိုးရပဲ အုပ်ချုပ်လာတော့ ဗမာပြည်မှာ အကျိုးအမြတ်ရလာတယ်လို့တော့ ကျနော် မမြင်ဘူးခင်များ။ နယ်စပ်ကုန်သွယ်ရေး ဖွင့်လိုက်တော့ တရုတ်ကုန် နဲ့ ယိုးဒယားကုန်တွေ ဒီဖက်လာပြီးတော့ အိန္ဒိယက ကုန်ဆိုလို့ အနည်းအပါးလောက်ပဲ ဗမာပြည်သွားတယ်။ ကုန်သွယ်ရေး လိုငွေပြလို့ရှိရင် အိန္ဒိယဖက်က အရှုံးပဲပေါ်နေတယ်။ အလားတူ ဗမာပစ္စည်းနဲ့ ဗမာ စီးပွားရေးသမားတွေက လက်ဝေခံလောက်ပဲ ဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေပဲ အမြတ်အစွန်းရတယ်။ ကျနော် ပြောချင်တာက ဘယ်လိုပဲလုပ်လုပ် ဗမာပြည်က ဒီအပေါ်မှာ အခွင့်ကောင်းကို ကျကျနန အစိုးရတရပ်အနေနဲ့ အသုံးချတဲ့အကျင့် မရှိတဲ့အတွက် ဒါက နှစ်ဖက်လုံး အကျိုးမရတဲ့ကာလကို ဖြတ်သန်းကြပြီးဖြစ်တယ်။ ဒီအတွက် အိန္ဒိယဖက်ကလည်း စိတ်ကောင်းအသစ်။ ဗမာပြည်ကလည်း လက်ရှိအစိုးရက စစ်တပ်တပိုင်း၊ အရပ်သားတပိုင်း အစိုးရကလည်း ချဉ်းကပ်မှုအသစ်နဲ့သာ လုပ်မှသာလျှင် နိုင်ငံနှစ်နိုင်ငံ အကျိုးစီးပွားကို ရစေမယ်။ ဒီအတွက်လည်း ကျနော်ထင်တယ် အချိန်ကောင်း၊ အခွင့်ကောင်း ဖြစ်တယ်လို့တော့ ယူဆတယ်။ လုပ်သင့်ကြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်တခု သတိထားမိတာက မူးယစ်ဆေးဝါးကိစ္စ။ မူးယစ်ဆေးဝါးကလည်း အဲဒီဖက်မှာ တော်တော်လေး ပြဿနာရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အလားတူပဲ လက်နက်မှောင်ခိုရောင်းဝယ်မှု ကိစ္စတွေလည်း တော်တော်လေး ရှိနေတယ်ဆိုတော့ အဲဒီ ပြဿနာတွေနဲ့ ပတ်သက်လို့။
ဦးတင့်ဆွေ ။ ။ ဟုတ်တယ်ခင်များ။ ပထမ မူးယစ်ဆေးဝါးဆိုပါစို့။ မူးယစ်ဆေးဝါးကလည်း ကာလရွေ့လျားလာတော့ လုပ်ပုံလုပ်နည်းနဲ့ ပစ္စည်းအမျိုးအစားလည်း ပြောင်းလဲလာတယ်ပေါ့။ အရင်တုန်းကလို heroin ဘိန်းဖြူမဟုတ်တော့ဘဲနဲ့ အခုနောက်ပိုင်းကတော့ စိတ်ကြွဆေးနဲ့ဆိုင်တဲ့ဟာပေါ့။ ဒါပေမဲ့ heroin အတွက် ဗမာပြည်မှာ ရွှေတြိဂံနယ်မြေမှာ heroin ချက်ရအောင်လို့ လိုအပ်တဲ့ အက်စစ်က အိန္ဒိယကနေ ပလက်စတစ်ဂါလံပုံးကြီးတွေနဲ့ ဥဒဟို သွားကြတယ်။ အခုနောက်ပိုင်းတော့ မြန်မာပြည်မှာ ယားဘ စိတ်ကြွဆေးထုတ်ဖို့အတွက် ဒီက methamphetamine ကို ဆာလာအိတ်အကြီးကြီးတွေနဲ့ သန်းပေါင်းများစွာသော ဆေးပြားတွေ ဒီဘက်ကသွားနေတာ ဒီနေ့ကာလ။ အဲဒီတော့ ဒီဟာတွေကလည်း ဟိုဘက်အစိုးရ၊ ဒီဘက်အစိုးရ ဘယ်လိုပြောင်းပြောင်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုက ဆက်ပြီးတော့ ရှိနေတယ်လို့ ကျနော်ထင်တယ် တမျိုးတမည် အသစ်တောင် တိုးလာတယ်လို့ ပြောနိုင်တယ်။ နောက်တခုက လက်နက်ငယ် အရောင်းအဝယ်ကလည်း အခုအထိ ရှိသေးတုန်းပါပဲ။ ဗမာပြည်ဖက်ကလာတယ်။ လုပ်တဲ့ပစ္စည်းကလည်း တရုတ်နိုင်ငံလုပ် ပစ္စည်းတွေဖြစ်တယ်။ ဗမာပြည်လာတဲ့အခါမှာ ဗမာပြည်အတွင်းလမ်းကြောင်း ရောက်တဲ့အခါ ဘင်္ဂလားပင်လယ်အော်ဖက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီးဝင်တဲ့ လမ်းကြောင်းလည်း သုံးကြတယ်။ အဲဒီဟာကိုတွေ ဦးတည်ရာကတော့ အရှေ့မြောက်ပြည်နယ်က သူပုန်တွေဆီပဲဖြစ်တော့ ဒီဟာကလည်း ကျနော်ထင်တယ် လျော့ကိုမသွားဘူး။ ဆက်ရှိနေတယ်။ အဲဒီနှစ်ခုကလည်း အခြေခံပြဿနာပဲပေါ့။ တစ်အချက်က အရှေ့မြောက်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သူပုန်သကန်ကြောင့်မို့ မဖွံ့ဖြိုးနိုင်ဘူး။ နှစ်အချက်က မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုရှိတယ်။ သုံးအချက်ကတော့ ဗမာအစိုးရဖက်က အိန္ဒိယ မျှော်လင့်သလောက် လိုက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ မလုပ်ဘူးဆိုတော့ အိန္ဒိယက ဆက်ပြီးတော့ စိတ်ရှည်သည်းခံရမယ့် အနေအထားလို့ထင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကိစ္စမှာ အရှေ့မြောက်ဒေသရဲ့ အခြေအနေအရဆိုရင် ဗမာဖက်က အမြဲတမ်း အသားစီး ဆက်ဆံနေတဲ့ပုံစံ ဖြစ်နေတာပေါ့။
ဦးတင့်ဆွေ ။ ။ အဲဒီလိုတော့ ပြောလို့ရတယ်။ ဒါပေမဲ့ အသားစီးဆိုတာ ဘာလဲ။ ဗမာပြည်က အဲဒီ အသားစီးအတွက် အကျိုးအမြတ်ရသလားလို့ မေးရင် ကျနော်ကတော့ အကျိုးအမြတ် မရဘူးလို့မြင်တယ်။ ဗမာစစ်တပ်မှာ အိန္ဒိယလုပ်တဲ့ လက်နက်တွေ ရခဲ့တာ တခုကလွှဲရင် ဘာမှ နံမည်ကောင်းလည်း မရသလို၊ ကျနော်တို့ အရပ်သားတွေအတွက် စီးပွားရေးလုပ်ခွင့်တွေလည်း မရဘူး။ နှစ်နိုင်ငံ မအေးချမ်းမှုကလည်း ဆက်ရှိနေသေးတယ်။ ဆိုတော့ အမြတ်ဆိုတာ သို့မဟုတ် အသားစီးဆိုတာက ဘာလဲပေါ့။ လက်တွေ့မကျရင်တော့ အသားစီးဆိုတာ စာရွက်ပေါ်ပဲတွက်ချက်ဖြစ်နေတာပေါ့။ ဒါကြောင့် ကျနော်မြင်တာက အသားစီးတော့ဟုတ်တယ်။ ဒါပေမဲ့လို့ လူထုမစားရတဲ့ အသားစီးမျိုးဖြစ်နေတော့ ဒါကတော့ မဖြစ်သင့်ဘူးထင်တယ်ခင်များ။
ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယ-မြန်မာ လတ်တလော ဆက်ဆံရေးတွေအကြောင်းကို မြန်မာစင်တာ ဒေလီမြို့ရဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေနဲ့ ဆက်သွယ်မေးမြန်းခဲ့တာပါ။