အနုပညာနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများ

ကိုအောင်နေမျိုး (အဆိုတော်၊ PPTV သရော်စာ စီစဉ်တင်ဆက်နေသူ) နှင့် ကလေးသရုပ်ဆောင် သမီးငယ် (Photo: Courtesy)

နွေဦးတော်လှန်ရေးမှာ တဘက်တလမ်းက ပါ၀င်နေတဲ့ အနုပညာရှင်တွေက သူတို့တေးသီချင်းတွေဟာ ပြည်သူတွေရဲ့ စိတ်ဓါတ်ခွန်အားကို မြှင့်တင်စေတယ်လို့ ဗွီအိုအ​ေကို ပြောပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပုံစံတခုအဖြစ် အနုပညာရဲ့ အကျိုးထိရောက်မှု အတိုင်းအတာနဲ့ ပတ်သက်လို့ ပြည်ပရောက် အနုပညာရှင်တချို့ကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

ကိုအောင်နေမျိုး ။ ။ (PVTV သရော်စာ စီစဉ်တင်ဆက်နေသူ) ကျနော်တို့ကိုယ်တိုင်လည်း တော်လှန်ရေးမှာပါခဲ့ကြ၊ သပိတ်မှာပါခဲ့ကြ၊ အိမ်ပြန်မအိပ်ရ၊ အဖမ်းခံရတတွေလည်း ရှိခဲ့ကြတာတွေ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုတွေ ဖြစ်ခဲ့ကြနဲ့ အဓိကဇာတ်အိမ်က သားအဖနှစ် ယောက် − အဖေကို ဖမ်းသွားတယ်။ နိုင်ငံရေးလုပ်လို့၊ သမီလေးပဲကျန်တယ်။ သမီးလေးကလည်း သူတတ်နိုင်တဲ့ဘက်က လုပ်ရင်းနဲ့၊ ကျနော်တို့ဆိုလည်း ပြည်တွင်းထဲမှာ ရှိနေတုန်းကလို ညညဆို ကားသံကြားရင်တောင် လန့်နိုး၊ ကိုယ့်အိမ် ရှေ့မှာ ကားရပ်ရင်ပဲ၊ ကိုယ်ပုန်းနေတဲ့အိမ် လမ်းထဲကို ကားဝင်လာရင် ညညဆို အိပ်မတော့ဘူး။ အဲဒီလို ဖြစ်ခဲ့ရတယ်။ အဲဒီလိုပုံစံလေးနဲ့ သွားခဲ့တယ်။ သမီးလေးက တ ယောက်ထဲရှိတယ်။ သူ့ကို စိတ်ဓါတ်မကျအောင် အားပေး − သားအဖနှစ်ယောက် ပြန်အားပေးတဲ့ပုံ။ ဒါပေမဲ့ ကျနော်က အဲဒီမှာဖြစ်တာက ရဲအနေနဲ့ လာဖမ်းတဲ့ပုံစံတွေ၊ လက်ထိပ်တွေကလည်း ရိုက်လို့မရတော့ အဲဒါကိုတော့ ချန်ထားခဲ့ရတယ်။ ရှိတာလေးနဲ့ပဲ ဖန်တီးပြီးရိုက်လိုက်ရတယ်။ နောက်ပြီးတော့ သီချင်းဆိုတဲ့ ကလေးမလေးက ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ကိုလည်း ကလေးသံလေး လိုချင်လွန်လို့ လိုက်ရှာပြီး သုံးထားတာ၊ သူ သီချင်းဆိုတာက တနေရာက၊ သူ့ကလည်း ကိုယ်တိုင်သရုပ်ဆောင်လို့ မရ၊ မျက်နှာပြလို့ မရတော့ မျက်နှာပြလို့ရတဲ့ ကလေးမလေး နောက်တယောက်ကို အကူအညီတောင်းပြီးတော့ သေချာပြန်ပေါင်းလုပ်တားတာ။

မအင်ကြင်းနိုင် ။ ။ ကိုအောင်နေမျိုးတို့ ဖန်တီးတဲ့ဟာတွေဆိုရင် စစ်အာဏာသိမ်းပြီနောက်ပိုင်း ရင်ဆိုင်နေရတဲ့ လူထုအခြေအနေတွေ၊ အရင်ကတည်းကလည်း စစ်အာဏာရှင်အောက်မှာ ဖြတ်သန်းခဲ့ရတဲ့ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေဆိုတော့၊ ဒါတွေကို တင်ဆက်တဲ့အခါမှာ လူထုရဲ့ တုံ့ပြန်ချက်တွေကို ဘယ်လိုတွေ့ရပါသလဲရှင့်။

ဖြေ ။ ။ တွေ့ရတယ်။ ကျနော်တို့လည်း တခါတလေ စိတ်ဓါတ်ကျသွားတာ ခဏခဏ ဖြစ်တယ်။ ဒီဘက်မှာလည်း ကိုယ့်ပတ်ဝန်းကျင်ထဲမှာလည်း ကြုံရတယ်။ အချို့ CDM တွေဆိုရင် စိတ်ဓါတ်ကျပြီတော့ Suicide လုပ်မယ်အထိ ဖြစ်သွားတဲ့ဟာ နှစ်ဦးလောက်ကို ကြုံဖူးတယ်။ ကိုယ်တွေလည်း အဲဒီလောက် မဖြစ်ပေမဲ့ အဲဒီလောက်နီးပါးထဲ ကြုံခဲ့ရတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ခံစားချက်တွေပေါ် ဖြစ်ရတာမျိုးတွေ ကြုံခဲ့ရတဲ့အခါမျိုးမှာ တော်လှန်ရေးသီချင်းတွေ၊ သူများသီချင်းတွေကို နားထောင်လိုက်ရင် − ပြောရမယ်ဆိုရင် အစားမဝင်တော့တဲ့ လူနာတယောက်ကို အားဆေးကျွေးလိုက်သလိုပဲ၊ အကြောဆေးသွင်းလိုက်သလိုပဲ ပြန်ပြီးနာလန်ထူလာပြီး၊ တော်လှန်ရေးအား ဖြစ်စေမယ့် ခွန်အားဖြစ်စေမယ့် သီချင်းကို နားထောင်လိုက်ရရင် သူတို့လည်း အဲဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

တော်လှန်ရေးထဲ ဝင်လာစခဲ့တာတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၆ ရက်နေလောက်က စထွက်လာခဲ့တယ်။ စထွက်တော့ ကိုဝေမိုးနိုင်ပေါ့ − လူထုခေါင်းဆောင်၊ တနိုင်ငံလုံးနီးပါး ဖြစ်သွားတယ်။ သူပဲ စထွက်ဖို့ တိုင်ပင်ခဲ့ကြတဲ့အချိန်မှာ ပြောရရင်တော့ ကြောက်တော့ကြောက်တယ် ။ ကြောက်ကြောက်နဲ့ အရဲတိုးပြီးတော့ စထွက်ခဲ့ကြတယ်။ အဲဒီမှာတော့ ရင်အခုန်ဆုံးပဲ။ နောက်တရက်မှာတော့ မထင်မှတ်ထားဘဲ ကျနော်တို့က အဲဒီလောက်ထိ လူထုပါလာလိမ့်မယ်လို့ ထင်မထားဘူး။ နောက်ရက်မှာ တမြို့လုံးနီးပါး ကိုဝေမိုးနိုင်တို့နဲ့ တွဲလုပ်ခဲ့ရတာ မှတ်မှတ်ရရပါပဲ။ နောက်တခုကတော့ ဘုန်းကြီကျောင်းမှာ စထွက်မယ်ဆိုပြီးတော့ နောက်ရက်မှာ ဝိုင်းခံတော့ အုတ်တံတိုင်တွေမ ဝိုင်းမကယ်ထုတ်ရတဲ့ဟာမျိုးတွေ − အဲဒါတွေကတော့ မှတ်မှတ်ရရပါ။

ဒီဘက်ခြမ်းမှာြကတော့ ကျနော်တို့က စိတ်ဓါတ်စစ်ဆင်ရေး ပုံစံမျိုးနဲ့ သွားနေရတာ။ ရန်သူကို စိတ်ဓါတ်ထွေပြားသွားအောင်၊ ရန်သူတွေ စိတ်ဓါတ်လျော့နည်းသွားအောင် ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ စိတ်ဓါတ်ခွန်အား ပြန်ဖြစ်လာအောင်၊ စိတ်ဓါတ်ခွန်အားတွေ တိုးပွားလာဖို့ စိတ်ဓါတ်စစ်ဆင်ရေးပုံစံ ပြန်ပေးနေရတဲ့ပုံစံနဲ့ သွားနေရတာပါ။ အဲဒီတော့ နိုင်ရာနိုင်ရာ အနုပညာလေးနဲ့လည်း သွားရတယ်။ တခါတလေ သရော်စာလေးနဲ့လည်း သွားရတယ်။ တခါတလေတော့လည်း ပုံစံမျိုးစုံနဲ့ သွာနေရတဲ့ ပုံစံမျိုးလေးတွေနဲ့ ဖန်တီးနေရတာပေါ့။ အဓိကတော့ စိတ်ဓါတ်စစ်ဆင်ရေးက အခုန နှစ်ချက်ပါပဲ − ရန်သူကို စိတ်ဓါတ်ထွေပြားသွားအောင်နဲ့ ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေ စိတ်ခွန်အား ကျမသွားအောင် ပြည်တွင်းထဲက ပြည်သူတွေလည်း စိတ်ဓါတ်ကျမသွားအောင် လုပ်နေတဲ့ စိတ်ဓါတ်စစ်ဆင်ရေးပါ။

ကိုလင်းထက် (ဂီတမှူး၊ တေးရေးဆရာ) ။ ။ တကယ်တမ်းတော့ "ဒီ သမိုင်းကောင်းဖို့" သီချင်းကို ပွဲတိုင်းမှာလည်း ဆိုဖြစ်တယ်။ ဒီဘက်ကို ရောက်လာတဲ့အချိန်မှာ။ လူတော်တော်များများလည်း ပွဲတိုင်းလိုလိုမှာ ကောင်းတဲ့ Feedback လေးတွေ ရပါတယ်။ ဆိုတော့ ပိုပြီတော့ Energetic ဖြစ်တယ်ဆိုတာကို တွေ့တယ်။ ဒီသမိုင်းကောင်းဖို့ သီချင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေ၊ ခေတ်အဆက်ဆက် တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအတွက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းက တကယ်တမ်းကြတော့ ရုပ်ရှင်ကားကြီးတကားအတွက် ရေးခဲ့တာဖြစ်တယ်။ မထွက်လာခဲ့တဲ့ ရုပ်ရှင်ကားကြီးအတွက် ရေးခဲ့တာ။ ဒါပေမဲ့ အဲဒီသီချင်းထဲက စာသားတွေအကုန်လုံးက လက်ရှိတော်လှန်ရေးမှာ တကယ်ကို ထဲထဲဝင်ဝင် တည့်တည့်ကို ဝင်လာတဲ့ သီချင်းဖြစ်လာတော့ ကျနော် ဒီသီချင်းကို ဖော်ပြပြီး ဆိုဖြစ်နေတာ ဖြစ်ပါတယ်။

အခုလောလောဆယ် အနုပညာအလုပ်ဆိုတာ အစောကြီးကတည်းက စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးတဲ့အရာ ဖြစ်တယ်လို့ပဲ ယူဆတယ်။ အနုပညာဆိုတာက Physically ဆိုတာထက် Mentally စိတ်ပိုင်းဆိုင်ရာပိုင်းကို ပိုပြီးတော့ အားပြုပြီတော့ လုပ်ရတဲ့အလုပ် ဖြစ်တယ်။ ဆိုတော့ ရင်တွင်းထဲနေ လာတဲ့ဟာတွေ ဖြစ်တာကြောင့် နှလုံးသားကို အစာပေးရတဲ့ဟာဖြစ်တယ်။ ကျနော်က အစောကတည်းက တေးရေးဆရာ ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးကာလတလျှောက်မှာ ဒီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေရေးတယ်။ ဒီဟာတွေနဲ့ မျှဝေပြီးတော့ စိတ်ဓါတ်တက်ကြွဖို့၊ လန်းဆန်းဖို့ ဒါတွေတော့ ကျနော်တို့ လုပ်ရတဲ့အပိုင်းတွေ ဖြစ်တယ်။

မအင်ကြင်းနိုင် ။ ။ ကိုလင်းထက်က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတုန်းကလည်း တကယ့် နိုင်ငံတော်ပွဲတွေနဲ့ ပတ်သက်ပြီတော့ အဲဒီမှာ Composer တဦးအနေနဲ့ သီချင်တွေ ဖန်တီးခဲ့တာတွေလည်း ရှိတယ်ဆိုတော့ အခုတခါ အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို သမိုင်ကောင်းဖို့ ဆိုတဲ့ တော်လှန်ရေးသီချင်းကိုလည်း ဖန်တီးခဲ့တာတွေ ရှိတော့ အဲဒီမှာ ဘယ်လိုကွာခြားပါသလဲရှင့်။

ကိုလင်းထက် ။ ။ ကွာတပေါ့။ အများကြီးကွာတပေါ့။ ဒီမိုကရေစီနဲ့ တော်လှန်ရေး ကွားခြားသလို ကွာခြားပါတယ်။ ဒီမိုရေစီကာလတုန်းကတော့ ဒီမိုရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်ကြရတာ ဖြစ်တယ်။ တော်လှန်ရေးမှာတော့ ဒီမိုကရေစီနဲ့ မတူတော့တာတွေ ရှိတယ်။ မိတ်ဆွေတွေကြားထဲမှာလည်း ပြောခဲ့တာ တော်လှန်ရေးဆိုတာ တော်လှန်ရေးပုံစံနဲ့ သွားရတာရှိတယ်။ ပိုပြီးတော့ မာမာထန်ထန်၊ ခက်ခက်ထန်ထန်နဲ့ သွားရတာ ရှိတယ်။ ဘဝမှာပေးရတာတွေ အများကြီးရှိတယ်။ ပိုပြီတော့ ကြမ်းတမ်းတယ်။ ဒီမိုရေစီကာလမှာတော့ ပိုပြီတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ တယောက်နဲ့တယောက် စကားအားဖြင့် ပြောလို့ရတယ်။ တော်လှန်ရေးမှာ စကားအားဖြင့် ပြောလို့မရတတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ အဲဒီကာလတွေရဲ့ ကြမ်းတမ်းမှုတွေက သီချင်းတွေမှာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာမှာ အများကြီး အပြောင်းအလဲရှိပါတယ်။ ဆိုတော့ ကျနော်လည်း ဒီထဲမှာပဲ တော်လှန်ရေးကာလထဲမှာပဲ ကျင်လည်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့လည်း အပြောင်းအလဲတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းမှာပဲ ကိုလင်းလင်းရဲ့ပွဲကို ကျနော်တို့အားလုံး တွေ့ကြမှာ ဖြစ်တယ်။ တော်လှန်ရေးထဲမှာရှိတဲ့ သူ့ရဲ့ သီချင်တွေရဲ့ ရသတခုကို ပုံစံတခုနဲ့ပေါ်လာတာ ရှိတယ်။ အရင်က Show ပွဲတွေပုံစံက ပုံစံတမျိုးနဲ့သွားတာ ဖြစ်တယ်။ ဒီနေ့ပေါ်လာတဲ့ ပုံစံက ရသချင်းတော့ မတူဘူး။

ကော့မိုင် (ကချင်အဆိုတော်) ။ ။ ထိရောက်မှုဆိုတာတော့ ရန်ပုံငွေ ရှာတဲ့အချိန်မှာ အလှူတွေထည့်ကြပါ။ ပါဝင်ကြပါပြောလည်း ပြည်သူတွေက တက်အားသရွေတော့ နောက်ကွယ်ကနေ ပါဝင်နေကြတယ်။ ဒါပေမဲ့ ညီမတို့ကြတော့ ဒီအနုပညာပိုင်းနဲ့ ဖျော်ဖြေရေးပိုင်းလေတွေ လုပ်ပေးတဲ့အချိန်မှာ ကြည့်ရတဲ့ တော်လှန်ရေး ဘက်တော်သားတွေနဲ့ မြေပြင်မှာ ရှိနေတဲ့ လူတွေရဲစိတ်ထဲမှာ သူတို့နဲ့အတူတူ စိတ်တလုံးတဝတည်း ပါဝင်လှုပ်ရှာနေတဲ့ဟာကို သူတို့စိတ်ထဲမှာ ပိုပြီးတော့ မြင်ရတဲ့အချိန်မှာ ပိုပြီးတော့ အားရှိတာပေါ့။ အခုအချိန်ဆိုရင် သူတိုမြေပြင်မှာနေတဲ့ လူတွေဆိုရင် အခက်အခဲအမျိုးမျိုး ခံစာနေရတယ်လို့ ညီမတို့ သတင်းကြားတယ်။ ညီမတို့ အဲဒီအခက်အခဲရှိတဲ့နေရာကို ကိုယ်တိုင်သွားမတွေ့နိုင်ပေမဲ့ သူတို့နဲ့ စိတ်တခုတည်းဖြစ်တယ်။ တဝမ်းတည်းဖြစ်တယ်။ လက်နာရင် ခြေထောက်နာတယ် ။ ခြေထောက်နာရင် ခေါင်းလည်းနာတယ်။ အတူတူနာတယ်ဆိုတဲ့အရာကို ဖော်ြပပေးချင်တဲ့အတွက် ဒီဖျော်ဖြေရေးတွေကို လုပ်တဲ့အစီအစဉ်မှာလည်း ညီမလည်း တတတ်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကိုယ့်ကိုယ်တိုင်က အောင်မြငကျော်ကြားတဲ့ အနုပညာရှင်တဦးအနေနဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေ၊ ကချင်တွေရဲ့ အားပေးခြင်းခံရတဲ့အခါမှာ တိုင်းရင်းသားနဲ့ မြန်မာဆိုတဲ့ ဆက်ဆံရေးမျိုးတွေ၊ တိုင်းရင်းသားပေါ် သဘောထား၊ ကချင်တွေဘက်ကလည်း မြန်မာတွေပေါ် ဘောထား၊ မြန်မာတွေဘက်ကလည်း ကချင်ပေါ် သဘောထာတွေပေါ့ − ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲရှင့်။

ကော့မိုင် ။ ။ အစကတော့ ငယ်ငယ်တုန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကိုတော့ ထဲထဲဝင်ဝင် နားမလည်ဘူး။ ဒီမိုကရေစီ ရရှိချင်တယ်။ တန်းတူအခွင့်အရေး ရရှိချင်တယ်။ ဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်မြောက်ခြင်းကို ခံစားချင်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်။ ဒီလောက်ကတော့ သိခဲ့တယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင် အရမ်းနက်နဲတဲ့ တိုင်းရင်းသားတွေ Side ဘက်ကို သိပ်မသိခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဗမာလူမျိုတွေက ကိုယ့်ဗမာလူမျိုးအချင်းချင်းရဲ့ နှိပ်စက်ခြင်းကို ပိုပြီးခံစားနေရတဲ့ အခြေအနေကို မြင်ရတယ်။ ဒါပေမဲ့ ဗမာလူမျိုးတွေကလည်း အခုအချိန်မှာ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ၈၀% လောက်က တိုင်းရင်းသာတွေရဲ့ အခြေအနေကို နားလည်တဲ့ ဗမာလူမျိုးတွေ ဖြစ်သွားတဲ့ စိတ်ကတခုတည်း ဖြစ်သွားတဲ့အချိန်မှာ ကျမတို့က တယောက်နဲ့တယောက် ညီအကိမောင်နှမဆိုတာ အခုမှ အဲဒီအရသာကို ခံစားကြရတာလို့ ညီမက အဲဒီလို မြင်မိပါတယ်။