မြန်မာနိုင်ငံ ရေအရင်းအမြစ် အစီအမံ

စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်း

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ရေအရင်းအမြစ် အစီအမံ

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ အတွက် အဓိကလိုအပ်နေတာက ရေအရင်းအမြစ် အစီအမံ ဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။. လိုအပ်တဲ့ရေကို တောင်သူတိုင်း လက်လှမ်းမှီနိုင်အောင် ကိုဗစ်ကာလအတွင်း ဘာတွေ လုပ်နိုင်ပါသလဲ။ နားဆင်နိုင်ပါပြီ။

မေး ။ ။ ဆရာဒေါက်တာထွန်းဝင်း VOA ကို ဖြေကြားပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တော့ အခု ကိုဗစ်-၁၉ ရောဂါတွေ ဖြစ်နေတဲ့အချိန်ကြတော့ အဓိကလိုအပ်နေတာ ဘာဖြစ်မယ် ထင်ပါသလဲ ဆရာ။

ဖြေ ။ ။ ကိုဗစ်ကတော့ ရုတ်တရက် ဝင်လာတာပေါ့။ ဗမာပြည်က နေရောင်က (၂၄) နာရီ၊ တနှစ်ပတ်လုံး၊ (၁၂) လလုံးရတယ်။ မုတ်သုန်လေက မေလကနေ အောက်တိုဘာအထိ (၅) လ အပြည့်ရတယ်။ ကျနော်တို့မှာ မြစ်ကြီးတွေက ဧရာဝတီမြစ်ကြီးတွေက မြောက်ကနေ တောင်ကို ဖြတ်စီးနေတယ်။ နေုာက်ပြီးတော့ ဆည်တွေဆောက်ထားတာလဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၇) နှစ်လောက်ကတည်းက ၁၉၈၈ နောက်ပိုင်းကတည်းက ဆည်တွေကို နိုင်ငံတော်ဘတ်ဂျက်၊ အစိုးရစိုက်ပျိုးရေးဘတ်ဂျက် (၈၀) ရာခိုင်နှုန်းလောက်နဲ့ နိုင်ငံတဝှမ်းမှာ (၁၅) ရာခိုင်နှုန်းလောက်က ရှိနေတယ်။ ရှိနေတော့ ဒီအနေအထားမှာ ကျနော်တို့ စိုက်ပျိုးရေးမှာ ဘာလိုလဲဆိုတော့ ကျနော်တို့က ဖောင်းစီးရင် ရေငတ်တဲ့ အနေအထား ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ အခု ၂၀၀၈ နာဂစ်ပြီးတဲ့ နောက်ပိုင်းမှာ ရာသီဥတုက ဖောက်ပြန်တယ်။ မိုးကို စာချုပ်နဲ့လုပ်ထားတော့ မဟုတ်တော့၊ သူပေးတာ ရမယ်ဆိုတာ ဖြစ်နေတယ်။ များသောအားဖြင့် ဖြစ်နေတာက ရေများရင် စိုက်ပျိုးသီးနံှပင်တွေ ရေဖုံးတယ်။ ရေမလာ၊ မိုးမလာတော့ဘူးဆိုရင် မိုးခေါင်းတယ်။ အခုဆိုရင်ပဲ မုတ်သုန်လေက မစွတ်မပို့ လုပ်သွားပြီးတော့ ဇွန်လလောက်မှ မိုးပြန်လာမယ်ဆိုတော့ သီးနံှတွေ စိုက်ပျိုးချိန်က နောက်ကျသွားပြန်တယ်။ နောက်ကျသွားတော့ နောက်ပိုင်းမှာစိုက်မယ့် ဆောင်းသီးနံှတွေမှာ သွားပြီးထိခိုက်ပြန်တယ်။ ဆိုတော့ ဒီလိုမျိုး မသေမချာ၊ မရေမရာ မိုးကိုမှီပြီးတော့ စိုက်နေတာက ကျနော်တို့နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်း ရှိတယ်။ (၈၀) ရာခိုင်နှုန်း လုံးဝကို ရှိတယ်။

ဧရာဝတီတိုင်းကြီးဆိုရင် မြစ်တွေ၊ ချောင်းတွေ အပြည့်အဝ စီးနေတယ်။ ဧရာဝတီတိုင်းမှာ ဧက (၄) သန်းလောက် ရှိတယ်။ ဒီ (၄) သန်းလောက်က မိုးတစ်ရာသီ စိုက်ပြီးရင်း နွေမှာ ချောင်းတွေ၊ မြောင်းတွေ ဒီလောက်အလျှံပယ် ပေါပါရဲ့နဲ့ ဘာသီးနံှမှ မစိုက်နိုင်ဘူး။ ဧရာဝတီမြစ်ကြီးတလျှောက်ကတော့ ပြောဖွယ်ရာ မရှိဘူး။ မြစ်ကြောင်းတလျှောက်လုံးက ပြောဖွယ်ရာ မရှိဘူး။ မြစ်မကြီးတလျှောက်မှာလဲ သောက်သုံးရေကလွဲလို့ စိုက်ပျိုးရေကို ထင်သာမြင်သာရှိအောင် အသုံးမချနိုင်သေးဘူး။ ဒီလိုရာသီဥတုကလဲ တော်တော်လေး ပြင်းထန်ပါတယ်။ ကျနော်တို့ စလေး ကျွန်းချောင်း၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် Dry Area တွေက (၄၅) ဆိုတာတော့ အတော်များသွားပြီ။ မြေအောက်ရေက ခမ်းသွားတယ်။ မြစ်တွေလည်း ခမ်းသွားတယ်။ ဆည်တွေမှာလဲ ရေမရှိဘူး။ ဒီအတိုင်းပဲ မျက်စိစုံမှိတ်ပြီးတော့ အပေါ်က လိုအပ်တဲ့ရေတွေကို ဖြည့်ဆည်းရမယ့်အစား အခြားလုပ်ငန်းတွေမှာပဲ ကျနော်တို့က အာရုံတွေများနေမယ်ဆိုရင်တော့ ဒီတိုင်းပြည်က ကိုဗစ်ဝင်လာတဲ့ အနေအထားမှာ ကိုဗစ်ရဲ့ ထိုးနှက်မှုကြောင့် အခြေအနေဆိုးထက်သာ တွေ့ရမယ်။

မေး ။ ။ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်သင့်သလဲ ပြောပြပေးပါ။

ဖြေ ။ ။ စိုက်ပျိုးရေးမှာ အဓိကလိုအပ်တဲ့ အခုန ကျနော်ပြောတဲ့ ရေရရှိရေး လုပ်ငန်းတွေမှာ ရေအရင်းအမြစ်တွေကို ဘယ်လိုအသုံးချမလဲ။ နံပတ်နှစ်ကတော့ လက်ရှိအနေအထားမှာ လယ်သမားတွေအားလုံးက ကျနော်တို့က ကျွဲနွားထွန်းတုံးထွန်းတံနဲ့ပဲ သွားနေရတဲ့ အနေအထားမှာပဲ ရှိနေတယ်။ အဲဒီအနေအထားမှာ သူလိုချင်တဲ့အချိန်မှာ ရေမရတဲ့အတွက် မြေယာတွေ ထွန်းယက်တဲ့နေရာမှာ အားလုံးအဆင်မပြေဘူး။ နောက်ပြီး လယ်ယာမှာ လုပ်သားတွေက မရှိသလောက်လဲ ရှားတယ်။ ရှားတာ ဘာကြောင့်လဲဆိုတော့ အားလုံးက သူတို့ရဲ့ ဒီလယ်ယာလုပ်ငန်းက အကျိုးမပေးဘူးအတွက်။ မိဘကလဲ အကျိုးမပေးတဲ့အတွက် အားလုံးလယ်သမားတွေက ကြွေးတင်နွန်နစ်ပဲ - အားလုံးက သီးနံှပေါ်လာချိန်မှာ သူတို့က ကြွေးတွေဆပ်လိုက်လို့ရှိရင် သူတို့ဆီမှာ ဘာမှမကျန်တော့ဘူး။ ဒီမှာ မှီခိုနေတဲ့ လယ်သမားသားသမီးတွေက အားလုံးသိကြတဲ့အတိုင်း နယ်မှာ၊ အပြင်မှာ သွားလုပ်ကြတယ်။ ဆိုတော့ လယ်ယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ လယ်ယာကိုဆက်ခံပြီးလုပ်မယ့် လူငယ်တွေ မရှိတော့ဘူး။ လယ်ယာအလုပ်သမား ရှားပါးလာတယ်။ လယ်ယာရဲ့ အနေအထားက လုပ်သားရှားပါးတယ်။ ရာသီဥတုက ပြင်းထန်တယ်။ နောက်ပြီးတော့ ဈေးကွက်မရှိတဲ့အတွက် လယ်သမားက စိတ်ဝင်စားတော့တဲ့ လယ်ယာလုပ်ငန်းကြီးကို အစိုးရက ဒီအတိုင်းပဲ မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ တိုင်းပြည်သည် ရေရှည်မှာ ကိုဗစ်ကလဲ နှောင့်ယှက်မယ်ဆိုရင် အနေအထားက တော်တော်ကို ဆိုးဝါးမယ်။ ဒါကြောင့် ဒီအနေအထားကနေ ရုန်းထွက်ဖို့ဆိုရင် ဒီအားလုံးကို ပြင်ဆင်နိုင်သည့် နည်းလမ်းသည် နံပတ်တစ် ရေအရင်းအမြစ်တွေကို ဖော်ထုတ်ပြီးတော့ ရေအစီအမံတွေကို စိုက်နိုင်တဲ့ လယ်သမားတွေ စိုက်ဖို့ အဆင်သင့်ဖြစ်အောင် စီမံပေးရမယ်။ နံပတ်နှစ် လက်လုပ်လယ်ယာ အင်အားမဲ့နေတဲ့ လယ်သမားတွေကို အင်အားရှိတဲ့ လယ်သမားဖြစ်အောင် စက်မှုလယ်ယာ လယ်လုပ်ကရိယာတွေ တပ်ဆင်ပေးရမယ်။ ဒါတွေက မဖြစ်မနေလုပ်ရမယ့် နိုင်ငံတော်ရဲ့ အဓိကလုပ်ငန်းတွေလိုပဲ ကျနော်မြင်ပါတယ်။

မေး ။ ။ ဆိုတော့ ပထမဦးဆုံးက ရေအရင်းအမြစ်တွေ ဖော်ထုတ်ပေးရမယ်။ ဒုတိယက စက်တွေတပ်ဆင်ပေးရမယ်။ ပထမဦးဆုံး ရေအရင်းအမြစ်တွေ ဖော်ထုတ်တာလေးနဲ့ ပတ်သက်ပြီးတော့ ဗမာပြည်မှာ ဗမာပြည်ရဲ့ အနေအထားကလဲ ထူးခြားပါတယ်။ တောင်တန်းတွေ၊ မြေပြန့်တွေနဲ့ အောက်ကလဲ ပင်လယ်နဲ့မြစ်ချောင်းတွေနဲ့ဆိုတော့ ဒီလိုထူးခြားတဲ့ နိုင်ငံမှာ စိုက်ပျိုးရေးကလဲ တနေရာနဲ့ တနေရာ မတူပါဘူး။ ဆိုတော့ ရေအရင်းအမြစ်ကို ဘယ်ဒေသမှာ ဘယ်လိုလုပ်ရမလဲဆိုတာလေးကို ဆရာနည်းနည်း အကြံပေးပါ။

ဖြေ ။ ။ ရေအရင်းအမြစ်ပေါတာလောက် ဗမာပြည်မှာ မရှိဘူး။ ဒါပေမဲ့ အသုံးမချဘူး။ အသုံးမချဘူးဆိုတာက နံပတ်တစ် အခု မေလက စရွာမယ့် အောက်တိုဘာလအထိ မိုးသည် အလွန်ကို (၇၀ - ၈၀) ရွာတဲ့အခါမှာ သဲကြီးမဲကြီး ရွာတယ်။ ရွာသမျှအားလုံး ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေထဲ ဆင်းပြီးတော့ ဧရာဝတီကနေ မျှောသွားတာပဲ ရှိတယ်။ ဒီရေတွေအားလုံးကို ရေမရှိတဲ့အခါမှာ ဘယ်လိုလှောင်မလဲဆိုတဲ့ အစီအမံ။ ရေလှောင်တမံတွေ ရှိနေရဲ့နဲ့ ဒါကို ဆရာ ဘာဖြစ်လို့ပြောသလဲ။ ရေလှောင်တမံတွေက ဒီနေ့အနေအထားက ရေလှောင်တမံတွေသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) လောက်က ဆောက်ခဲ့တယ်ဆိုတော့ ကောကုန်ပြီ။ ရေလှောင်တမံတွေရဲ့ အရင်းအမြစ်ကို လုပ်ထားတဲ့ သစ်တောတွေသည် ပြုန်းကုန်ပြီ။ အဲဒါကြောင့် ယနေ့ ရေလှောင်တမံတွေသည် အခု နွေရာသီစိုက်မယ်ဆိုရင် ရေမရှိတော့ဘူး။ ဥပမာအားဖြင့် သဖန်ဆိပ်ဆည်ကြီးသည် ဧက (၅) သိန်းကို ရည်ရွယ်ပြီးတော့ ငွေကုန်ကြေးကျနဲ့ ဆောက်ခဲ့တဲ့ ကမ္ဘာမှာ အကြီးဆုံးဆည်ကြီး ဖြစ်တယ်။ ဒီနှစ်ဆိုရင် ဧက (၁) သိန်းတောင်မှ စပါးမစိုက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆည်ကြီးကောသွားပြီးတော့ ရေမလှောင်နိုင်လို့ ကောတာလဲပါတယ်။ ရေအရင်းအမြစ်တွေ ခမ်းခြောက်တဲ့အတွက် ရေတွေမဆင်းတာလဲပါတယ်။ သူတို့ တမိုးတွင်းလုံး လှောင်ထားသော်လဲ စိုက်ရမယ့်အချိန်ကြတော့ ရေမရှိတော့ဘူး။ ဒီအနေအထားတွေသည် ဆည်တွေပေါ်မှာလဲ သူတို့ပြန်ပြီးတော့ ပြုပြင်ထိန်းသိမ်းဖို့ကောင်းတယ်။ ဆည်တွေ လှောင်ထားကောင်းအောင် တူးဖို့လိုတယ်။ ရေအရင်းအမြစ် ဆည်ကို ရေလာရေသာစေတဲ့ တောတောင်တွေ ပြန်ပြီးတော့ ပြုပြင်ဖို့လိုတယ်။

သူထက်ကောင်းတဲ့ အရင်းအမြစ်သည် ဘယ်မှာရှိသလဲဆိုတော့ ရခိုင်ကမ်းမြောင်းတလျှောက်မှာ ဆင်းလာတဲ့ တောင်တန်းတွေ၊ ပဲခူး အရှေ့အနောက် သွယ်တန်းဆင်းနေတဲ့ တောင်တန်းတွေ။ နောက်ပြီးတော့ ရှမ်းရိုမတောင်တန်းတလျှောက်မှာ ဟိုးပုန်းချိုင့်ဝှမ်း၊ ဟဲဟိုချိုင့်ဝှမ်းမှာ တောတန်းတွေ လေယာဉ်နဲ့သွားရင် သွယ်မြောင်ဆင်းသွားတာ။ ကယားပြည်သွားရင် တောတောင်တွေ ဆင်းသွားတာ။ တနင်္သာရီ၊ ကရင်တောတန်းတွေ ဆင်းသွားတာ။ ဆင်းသွားတဲ့နေရာမှာ လယ်သမားလေးတွေက ဘာလုပ်လဲဆိုရင် တောတန်းကနေ ဆင်းလာတဲ့ ချောင်းလေးတွေကနေ ချောင်းပိတ်၊ မြောင်းပိတ်ဆည်လေးတွေ လုပ်ကြတယ်။ လုပ်တော့ သူတို့က အင်အားရှိတာက ဘာရှိမလဲ။ ကျောက်တုံးကျောက်ခဲလေးတွေ၊ သစ်တုံးသစ်ခက်ကလေးတွေ၊ ဒါလေးတွေ တားပြီးတော့ ရေတားဆည်လေးတွေ လုပ်ကြတယ်။ အကယ်လို့ အဲဒီလယ်သမားလေးတွေက ဆည်ကြီး အကြီးကြီးဆောက်တာထက်၊ ဘိလပ်မြေလေး၊ အုတ်သဲလေး ပေးပြီးတော့ ရေတားဆည်လေးတွေများ တဦးချင်းကို ကျနော်တို့ နိုင်ငံတော်က ထောက်ပံ့ပေးမယ်ဆိုရင်တော့ လယ်သမားပိုင်၊ ကိုယ်ပိုင်ဆည်လေးတွေ ဖြစ်ပြီးတော့ ရေရှည်ခံ သူ့ဘာသာသူ ထိန်းသိမ်းမယ်၊ လုပ်မယ်ဆိုရင်တော့ ဗမာပြည် တနုံတလျားမှာ ရေရရှိရေးလုပ်ငန်းသည် လက်ညှိုးထိုးလို့ မလွှဲပါဘူး။

နောက်တခုက Dry Zone ပတ်ဝန်းကျင်မှာ ရေခမ်းတယ်။ သို့သော် မြေအောက်ရေတွေ ရှိတယ်။ မြေအောက်ရေမှာ ဆားဓါတ်မပါတဲ့ ရေပေါ့။ ရေတော့ တိုင်းတာဖို့လိုတယ်။ ဆားဓါတ်မပါတဲ့ မြေအောက်ရေတွေ အများကြီးရှိတယ်။ အဲဒါကို ရေပန့်လေးတွေ၊ လေးလက်မတွင်းလေးတွေ ပေ (၇၀) (၈၀) (၄၀) (၅၀) ဆိုရင် ရောက်ပါတယ်။ ဒီလို ရေပန့်လေးတွေ တူးမယ်ဆိုရင် တစ်ခုထောင်မယ်ဆိုရင် ဧက (၈ - ၁၀) လောက် ရပါတယ်။ ဒါတွေက လုပ်စရာတွေ၊ ရေမရတဲ့ နေရာတွေမှာပါ။ တကယ်လုပ်စရာကောင်းတဲ့ နေရာသည် အခုန ဆရာမပြောခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ။ အဲဒါက မိုးတွင်းမှာ ဧက (၄) သိန်းလောက် စိုက်တယ်။ နွေမှာ ဧက ဘာမှကို မတွေ့ရဘူး။ ကျိုက်လတ်မြို့နယ်တမြို့နယ်လောက်ပဲ သဘာဝရေနဲ့ နွေစပါးစိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားက မြစ်ရေက ပင်လယ်ဆွဲအားနဲ့ သွားနေတော့ တနေ့ကို နှစ်ကြိမ်တက်တယ်။ (၈) နာရီခြား နှစ်ကြိမ်တက်တယ်၊ နှစ်ကြိမ်ကျတယ်။ ဒီရေအတက်အကျနဲ့ သွားနေတာ။ အဲဒီမှာ ရေချိုလွှမ်းတာ ဧရာဝတီက (၄) သန်းလောက်မှာ (၂) သန်းလောက်က ရေချိုလွှမ်းတယ်။ (၂) သန်းလောက်က ပင်လယ်ပိုင်းမှာ။ ဒီ (၂) သန်းကို စိုက်ချပြစ်၊ စပါး (၁) ဧကသည် ဆန် (၁) တန်ခွဲ ထွက်တယ်။ စပါးသည် ဧက (၂) သန်းစိုက်ရင် ဆန်တန် (၃) သောင်းလောက် ဧရာဝတီတိုင်းကို အခြေခံပြီးတော့ နွေရာသီမှာ ရေပေးစနစ်နဲ့ - ရေပေးစနစ်ဆိုတာ ဘာမှမခက်ဘူး။ ရေထဲမှာ ဖောင်းလေးတွေနဲ့ ပန့်လေးတွေ ထိုင်ပြီးတော့ လယ်ထဲကို ရေသွင်းပေးပြီးတော့ ချောင်းပိတ်၊ မြောင်းပိတ်တွေ လုပ်ပြီးတော့ ဒီစနစ်တွေများ ဧရာဝတီတိုင်းမှာ လုပ်မယ်ဆိုရင်တော့ ဧရာဝတီတိုင်းသည် မြန်မာပြည်ရဲ့ မြေဆီအထက်သန်ဆုံးနေရာ။ နွေအခါမှာ နေရောင်အပြည့်ရတယ်။ ချောင်းတွေမြောင်းတွေကနေ ဒီရေအတက်အကျမှာ လယ်နှုတ်ခမ်းကိုလာတဲ့ ရေလေးကိုပဲ ပိုက်ကြီးတွေနဲ့ သွင်းပြီးလုပ်လိုက်မယ်ဆိုရင်တော့ တော်တော်ကို အလားအလာကောင်းတယ်။ အခြေအနေကောင်းပါတယ်။ ရေပဲ လိုပါတယ်။ လယ်သမားမှာ ဘာမှမလိုပါဘူး။

ရေနဲ့ ပတ်သက်လို့ ဒီလိုအစီအမံတွေများ ဒီမြစ်တွေ၊ ချောင်းတွေ၊ အိုင်တွေ၊ အင်းတွေ ကောနေလာတာ၊ ဘာကြောင့်လဲဆိုတော့ သစ်တောတွေ ပြုန်းတဲ့အတွက်၊ အားလုံးတိုက်စားပြီးတော့ မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေ၊ အိုင်တွေကနေ ဧရာဝတီမြစ်ကောတယ်။ ဧရာဝတီမြစ်သည် မြစ်ဖျားကနေ ရွှေမိုင်းတွေ၊ ကျောက်မိုင်းတွေ တူးတဲ့တွင်းစာတွေက အခုန မြေမရှားကျောက်တို့၊ ရွှေမိုင်းကြီးတွေက အကြီးအကျယ်ပဲ။ ချင်းတွင်းမြစ်ဖျားမှာ ရွှေမိုင်းတွေက တရားဝင်၊ တရားမဝင် ရှိကြတယ်။ ရွှေမိုင်းတွေ၊ ကျောက်မိုင်းတွေ၊ သတ္တုမိုင်းတွေ၊ မြေမရှားကျောက် မြေစာတွေက မျှောပါပြီးတော့ ရေစီးပိတ်သွားခဲ့တာ ဘယ်အထိ ပိတ်သွားသလဲဆိုရင် ပခုက္ကူအထိ။ ပခုက္ကူအထိ မြစ်ကြီးဟာ (၃) မိုင်လောက်ရှည်တယ်။ တော်တော်ကြီးတဲ့ မြစ်ကြီး။ ဒါပေမဲ့ အားလုံးက ကျွန်းတွေကြီး ဖြစ်ကုန်တယ်။ ဘယ်လောက်အထိ ရောက်သလဲဆိုရင် မကွေးအထိ ရောက်တယ်။ ဒီလိုမျိုး သဘာဝအရင်းအမြစ် ရေအရင်းအမြစ်တွေကြောင့် ပြုန်းတီးသွားတယ်။ ဘဝတွေ ပျက်သွားတယ်။ တကယ်လို့ ဒါတွေကို တူးဖော်ပြီးတော့ ပြန်လုပ်မယ်ဆိုရင် ဧရာဝတီမြစ်ကြီးသည် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ဗမာပြည်ရဲ့ ကုန်တွေကို ဗန်းမော်အထိ တင်လို့ရတဲ့ ကုန်ပစ္စည်းသိုးလှောင်ရေးများအထိ စဉ်းစားမယ်ဆိုရင်တော့ အားလုံးက တချက်ခုတ် အများကြီးပြတ်ပါတယ်။

မေး ။ ။ ဒီဥစ္စာတွေက ကိုဗစ်-၁၉ ဖြစ်လို့ အလုပ်တွေတန့်နေချိန်မှာ လုပ်ရမယ့် အလုပ်တွေပါ။

ဖြေ ။ ။ မှန်တယ်။ ကိုဗစ်က ကျနော်တို့ ဗမာပြည်မှာ (၆) ယောက်ပဲ သေဆုံးခဲ့တယ်။ အဲဒါလဲ ရန်ကုန်မှာပါ။ နယ်တွေကတော့ အားလုံးကျန်းမာကြပါတယ်။ နယ်တွေက ပတ်ဝန်းကျင်သဘာဝတွေ၊ လယ်သမားတွေကတော့ အားလုံးကျန်းမာကြတယ်။ လယ်သမားတွေ မကျန်းမာတာကတော့ ငွေကြေးနဲ့ မကျန်းမာတာ။ ငွေကြေးမကျန်းမာဘူး။ သူတို့လိုအပ်တဲ့ ရေ၊ စက်ကရိယာ မကျန်းမာဘူး။ ရာသီဥတု ပြင်းထန်တယ်။ အလုပ်သမားရှားတယ်။ အဲဒီတော့ ဘယ်လိုလုပ်သွားပြီးတော့ ဒီအတိုင်းကြည့်နေပြီးတော့ ငွေလေးပံ့ပိုးပေး။ ကိုဗစ်အတွက်ပေးတဲ့ ငွေလေးတွေကို မျိုးစေ့ဖိုး၊ မြေသြဇာဖိုးလောက် ပေးတာလေးနဲ့ အလုပ်မဖြစ်ပါဘူး။

ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။


==Unicode===












မေး ။ ။ ဒီဥစ်စာတှကေ ကိုဗဈ-၁၉ ဖွဈလို့ အလုပျတှတေန့ျနခြေိနျမှာ လုပျရမယ့ျ အလုပျတှပေါ။

